မြောက်ဦးမြို့ရှိစေတီပုထိုးများ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

မြောက်ဦးမြို့ရှိစေတီပုထိုးများ

မြောက်ဦးမြို့ရှိစေတီပုထိုးများ

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, February 6, 2012

၃။ ခြေတော်ရာများ

.ာ၊ မြေငူကျွန်းခြေတော်ရာ) ရခိုင်တို့က ဂေါတမဘုရားရှင် ရခိုင်သို့ကြွချီတော်မူခဲ့စဉ်က ခတ်နိုပ်ပေးခဲ့သောခြေတော်ရာများဖြစ်သည်ဟုယုံကြည်ကြသည်။ ဓည၀တီ ခေတ်တွင် တွေ့ရသည်။
- ကျောက်တုံး၊ ကျောက်နံရံ၊ ကျောက်ချပ်တို့တွင်ထွင်းထုလုပ်ယူရသောခြေရာ
    ဤခြေတော်ရာမှာ ပထမခြေတော်ရာပုံစံကိုအတုယူထွင်းထုထားသောခြေရာဖြစ်သည်။ ကျောက်သားပေါ်၌ တစ်ကြောင်းမျဉ်းဖြင့်ပုံဖော်ထားသည်။မည်သည့်စက်လက်္ခဏာမှမပါရှိပေ၊မြောက်ဦးမြို့နိပူဇာဘုရားစေတီတော်ခြေရင်းရှိ ခြေတော်ရာမျိုးဖြစ်သည်။ ဓည၀တီခေတ်နှောင်းနှင့်ဝေသာလီခေတ်ဦးတို့တွင်တွေ့ရသည်။

- ကြေး၊ သံ၊ ပ()လားတို့ဖြင့် သွန်းလုပ်ထားသောခြေရာ
    ဤခြေတော်ရာမှာသွန်းလုပ်ခြေတော်ရာဖြစ်ပြီး ဝေသာလီနယ်မြေ၌တွေ့ရသည်။ ၀ဲယာနှစ်ဘက်စလုံးတွင် ဆန်းပြားသောစက်လက်္ခဏာများပါရှိသည်။ ခြေတော်ရာအလျားမှာ ၇.၅စင်တီမီတာ၊ အနံ ၃ စင်တီမီတာခန့်ရှိသည်ဟု ဆိုသည်။ ၀ဲဘက်တွင်စက်လက်္ခဏာ ၁၈ ခုပါရှိသည်။ ဝေသာလီခေတ်နှောင်းနှင့်လေးမြို့ခေတ်တို့တွင်တွေ့ရသည်။

- မြေဖုတ်ကျောက်ချပ်၊ အုတ်ခွက်၊ နံရံဆေးရေးပန်းချီ၊ ယွန်းထည် စသည်တို့၌တွေ့ရသောခြေရာ
    ဤခြေတော်ရာသည် သဘာဝအတိုင်းမဟုတ်ဘဲ ဖန်တီးလုပ်ယူထားသောခြေတော်ရာသာဖြစ်သည်။ စက်လက်္ခဏာပေါင်း ၁၀၈ ကွက် ထည့်သွင်းပါရှိသည်။ လေးမြို့ခေတ်နှောင်းနှင့် မြောက်ဦးခေတ်တစ်လျှောက်လုံးမှသည် ယနေ့ကာလအထိတွေ့ရသည်။
အမှတ်စဉ်(၁) ပထမခြေတော်ရာမျိုးကို ဓည၀တီခေတ်တွင်တွေ့ရပြီး ဘာသာရေးဆိုင်ရာယူဆချက်အရ အမှန်တကယ်ပင် ဗုဒ်္ဓဘုရားရှင်၏ ခြေတော်ရာအစစ်ဟု ဗုဒ်္ဓဘာသာဝင်တို့က သက်ဝင်ယူဆကာ အဓိကထားကိုးကွယ်ပူဇော်မှုပြုကြသည်။
    သဗ်္ဗညုတသျှင်တော်မြတ်စွာဘုရားသည် နောင်လာလတ်္တံသော အနာဂတ်ကာလတွင် အမျိုးလေးပါး သတ်္တ၀ါများ၏အကျိုးကိုရှေးရှု၍ မဟာမုနိရုပ်ရှင်တော်မြတ်ကို ကိုယ်ပွားတော်အဖြစ် သွန်းလုပ်ကိုးကွယ်ခွင့်ပြုခဲ့သည်။ ထို့အတူခြေတော်ရာများကိုလည်း နေရာအနှံချပေးခဲ့လေသည်။ ထို့ခြေတော်ရာများတွင်-
၁။ မအီမြစ် အထက်-အောက်ဝဲယာ ခြေတော်ရာနှစ်ဆူ
၂။မယူကမ်းရသေ့တောင်မြို့နယ် မုန်စည်းကျွန်းသာစည်တောင့်ရွာအနီးတွင်တစ်ဆူ
၃။ဂစ်္ဆပနဒိမြစ်ဝ ဖရုံကာကျွန်းတောင်ဘက် ဆံတော်ရှင်စေတီအနီး ပင်လယ်ကမးစပ်၌ တစ်ဆူ။
    အထက်ပါခြေတော်ရာများမှာ ရခိုင်ပြည်နယ်ဒေသ၌ ရှိသောခြေတော်ရာများဖြစ်လေသည်။ ထိုခြေတော်ရာများအနက် မအိမြစ်အတင်းရှိသော ခြေတော်ရာနှစ်ဆူတို့၏ အောက်ခြေတော်ရာမှာ လက်ယာခြေတော်ဖြစ်ပြီး အထက်ခြေတော်ရာသည် လက်ဝဲခြေတော်ရာဖြစ်သည်။ ခြေတော်ရာ၏အတိုင်းအတာသည် အလျား ၃ ပေ ၄ လက်မ ၊ အနံ ၁ ပေ ၄ လက်မ၊ ထုအနက် ၃ လက်မရှိလေသည်။
၎။ မကွေးတိုင်းမင်းဘူးမြို့၊ မန်းချောင်း၌ အထက်- အောက်ခြေတော်ရာ နှစ်ဆူ။
၅။ မြန်မာပြည်မြောက်ပိုင်း ၀နယ်လွိုင်မူတောင်၏ မြောက်ဘက်တောင်စောင်းတွင်တစ်ဆူ။                                ( လည်းကောင်းခြေတော်ရာကို ၀လိုမျိုးတို့သည် တစ်ခြားသူများမလာနိုင်အောင် (မဖျက်ဆှးနိုင်အောင်) အသက်ပေး၍ကာကွယ်ကြောင်းဖြင့် ၁၃၃၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ထုတ်ဓမ်္မဗျူဟာစာစောင်အတွဲ ၈၊ အမှတ် ၆ တွင် ရေးသားတင်ပြခဲ့သည်။
    အထက်ပါခြေတော်ရာများမှာမြန်မာနိုင်ငံပြည်မဘက်နှင့်ရှမ်းပြည်နယ်တွင်တွေ့ရသောခြေတော်ရာများ
ဖြစ်ကြသည်။
၆။ အိနိ္နယနိုင်ငံ ဘုံဘေနယ်မြောက်ပိုင်း နဘဒ်္ဒါမြစ်ထဲတွင်တစ်ဆူ။
၇။ ၄င်းအထက် သစ်္စာတောင်ပေါ်၌တစ်ဆူ။
၈။ အိနိ္နယနိုင်င့မြောကပိုင်း ဥဒယာပြည်နယ်၌တစ်ဆူ။
၉။ပါတလိပုတ်မြို့တော်တောင်ဘက် သီရိဓမ်္မာသောကမင်းကြီး၏ ပထမဦးဆုံးတည်သည့် စေတီတော်မြတ်ကြီး၏ရှေ့တွင်တစ်ဆူ။
၁၀။ သီရိလင်္ကာ(သီဟိုဠ်) နိုင်ငံ သုမနေကုေ-တောင်ထိပ်၌ တစဆူ။
    ဖာဟီယန်ခရီးစဉ်၌ ဂေါတမမြတ်စွာဘုရားရှင်သည် သီဟိုဠ်ကျွန်းသို့ကြွရောက်တော်မူသောအခါ ကြမ်းကြုတ်ဆိုးသွမ်းသော နဂါးကြီးကိုဆုံးမနှိပ်ကွပ်ကယ်ချွတ်တော်မူလိုသည်ဖြစ်၍ ဣဒိ္ဓပါဒ်တန်ခိုးတော်အားဖြင့် မင်းနေပြည်တော်မြောက်ဘက်မှာ ခြေတော်တ်ဖက်ထား၍ အခြားတစ်ဘက်သောခြေတော်ကို တစ်ဆယ့်ငါးယူဇနာ ဝေးကွာသော ဒေဒင်အငူစွန်းတွင်ထားတော်မူလေသည်ဟု ရေးထားလေသည်။
မိမိ၏သမီးချောကိုအမျိုးမြတ်သူ၊ လူရည်သန့်ရုပ်ချောသူ၊ ရဟန်ူးလည်းဖြစ်သူနှင့်ပေးစားလိုသော ကုရုရာဇ်တိုင်း ကမ်္မာသဓမ်္မနိဂုံးရွာတွင်နေထိုင်သည့် မာဂဏ္ဌီပုဏ်္ဏားသည် သမက်လောင်းကိုလိုက်ရှာရာ ဂေါတမဘုရားရှင်နှင့် ရွာဝင်တံခါးဝတွင်တွေ့သည်။ ဘုရားကိုတွေ့သောအခါ သူလိုလားနေသောသမကလောင်းကိုတွေ့ပြီဟူ၍ ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ပုဏ်္ဏားမကိုခေါ်ပြရန်ရွာအတွင်းသို့ပြန်သွားသည်။ ထူအခါမြတ်စွာဘုရားရှင်သည် မာဂဏ်္ဏီပုဏ်္ဏားကို ဆုံးမလိုသဖြင့် ရွာတံခါးမြေပြင်ထက်၌ ခြေတော်ရာချထားခဲ့သည်ဟု ဗုဒ်္ဓကျမ်းဂန် ဓမ်္မပဒအဋ္ဌကထာ၌ပြဆိုထားသည်။
    မြတ်စွာဘုရား၏ခြေတော်ရာမှာထင်လေ့မရှိချေ။ လူသတ်္တ၀ါတို့ကျွတ်လွတ်ရေးကိုမြင်တော်မူမှသာ တန်ခိုးတော်ဖြင့် ခြေတောရာချ(ထင်)စေခဲ့သည်ဟု ဆုသည်။ မြတ်စွာဘုရား၏ခြေတော်ရာသည် ပုတုဇဉ်လူသားကဲ့သို့ ခွက်နေ၊ ကောက်နေ၊ ချိုင့်နေခြင်းမရှိချေ။ တစ်ပြေးတည်းညီညာလျက် လက်္ခဏာများအပြည့်ပါရှိတတ်သည်ဟုဆိုသည်။
ဇမ်္ဗူမှာဒွေး၊ ယာမှာဧဟူသောဆိုရိုးစကားရှိသ်ည။ အဓိပ်္ပာယ်မှာ ဇမ်္ဗူဒိတ်ကျွန်းတွင် လက်ဝဲ/လက်ယာ ခြေတော်ဆူနှစ်မျိုးရှိကြောင်းကို ဆိုလိုသည်။ ယာမှာ ဧအရ လက်ဝဲခြေတော်ရာပေါင်းမည်မျှပင်ရှိပါစေ လက်ယာခြေတော်ရာမှာ တစ်ဆူသာရှိသည်။
    ထို့ကြောင့်ဇမ်္ဗူဒိတ်ကျွန်းတစ်ခုလုံးတွင် လက်ယာခြေတော်ရာသည် ရခိုင်ပြည်မအီမြစ်အတွင်း မဏီသေလ ကျောက်ဆောင်ပေါ်၌ တစ်ဆူတည်းသာရှိကြောင်းသိရသည်။
မောင်းတောမြို့နယ်မယူတောင်(မင်္ဂလာတောင်)ထိပ်၌ ဖနောင့်တော်ရာ တစ်ဆူရှိသည်ဟုလည်းသိရသည်။
    ရိုးတော်စေတီမြတ်တည်ရခြင်းအကြောင်းမှာ ဂေါတမဗုဒ်္ဓရှင်တော်မြတ်သည် ဘုရားမဖြစ်မီ ရွှေဥဒေါင်းဘ၀ဖြင့် ဒေါင်းငါးရာကိုခြံရံ၍ ကာသိရတောင်တန်းတွင် စံပျော်တော်မူခဲ့ပြီး ၄င်းတော်ငတန်းတွင် ပင်ဘ၀ပြောင်းကာ လည်းရိုးတော်ဓါတ်ကိန်းဝပ်ကျန်ခဲ့သည်။ အလောင်းတော်ဘုရားဖြစ်ပြိး ရခိုင်စန်္ဒသူရိယမင်းလက်ထက်သက်္ကရာဇ် ၁၂၃ ခုတွင် ရဟန်္တာငါးရာခြံရံ၍ ရက်္ခာပူရ ရခိုင်သို့ ဒေသစာရီကြွချီတော်မူလာရာ (ဂစ်္ဆပနဒီ) ကုလားတန်မြစ်ဖျားအနီး ရှေ့ဘက်ကမ်းသေလာဂီရိ ကျောက်တော်တောင်ထိပ်၌ (ကျောက်တော်မြို့အရှေ့ဘက် ကျောက်တော်တောင်) ရပ်တန့်တော်မူပြီး ညီတော်အာနန်္တာအား ဗျာဒိတ်မြွတ်ကြားတော်မူလေသည်။ ထိုသို့မြွတ်ကြားတော်မူရာတွင် ဘုရားမဖြစ်မီ ဥဒေါင်းဘ၀က စွပျောခဲ့သော ကာသိရတော်ငထိပ်၌ လ်ညးရိုးတော်ဓာတ် ကိန်းအောင်း၍ ၄င်းဓါတ်တော်ကို စေတီတည်ထားကိုးကွယ်ကြလတ်္တံဟု မြွတ်ကြားခဲ့ကြောုင်း ရာဇ၀င်များကဆိုထားပါသည်။ ယင်းကြောင့် ၄င်းတောင်ထိပ်တွင် စေတီတည်ထားကိုးကွယ်ကြ၍ လည်ရိုးတော်ဓာတ်စေတီဟုခေါ်တွင်ပါသည်။
လျောင်းတော်မူဘုရားကြိးမှာလည်း ကြီးကျယ်လှသည်။ ဘုရားရင်ပြင်တွင် ဘုရားနိပါတ်တော်ဖြစ်စဉ်ကို ရုပ်လုံးများဖြင့်သရုပ်ဖော်ထားပါသည်။ ဘုရားကြီးမှာနှစ်ပေါင်း ၇၀ ကျော်ခန့်ရှိပြီဟုဆိုထာုးပါသည်။ ယင်းဘုရားကြိးသည် လေမုန်တိုင်းဒဏ်ကြောင့် ၁၉၆၈ ခုနှစ်တွင်အကြီးအကျယ်ပျက်စီးခဲ့ရသ်ည။
ရခိုင်ပြည်နယ် မဟာမုနိသျှင်ပင်
    ရခိုင်ပြည်နယ် မဟာမူနိသျှင်တော်မြတ်သည် ကျောက်တော်မြို့အရှေ့ဘက် ၁၀ မိုင်ကျော်ခန့်ကွာဝေးသောနေရာ ဓည၀တီမြို့ဟောင်းအနီး သီရိဂုတ်္တတောင်ကုန်းပေါ်တွင်တည်ရှိပါသည်။
ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက စန်္ဒသူရိယမင်းလက်ထက် သက်္ကရာဇ် ၁၂၃ တွင် ဘုရားရှင်သည် ရခိုင်ပြည်သို့ ဒေသစာရီကြွချီတော်မူလာခဲ့သည်။     ထိုအခါ စန်္ဒသူရိယမင်း၏တောင်းပန်လျှောက်ထားချက်အရ ၄င်းနှစ် သက်္ကရာဇ် ကဆုန်လပြည့်ဗုဓ်္ဓဟူးနေ့ညနေချိန်မှစ၍ ဘုရားရှင်၏ခုနှစ်လက်ခုတ်သောရင်ငွေ့တော်ကို ထည့်ကာ သွန်းလုပ်ထားရာ ဘုရားရှင်နှင့် တစ်ဆံခြည်မျှင်မျှမယွင်းတူသော မဟာမူနိသျှင်တော်မြတ်ကို နတ်သိကြားအကူအညီဖြင့် သွန်းလုပ်ပြီးလေသည်ဟုဆိုလေ၏။
    တစ်ချို့သုတေသီများအဆိုအရ မဟာမုနိသျှင်တော်မြတ်ကို ကယိပွား ၃၂ ပါးထိအောင် သွန်းလုပ်ခဲ့ကြောင်း သိရပေသည်။ သို့သော်ယခုအခါ မဟာမုနိသျွှင်တော်မြတ်အစစ် ဟုတ်မဟုတ် ၀ိဝါဒကွဲပြားစရာ သုးဆူကိုသာ တွေ့ရပါသေးသည်။ ရခိုင်ပြည်နယ် မဟာမြတ်မုနိသျှင်တော်မြတ်ဘုရားတစ်ဆူနှင့် မန်္တလေးမြို့ မဟာမုနိဘုရားပေါင်း နှစ်ဆူနှင့် မြို့ဟောင်း(မြောက်ဦး)ရှိ ဘုရားပေါ်ဘုရားတစ်ဆူတို့ဖြစ်ပါသည်။
ရခိုင်ပြည်နယ်မဟာမိုနသျှင်တော်မြတ်မှာ စန်္ဒသူရိယမင်းလက်ထက် ဘုရားသျှင်ကိုယ်စား သွန်းလုပ်ခဲ့သော သီရိဂုတ်္တရတောင်ကုန်းပေါ် သိမ်တော်ကြိးထဲပင်ရှိပါသ်ည။ ဤ သျှင်တော်မြတ်သည် တာဝတိံသာစူဠာမဏိနှင့် တစ်တန်းတစ်စားထဲထား၍ မုနိရှစ်ဆူတွင်အပါအ၀င်ထားခြင်းခံရသောဘုရားဖြစ်သည်။
    မြို့ဟောင်းမြို့ရှိဘုရားပေါ်မှ ရေထဲမှရသော ဘုရားဖြစ်သည်။ ဓည၀တီရာဇ၀င်၌ သက်္ကရာဇ် ၁၁၄၆ ခုတွင် အင်းဝဘုရင်၏ သားတော်အိမ်ရှေ့ဥပရာဇာသ်ည ရခိုင်ပြည်မှ ဘုရားရှင်ကိုယ်စား သွန်းလုပ်ခဲ့သော မဟာမုနိရုပ်ပွားတော်မြတ်အစစ်ကို ပင့်ဆောင်ရန် ဗိုလ်မင်းသီရိကျောထင်ကိုစေလွှတ်ခဲ့သည်။ ၁၁၄၆ ခု ၊ တပို့တွဲလဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် မဟာမြတ်မုနိသျှင်တော်မြတ်ကို ပင်ဆော်င၍ ချောင်းဆိပ်၌ ဖောင်တော်ထက်တွင်တင်သောအခါ ဖောင်တော်အလိုအလျှောက်ပြိုကွဲပြီး ဘုရားရှင်လည်း ရေထဲပျောက်ကွယ် သွားလေပြီဟု ဆိုလေသည်။
မန်္တလေးရှိဘုရားနှင့် မြို့ဟော်င်းရှိ ဘုရားတို့မှာ ဥာဏ်တော်အမြင့်နှင့် ခန့်မှန်း ခုနှစ်တောင်၊ လုံးပတ်တူပါသည်။ ဓည၀တီမြို့ဟော်ငးအနီးရှိ သီရိဂုတ်္တရကုန်းပေါ်ရှိမဟာမြတ်မုနိရှင်တော်မြတ်မှာ ကိုယ်ထည်လုံးပတ်သေးငယ်ပြီး ဥာဏ်တော်လည်းနိမ့်ပါသည်။ သပ်္ပာယ်မှုအဆင်အယင်မှာ သီရိဂုတ်္တရတောင်ကုန်းရှိမဟာမြတ်မုနိဘုရားနှင့် မန်္တလေးရှိဘုရားတို့မှာ ဆင်တူပါသည်။
    ရခိုင်ပြည်နယ် မဟာမြတ်မုနိဘုရားတည်ရာ သိမ်တော်ကြီးမှာ နန်းတော်ပြဿဒ်ကဲ့သို့ပင်ဖြစ်သည်။ သိမ်တော်၏တောင်ဘက်ထောင့်တွင် အလွန်ကြီးမားသော ယတြာခေါင်းလောင်းတစ်လုံးရှိပါသည်။ ထိုခေါင်းလောင်း ထဲသို့ဝင်ပြီး လူအများဧယာဉ်ကျူးကာ အသံလှူခြင်းများပြုကြပါသည်။













xxxxxဝေသာလီxxxxx
ဝေသာလီမြို့ကျောက်လှေကားမြို့တော်သည် စစ်တွေမြို့၏ အရှေမြောက်ဘက်တွင် မြို့ဟောင်း(မြောက်ဦး)မြို့မှ မြောက်ဘက် ၆ မိုင်ခန့်အကွာတွင်တည်ရှိသည်။
    ကျောက်လှေခါးမြို့တော်သည် ဝေသာလီဒုတိယမြို့တော်ဖြစ်သည်။ ပထမဝေသာလီမြို့တော်သည် ဂေါတမဗူဒ်္ဓနှင့် ခရစ်တော်မပေါ်မိ နှစ်ပေါင်းများစွာကပ်င ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။ ဒုတိယဝေသာလီကျောက်လှေကားမြို့တော်သည် ဒုတိယဓည၀တီပျက်သုန်းပြီနောက် သက်္ကရာဇ် ၂၄၉ အေဒိ ၃၂၀ ခန့်တွင် ဓည၀တီမြို့တော်၏ နောက်ဆုံးမင်းဖြစ်သော သူရိယကေတုရာဇာ၏ သားတော် မဟာစဲန်္ဒြားမင်းပြန်လည်မွမ်းမံတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဤမြို့တော်သည် အေဒီ ၃၂၀မှ အေဒီ ၉၅၇ခုအထိ တည်တံ့ခဲ့သည်။ ယခုအခါ ဖရိုဖရဲပြိုကွဲပျက်စီးနေသည့် ကျောက်လှေကား၊ မုခ်တံတိုင်း၊ နန်းတော်ရာ၊ စေတီပုထိုး၊ ဘုရားအကျိုးအပဲ့ အပိုင်းအစများကို များစွာတွေ့မြင်ရသည်။
ဝေသာလီကျောက်လှေကားဟုခေါ်တွင်ရခြင်းမှာ မြို့တော်တောင်ဘက်တွင် နက်ရှိုင်းကျယ်ပြန့်သော ချောင်းကမ်းပါးတစ်လျှောက်၌ ကျောက်တုံးကျောက်ချပ်များဖြင့် ချောင်းကမ်းစပ်မှ မြု့တော်အရောက်အထိ ဖော်ကလုပ်ထားသောကျောက်လှေကားရှိသည်။ ထုကျောက်လှေကားကိုအစွဲပြု၍ ဝေသာလီကျောက်လှေကားမြို့တော်ဟု ခေါ်ခြင်းဖြစ်သည်။မြောက်ဘက်နန်းတော်ရာမုခ်ဘက်မှ ယခုဝေသာလီကျေးရွာထဲသို့ဝင်သွားရာ မြောက်ဘက်မုခ်သ်ည ဒါသီအမျိုးအနွယ်များဝငသော မုခ်ဖြစ်ကြောင်းသိရသည်။ မြို့ရိုးတံတိုင်းသုံးထပ်ရှိသည်။
    ချောင်းစပ်ကျောက်လှေကား၌ ထိုစဉ်အခါက ကမ်္ဘာ့အရှေ့အနောက်တိုင်းများစွာတို့မှ ပင်လယ်ကူးရွက် သင်္ဘောကြီးများ လာရောက်ဆိုက်ကပ်ခဲ့သည်။ တစ်နှစ်တွင် တစ်ထော်ငခန့်ဆိုက်ကပ်ကြောင်းသမိုင်းများတွင် မှတ်တမ်းတင်ခဲ့ကြောင်းလည်းသိရသည်။ ထိုအချိန်က နိုင်ငံခြားဆက်သွယ်ရေး၊ ရောင်းဝယ်ဖောက်ကားမှုများ၊ ဥစ်္စာငွေကြေးလွန်စွာသာယာခဲ့ကြောင်း ခန့်မှန်းရပေသည်။ ထိုအချိန်က ဝေသာလီမြို့တော်သည် အရှေ့တောင်အာရှတွင် အလွန်ထင်ရှားခဲ့ကြောင်းလည်း ပေါတူဂီဘုန်းကြီး မင်နရစ်၏မှတ်တမ်းတွင်တွေ့ရပေသည်။
အာနန်္ဒာကျောက်စာကိုလေ့လာခြင်အားဖြင့် ဝေသာလီမြို့ကို မဟာစဲန်္ဒြမင်းတည်ခဲ့ကြောင်းသိရပေသည်။ ၄င်းကျောက်စာသည် ရခိုင်ပြည်သမိုင်းတွင်အရေးပါဆုံးကျောက်စာလည်းဖြစ်သည်။ ယခုအခါ ထိုကျောက်စာကို မြို့ဟောင်း(မြောကဦး)ရျိသျှစ်သောင်းဘုရားတက်လမ်းတွင်ထားရှိသည်။
    မဟာစန်္ဒြမင်းနှင့် မိဖုရား သုပတာဒေ၀ီတို့တည်ထားခဲ့သော ဝေသာလီဘုရားကြီးအား ဖူးမြော်ကြပါသည်။ ရာဇ၀င်များအရ သုပတာဒေ၀ီသည် မြောက်ပိုင်း အိန်္ဒယမှ သကဗုဏီရုပ်ရှင်တော်ကိုဝေသာလီသို့ ပင့်ဆောင်လာခဲ့ရာ လမ်းခရီး၌ သီဥ့သိုးထောင့်ဝဲတွင် ရုပ်ရှင်တော်နှစ်မြှပ်ခဲ့သဖြင့် ကိုယ်စားတော်အဖြစ် ဝေသာလီဘုရားကြီးကို တည်ခဲ့ခြင်းဖြစ်ပါသည်။ ကျောက်တစ်လုံးထဲမှ ထွင်းထုခြင်းဖြစ်ပါသည်။ ကျောက်တုံးကျောက်ပြားကျောက်နံရံတို့တွင် ကျောက်ပန်းကျောက်နွယ်များနှင့် ရုပ်လုံးရုပ်ကြွများ၊ အက်္ခရာများထွင်းထုခဲ့သည်ကို ယနေ့တိုင်တွေ့ရသဖြင့် ထိုခေတ်က ယဉ်ကျေးမှုအဆင့်အတန်းမည်မျှမြင့်သည်ကို ခန့်မှန်းနိုင်ပါသည်။
ဝေသာလီခေတ်သည် သီလ၀န်၊ဂုဏ၀န်ပုဂ်္ဂိလ်များ၊ ရဟန်းသံဃာတော်များနှင့်ပြည့်စုံပြီး သာယာအေးချမ်းသော တိုင်းပြည်ဖြစ်ခဲ့သည်။ အာနန်္ဒစန်္ဒြာမင်းလက်ထက်တွင် ပဉ်္စမသင်္ဂါယနာတင်ခဲ့ကြောင်းလေ့လာခြင်းဖြင့် ထိုအချိန်မတိုင်မှကပ်င ရခိုင်ပြည်တွင် ဗုဒ်္ဓဘာသာလွန်စွာတိုးတက်ခဲ့ကြောင်းသိနိုင်သည်။ ဝေသာလီခေတ်သည် မှန်ကန်သော ဗုဒ်္ဓသာသနာတော်ထွန်းကားခဲ့သောခေတ်ဖြစ်သည်။
    ဝေသာလီကျောက်လှေကားမြို့မှရသော ကြေးနိဆီမီးခွက်သည် အလွန်ထင်ရှားသည်။ ဝေသာလီဘုရားကြိးရှေ့တွင် အမြဲမပြတ်ထွန်းညှိခဲ့သော ဆီမီးခွက်ဖြစ်ဟန်တူသည်။ ၀ါချည်မျှင်ကို ကျစ်ပြီးမီးစာအဖြစ် သုံးပြိး နို့ထောပတ်ကု လောင်စာအဖြစ် မကြာမကြာထည့်ပေးရသ်ညဟု သိရသည်။ ကြေးရုပ်အောက်ခုံခြေရင်းမှ ထိပ်စွန်းကုးလက်မမြင့်သ်ည်။ အရုပ်မှာမိန်းမတစ်ဦး၏ အရုပ်ဖြစ်၍လက်နှစ်ဘက်ကိုတစ်ညီတစ်ညွတ်တည်း ရှေ့သို့ဆန့်တန်းထားပြီး ဘူးသီးပုံသဏ္ဌာန် ကြေးဆီမီးခွက်ကိုကိုင်ထားသည်။
ဝေသာလီခေတ်တွင် စာပေယဉ်ကျေးမှုတေးဂီတအနေဖြင့် မည်မျှထွန်းကားခဲ့ကြောင်းကို ရက်္ခ၀ဏ်္ဏအက်္ခရာနှင့် ပတ်သက်၍ ကျောက်စာ၊ ခေါင်းလောင်းစာ၊ ဆီမီးခွက်စာ၊ ပုရပိုက်စာ၊ က၀ိဂန်္ဓကျမ်း၊ ဗိသုကာကျမ်း၊ ရွှေပျဉ်းဓမ်္မသတ်၊နက်္ခတ်ကျမ်း၊ ဗုဒ်္ဓစာပေများ၊ လျှောက်ထုံးများ၊ လှေတော်သံ၊ ပု့ပြင်များ၊ သာခြင်း၊ ဇမ်း၊ စကားပင့်၊ ဗျာကပ်များ၊ ပင်းခူ၊ သံချပ်ကြိး၊ စည်၊ ဒုံး၊ သာစွလေ၊ နဂါးအက၊ ဆတောက်မိုးအက၊ တုးနယားအက၊ သျှင်ဒိုင်အက၊ ဗုဒေ်္ဓပူဇနိယအကများကို လေ့လာခြင်းဖြင့်သိရပါသည်။

၂။ သင်္ကေတလကဏာ


&cdkifjynfa'owGifjrwfpGmbk&m;udk,fpm;tjzpfukd;uG,fqnf;uyfonfUoauFwvu©PmtrSwftom;rsm;udk vnf; awGU&ygonf/4iff;wdkUrSm 1=aAm'dyif 2="r®pMum 3=xlyg 4=Mumyef;wdkUjzpfygonf/ aAm'dyifrSm bk&m;yGifhawmfrlaom tyifjzpívnf;aumif;? "r®pMumykHrSm tOD;qkH;a[maom w&m;awmjzpfonfh "r®puúy0wÅeokwfawmfudk&nfñTef;NyD;? xlyg&kHrSm bk&m;&Sify&dedAÁmefjyKonfudk udk,fpm;jyKygonf/ Mumyef;rSm bkk&m;&SifarG;zGm;jcif;udkt"dyÜm,fazmfaqmifygonf/ trsm;qkH;awGU&onfrSm Mumyef;jzpfygonf/ þodkUoauFwtrSwftom;jzifhxkvkyfudk;uG,frItaomurif;vufxufu pwifcJUonf[kqkdygonf/

- yxrqkH;aom &kyfyGm;awmf
bk&m;&Sifoufawmfxif&Sm;&dSpOftcgumvrSpí&kyfyGm;qif;wkawmfxkvkyfudk;uG,fvmcJUonfqkdaomtcsufESifhywfoufí 0D0g'yGm;rSkrsm;vnf;&dSygao;onf/ wcsdKUaomokawoDwdkUu xkvkyfcJUonf[kjyNyD;? wcsdKUuxkvkyfrSkr&SdaMumif; qdkxm;ygonf/ (&ckdif&mZ0ifordkif;wkdUwGifum; pE´ol&d,rif;vufxufü r[mrked&kyf&Sifawmfjrwfonfbk&m;&Sifudk,fwdkif &ifaiGUawmfoGif;NyD; oGef;vkyfcJUaom&kyfyGm;awmjfzpfaMumif;ausmufpm? aypm? vuFmrsm;t& tckdiftrmjyqdkxm;ygonf) wcsdKUokawoDwdkUu at'D 1 &mpkcefUwGifrS xkvkyfudk;uG,fvmcJUMuonf[kqdkygonf/
        avmuynwdåusrf;? q*wd'DyeDusrf;wdkUüvnf; [m&Drnfaomewfrdzk&m;ESifh ra[mo&rnfaom vrÁeDewfrif;wdkUonf Ak'¨&Sifawmfjrwfbk&m;\&kyfwkawmfudk zefqif;íudk;uG,faMumif;yg&dSavonf/
Ak'¨bmomw&kwf&[ef;awmfyg[D,efc&D;pOfrSwfwrf;üvnf;bk&m;&Sifukd,fawmfjrwfonf r,fawmfjzpfcJUbl;onfhoEÅKóDuewfom;tm; w&m;a[mawmfrl&ef wm0wd Hewfjynfü 0gqdkawmfrlcJUonf/xdkpOftcg yaoe'Daumorif;BuD;onfAk'¨awmfjrwfbk&m;ESifhuGJuGmaecJU&ízl;jrifcGifUr& jzpfcJU&ygonf/
        xdkUaMumifha*god&awmifrS u&rufom;udk bk&m;&Sifudk,fpm;&kyfyGm;awmfxkvkyfNyD;vQif bk&m;&Sif udk,fawmfjrwfoDwif;okHH;awmfrlNrJjzpfaomae&müxm;íudk;uG,fylaZmfavonff/ t&Sifbk&m;udk,fawmfjrwfonf y&dedAÁmefpHawmfrlonf&dSaomf udk;uG,f&mr&dSjzpfygawmUrnfbk&m;? udk,fawmfjrwf\ &kyfwkawmfudk jyKjyifjcif;iSmcGifhjyKawmfrlyg[k avQmufxm;\ xdktcg jrwfpGmbk&m;&Sifu rif;BuD;-tMuifolonf tm;ESifhavsmfpGm ajrpdkifpaom wpfpkHwpfckaom 0wåKjzifh igbk&m;\&kyfwkawmfudk tBuD;ti,fxkvkyftyfonfcsnf;[k rdefYawmfrlNyD;í (0¥*Fkvd&mZZwfawmf)udka[mawmfrl\/ xkdodkUbk&m;&SifrdefUMum;csufukdMum;em&NyD;aemuf aumovrif;BuD;onf bk&m;&SifxHrSjyefvmcJUNyD;aemuf pE´ul;ESpfudk &kyfxkjyKvkyfí udk;uG,faMumif;udk od&dS&ygonf/

၁။ သာသနာ့အောင်လံတော်

ဗုဒ်္ဓသာသနာဝင်တိုင်း အသုံးပြုနေကြသော သာသနာအောင်လဲတော်ကို ခရစ်သက်္ကရာဇ် ၁၈၈၅ခုနှစ် သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံတွင် ဗုဒ်္ဓနေ့ (ကဆုန်လပြည့်)ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန်စီစဉ်ပြင်ဆင်ရာမှ စ၍ကြံစည်ခဲ့ကြလေသည်။
    ကမ်္ဘာ့ဗုဒ်္ဓသာသနာဝင်အားလုံး လိုက်နာကျင့်သုံးနိုင်ကြမည့် ဗုဒ်္ဓအောင်လံတော်မျိုးတစ်ခုရှိသင့်ကြောင်းနှင့် အောင်လံတော်၏အရော်ငမှာ ဗုဒ်္ဓနှင့်သက်ဆိုင်သည့် ရောင်ခြည်သွယ်ခြောက်မျိုးသာဖြစ်သင့်ကြောင်းကို အမေရိကန်ဗိုလ်ချုပ်ကြီး ဟင်နရီစတီ(လ်)ကော့က အကြံပေးတင်ပြခဲ့ပေသည်။ ထိုအကြံပေးချက်ကို သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံလုံးဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော် အသျှင်သိရိသုဓမ်္မထေရ်ကလည်း လက်ခံခဲ့ပြီး ခရစ်သက်္ကရာဇ် ၁၉၅၀ခုနှစ်ပြည့်သို့ရောက်သောအခါ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံလုံးဆိုင်ရာ ဗုဒ်္ဓသာသနာကွန်ကရက်အဖွဲ့ကြီး၏ ဥက်္ကဖြစ်သော ဒေါက်တာပီဂီမာလာတာ ဆေကရက်ကဦးဆောင်၍ တစ်ကမ်္ဘာလုံးဆိုင်ရာ ဗုဒ်္ဓသာသနာ ကွန်ကရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်ပြီး ထိုအစည်းအဝေးမှ ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်ယင်အပ်သည့် သာသနာအောင်လံတော်ကိုအဆိုတင်ထောက်ခံအတည်ပြုခဲ့ကြသည်။ သက်္ကရာဇ် ၁၉၅၁ခုနှစ်တွင်ဗုဒ်္ကသာသနာဝင်နီုင်ငံတိုင်းက စတင်၍ အသုံးပြုခဲ့ကြသည်မှာ မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်သည်။
အောင်လံ၏အရောင်ကို ရောင်ခြည်တော်ခြောက်သွယ်အထိမ်းအမှတ်အတိုင်း အောင်လံ၏တိုင်ဘက်မှစ၍ (၁) နီလ=အပြာရင့်ရောင် (၂) ပီတ=အ၀ါရောင် (၃) လောဟိတ= အနီရောင်(၄) သြဒါတ=အဖြူရောင် (၅)မဇ္ဈိဠ=အနီနှင့်အ၀ါရောသည့် လိမေ်္မ်ာရောင်တို့ကိုထောင်ထားပြီး (၆)ပဘာသရ= ပြိုးပြိုးပြက်ပြက်တလက်လက် ထွက်သည့် ရောင်ခြည်တော်အဖြစ် အောင်လံ၏အစွန်ဖျားအပေါ်(အထက်)ဘက်မှစ၍ အပြာအ၀ါအနီအဖြူ၊ လိမေ်္မ်ာရောင်တို့ကို အစဉ်အတိုင်းအောက်ဘက်သို့ထားရှိကာ ချုပ်လုပ်ရသည်။ အကြီးအငယ်အလျားအနံပမာဏမှာ (၁) အလျား ၆ ပေ အနဲ ၃ပေ ၄ လက်မ (၂) အလျား ၅ပေ ၄ လက်မ၊ အနံ ၂ပေ ၆ လက်မ (၃) အလျား ၃ ပေ                ၆ လက်မ ၊  အနံ ၂ ပေ (၄) အလျား ၃ ပေ အနံ ၁ ပေ ၄ လကမခွဲ (၅) အလျား ၂ ပေ အနံ ၁ ပေ ၄ လက်မခွဲ ဟူ၍အမျိုးအစားပမာဏထာရသည်။

(ဂ)စေတီလေးမျိုး

၁။ သာရီရိက(ဓာတု)စေတီ= ဘုရားရှင်ရဟန်္တာတို့၏ ဓာတ်တော်မွေတော်များကို ဌာပနာထား၍ တည်ထားပြုလုပ်ကိုးကွယ်သော စေတီဟုခေါ်ပါသည်။
၂၊၊ ဓမ်္မစေတီ= ပ-စ်္စသမဟ်္ပပါဠိစသော ပါဠိတော်များကို ခေါ်သည်၊ ပ-ကတ်သုံးသွယ်၊ နိကာယ်ငါးရပ်တည်းဟူသော ဓမ်္မက်္ခရှစ်သောင်းလေးထောင်တို့ပင်ဖြစ်သည်။
၃။ပရိဘောဂစေတီ=မဟာဗေဓိပင်နှင့် ဘုရားရှင်၏အသုံးအဆောင်ဌာပနာများ တည်ထားပြုလုပ်သောစေတီကိုခေါ်သည်။
၎။ဥဒိ္ဒပစေတီ= ဗုဒ်္ဓမြတ်စွာဘုရား၏ပုံတော်၊ ဆင်းတုတော်များကိုခေါ်သည်။
တချို့သောပုဂိ္ဂုလ်တို့က ဗုဒ်္ဓဆင်းတုတော်ကို ကိုးကွယ်အပ်သောစေတီတစ်ဆူအဖြစ် ဘုရားရှင်မဟောကြားခဲ့ကြောင်း၊ သင်္ဂါယနာတင်ပ-ကတ်ကျမ်းဂန်တို့၌လည်းမပါကြောင်း ပြဆိုကြသည်။ ဘုရားရှင်လက်ထက်၌ ဘုရားရုပ်တု၊ ထုလုပ်ကိုးကွယ်မှု မရှိကြောင်း၊ ခရစ်နှစ်(၁)ရာစုသို့ ရောက်လာမှသာ ယောနက(ဥရောပ) တိုင်းသား ဗုဒ်္ဓဘာသာရဟန်း ယွန်းလူမျိုးတို့ စတင်ထုလုပ်ကိုးကွယ်ကြောင်း၊ အကျယ်တ၀င့်ရှင်းပြထားပါသည်။ တချို့သမိုင်းဆရာတို့ကလည်း အဌကထာကျမ်းပြုပုဂိ္ဂုလ်တို့၏ လက်ထက်ကျရောက်ခါမှ ဗုဒ်္ဓရုပ်တုတော်ကို ထုလုပ်ကိုးကွယ်မှု ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။
စန်္ဒသူရိယမင်း၏တောင့်တချက်အရ ရခိုင်ပြည် ဓည၀တီသို့ ဘုရားရှင်ကိုယ်တော်တိုင် ကြွလာစဉ်တွင် ဂစ်္ဆပနဒီမြစ်အရှေ့ဘက်သေလာဂီရိ(ကျောက်တော်တော်) တွင် ခေတ်္တရပ်နားစဉ် ဗျာဒိတ်ပေးခွန်းကို လေ့လာခြင်းဖြင့် လည်းကောင်း၊ သရီရိက(ဓာတု) စေတီတည်ထားကိုးကွယ်ရခြင်းသဘောကို သိနိုင်ပေသည်။
    ဗုဒ်္ဓဘုရား၏ပုံဆင်းတုတော်များကို တည်ထားကိုးကွယ်သည့် ဥဒ်္ဒိသကစေတီကို ဘုရားရှင်သက်တော် ထင်ရှားရှိစဉ် တည်ထားကိုးကွယ်ခြင်းမရှိဟုဆိုသော်လည်း ဘုရားရှင် ရခိုင်ပြည် ဓည၀တီသို့ကြွရောက်သည့်အခါ စန်္ဒသူရိယဘုရင်၏ လျှောက်ထားတောင်းပန်ချက်အရ ကိုယ်စားတော် မဟာမုနိရုပ်ပွားတော်အား သွန်းလုပ်တည်ထား ကိုးကွယ်ခဲ့သည်ဟု ရခိုင်သမိုင်းကျောက်စာက အခိုင်အမာပြဆိုထားသည်။
ဗုဒ်္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန်္တုဿတနတ်သားအား တရားဟောရန် ကြွသွားသည့်အခါ ပဿနဒီကောသမင်းကြီးသည် ဗုဒ်္ဓြမတ်စွာဘုရားရှင်နှင့်ရက်ရှည်စွာ ကွဲကွာနေရ၍ ဖူးမြင်ခွင့်မရသောကြောင့် ဂေါသိရတောင်မှ ကရမက်သားကိုဘုရားရှင်ကိုယ်စား ရုပ်ပွားတော်ထုလုပ်ခဲ့သည့် သာဓကများလည်း ဗုဒ်္ဓကျမ်းဂန်တို့၌ခိုင်မာစွာပြဆိုထားပေသည်။
    ကျီးသဲလေးထပ်ဆရာတော်၏ဇမ်္ဗူဒီပစာတမ်းတွင် မဟေသာရနတ်က ဘုရားကို ကိုးကွယ်သူအဖြစ် ရောက်ပြီးနောက် ၄င်းနေရာမန်္ဓာဂီရိတောင်၌ရုပ်ပွားသဏ္ဌာန်ကို ဖန်ဆင်းထုလုပ်၌ ကိုးကွယ်ခွင့်တောင်းလေသည်။ ဘုရားရှင်က ခွင့်ပြုခဲ့ရာ ဂန်္ဓက-တွင်ဘုရားရှင်၏ရုပ်သွင်ဆင်းတုတော်ကို သက်တော်ထင်ရှားရှိသကဲ့ပြုလုပ်၍ အစဉ်ကိုးကွယ်ထားလေသည်ဟုဆိုထားပါသည်။

(ဃ)ဘုရားပုံရိပ်နှင့် ဗုဒ်္ဓကိုယ်တိုင်တည်သောစေတီ
ဖာဟီယန်ခရီးစဉ်၌ နာရာဟာရပြည်၏တောင်ဘက်ယူဇနာအကွာအဝေးတွင် ပိုးတော်တည်ရှိသည်။ ထိုတောင်၏ဂုကြီးထ၌ ကျောက်ပြားတစ်ချပ်ရှိသည်။ ၄င်းကျောက်ပြားပေါ်တွင် ဗုဒ်္ဓဘုရားရှင်၏အရိပ်တော် တစ်ခုထင်ဟပ်လျက်ရှိသည်။ ထိုအရိပ်၌ လက်္ခဏာတော်ကြီး သုံးဆယ့်နှစ်သွယ်၊ ရှစ်ဆယ်သော လက်္ခဏာငယ်တို့ ပြည့်စုံလျက်ရှိသည်။ ထိုသို့အံ့သြဘွယ်ကောင်းလှသော ဘုရားပုံရိပ်ကို တိုင်းပြည်ရှင်ဘုရင်အပေါင်းတို့သည် ပန်းချီကျော်များကို ရေးကူးခိုင်းပါသော်လည်း မည်သူမျှတူအောင်ရေးကူးနိုင်ခြင်း မစွမ်းနိုင်ဟုရေးထားသည်။ ထိုအရိပ်တော်ပုံမှ အနောက်ဘက်သို့ခြေလှမ်းပေါင်း တစ်ရာကျော်အကွာတွင် ဘုရားရှင်သည် ဆံတော်များရိတ်ပယ်၍ ခြေသည်းလက်သည်းများပယ်တော်မူပြီးလျှင် ထိုနေရာ၌ပင် နောက်ပါတပည့်များနှင့်တကွ ဘုရားရှင်ကိုယ်တော်တိုင် နောင်လာလတ်္တံသောအနာဂတ်ကာလမှာ ကိုးကွယ်ပူဇော်ကြရန် ဘုရားရှင်တို့၏စံနမူနာအဖြစ်အမြင့်ဥာဏ်တော် ပေခုနှစ်ဆယ်လောက်မြင့်သည့်စေတီတစ်ဆူကိုတည်တော်မူသည်။ ၄င်းဘုရားသည် ယနေ့တိုင်အောင် တည်ရှိတော်မူသည်ဟု မျက်မြင်ကိုယ်တွေ့ရေးထားတော်မူသည်။ ထိုအဆိုမှန်ကန်ပါက ယနေ့စေတီတော်မြတ် အပေါင်း၏ပုံသွင်ပြင်သည် ထိုစေတီမှဆင်းသက်လာသောပုံသဏ္ဌာန်သွင်ပြင်များပင်ဖြစ်လေသလားဟုယူဆရသည်။

(ခ) စေတီပုထိုး

စေတီနှင့်ပုထိုးမှာ တစ်ခုနှင့်တစ်ခု အသံခြင်းမတူကြသော်လည်း အနက်အဓိပ်္ပယ်ချင်းအတူတူပင်ဖြစ်ကြောင်း သဒ်္ဒာကျမ်းများ၌ ပြဆိုကြပါသည။ ပညာရှင်များကမူ အောက်ခြေလိုဏ်မုဒ်ပါလျှင် ပုထိုး (ဥပမာ-သျှစ်သောင်း၊ ထုက်္ကံသိမ်၊ အံတော်သိမ်)၊ လိုဏ်မုဒ်မပါလျှင် စေတီ (ဥပမာ- ဦးရာဇ်တော်၊ ဆံတော်ရှင်) ဟူ၍လည်းဆိုကြသည်။ စေတီသည် စိဓာတ်မှဆင်းသက်လာသော ပါဠိ၊ သို့မဟုတ် သက်္က-သက် ဝေါဟာရဖြစ်၍ ပုထိုးသည် သ်္တုဓာတ်မှ ဆင်းသက်လာသော ပါဠိ၊သို့မဟုတ် သက်္က-သက် ဝေါဟာရဖြစ်သည်။စေတီနှင့်ပုထိုးမူရင်းအနက်မှာ အစုအပုံ၊ မို့မောက်သော အရာဖြစ်ပါသည်။ သို့ရာတွင် မူရင်းသဒ်္ဒါအနက်မှ ရည်ရွယ်ရင်းအနက်(ဘာဝတ်္တ) သို့ပြောင်းလဲ၍ စေတီနှင့် ပုထိုးတို့သည် ပူဇော်ရာအရပ်၊ အရိုအသေပြုရာအရပ်တို့ကို ဟောကြပါသည်။ ဗုဒ်္ဓဘာသာဆိုင်ရာ စေတီများ နှင့်ပတ်သက၍ ပထမဆုံးတွေ့ရသောစေတီနှစ်ဆူမှာ တာဝတိ့သာနတ်ပြည်ရှိ စူဠာမဏိစေတီတော်နှင့် ဗြဟ်္မာ့ပြည်ရှိဒုဿမုနိစေတီတို့ဖြစ်ပါသည်။ စူဠာမဏိစေတီမှာ အလောင်းတော်မြတ်၏ ဆံတော်ကိုဌာပနာထားသော စေတီဖြစ်ကြောင်း ဗုဒ်္ဓ၀ံသပါဠိတော၌ လာရှိပါသည်။ ဒုဿမုနိစေတီမှာ အလောင်းတော်မြတ်၏ ပုဆိုးကို ဌာပနာထားသောစေတီဖြစ်ကြောင်း ဇိနလင်္ကာရ-ကာ၌ လာရှိပါသည်။ ဗုဒ်္ဓခေတ်မတိုင်မီ သို့မဟုတ် ဗုဒ်္ဓခေတ်ဦးစေတီများဟုခေါ်၍လည်း ရသည်။

(က)ကိုးကွယ်မှုစတင်ခြင်း




လူသားအပေါင်းတို့သည် ရှေးအခါက ဘေးအန်္တရယ်ကင်းပလိုမှုနှင့် လူမှုဒုက်္ခအပေါင်းမှ လွတ်မြောက်လိုကြသည့်အတွက် မီး၊နတ်၊နေ၊ သဒိ္ဓ-စသည်တို့ကို ကိုးကွယ်ခဲ့ကြသည်။ ဤသို့ ကိုးကွယ်မှုကြောင့် လူသားတို့သည်ဒုက်္ခအပေါင်းမှ လွတ်မြောက်နိုင်ကြသည်ကားမဟုတ်ချေ။ လူသားတို့သည် ထိုသို့ မီး၊ ရေ၊ မြေ၊ တော၊ တောင်၊ နေ၊ လေ၊ နတ်-စသည်တို့ကို ကိုးကွယ်နေဆဲမှာပင် ကိုးကွယ်မှုဘာသာတရားအသစ် ပေါ်ပေါက်လာသည်၊ ထိုဘာသာရပ်အသစ်ကို အခြေသနေ်္ဓပြုခဲ့သူမှာ  ရှင်ဂေါတမမြတ်စွာဘုရားပင်ဖြစ်သည်၊ လူမှုဒုက်္ခအပေါင်းမှ လွတ်မြောက်ရာဖြစ်သော (သနိ္တသုခ) ချမ်းသာအစစ်အမှန်ကိုမရနိုင် လူသားတို့၏ အန်္တရယ်ကို လူသားတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်၊ ရှောင်ကြဉ်ကျင့်ကြံအားထုတ်မှသာလျှင် လူမှုဒုက်္ခအပေါင်းတို့မှ လွတ်မြောက်ရာဖြစ်သော (သနိ္ခသုခ) ချမ်းသာအစစ်အမှန်ကို ရနိုင်ကြမည်ဟု  ကိုယ့်အားကိုယ်ကိုးစနစ်(အတ်္တာဟိအတ်္တနောနာထော) စသည်ဖြင့် ဟောပြောဆုံးမခဲ့ပေသည်။ ကိုးကွယ်မှုဘာသာရေးဖြစ်ပေါ်လာခြင်းအကြောင်းကိုဆန်းစစ်သော် ကျရောက်ဆဲ၊ ကျရောက်လတ်္တံသော ဘေးအန်္တရယ်ကို ကာကွယ်နိုင်ရန် ချမ်းသာအစစ်အမှန်ကို ရလိုရန် ဗုဒ်္ဓလမ်းစဉ် တရားတော်ကို အားကိုးအားထားပြုရာမှ ဗုဒ်္ဓမြတ်စွဘုရားအား ကိုးကွယ်ဆည်းကပ်မှု ဖြစ်လာရသည်။


Monday, January 23, 2012

ဆီမီးခွက်

ဆီမီးခွက်ဆိုသည်မှာ အလွန်ရှေးကျသော  လူသုံးပစ်္စည်းတစ်မျိုး ဖြစ်သည်။ ခွက်တစ်ခွက်တွင် တိရစ်္ဆာန်အမျိုးမျိုး အဆီ၊ ငါးဆီ၊ ဟင်းသီးဟင်းရွက်အဆီ၊ သို့မဟုတ် အပင်တမျိုးမျိုး မှ ထွက်သော အဆီကို ထည့်၍ မီးဇာဖြင့် ထွန်းညှိခြင်း ဖြစ်သည်။  ဘာသာရေးဆိုင်ရာ ပူဇော်မှုတွင် တိရစ်္ဆာန်များ၏ အဆီကို မသုံးဘဲ  ကညင်ဆီ နှင့် နို့မှ ချက်ယူထားသော ထောပတ်ဆီကိုသာ အသုံးပြုကြသည်။ ကမ်္ဘာအရပ်ရပ်တွင် လူမျိုးတိုင်း၊ြာသာတိုင်းတွင် ဘာသာရေးအတွက် ပူဇော်မှုဆိုင်ရာ၌ အဆိုပါဆီမီးကို အလေးထားလေ့ ရှိကြောင်း တွေ့ရသည်။
        ရခိုင်ပြည် ရှေးဦးကာလတွင် ဤနည်းဖြင့် ဗုဒ်္ဓဘုရားရှင်အား ဆီမီးပူဇော်ခဲ့ကြသည်။ ရှေးဟောင်း ဝေသာလီ၊ ဓည၀တီစသော ရှေးဟောင်းမြို့တော်ရာများမှ ရှေးဟောင်းဆီမီးခွက် အမျိုးမျိုးကို တွေ့ရှိခဲ့ရသည်။
        ပထမဆီမီးခွက်မှာ  အာယနာ ဆီမီးခွက် ဖြစ်သည်။  ဤ ဆီမီးခွက်အမြင့်မှာ အောက်ခံခုံ အပါအ၀င် ကိုးလက်မ ရှိသည်။ ထုလုပ်ထားသော အရုပ်မှာ မိန်းမတစ်ဦး၏ ပုံဖြစ်သည်။ လက်နှစ်ကို ရှေ့သို့ ညီညီညာညာဆန့်တန်းပြီး လှံသွားပုံသဏ္ဍာန် တစ်နည်းအားဖြင့် ဘူးသီးနုနုတစ်လုံးကို ထက်ဝက်ပိုင်း ထားပုံဟန် ဆီမီးခွက်ကို ကိုင်ထားပုံ ဖြစ်သည်။
        ဆီမီးခွက်၏ အရှေ့ပိုင်းအစွန်နေရာတွင် မီးစာအစကို တင်ထား၍ မီးညှိရန်ဖြစ်ပြီး ကျန်မီးစာမျှင်ကို ခွက်ထဲတွင် ခွေထားနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ခွက်ထဲတွင် ကညင်ဆီ သို့မဟုတ် နို့တစ်မျိုးမျိုးမှရသော ထောပတ်ဆီကို ထည့်သွင်းအသုံးပြုသည်။
        ကြေးရုပ်မှာ မိန်းမရုပ်ဖြစ်၍ ဆံပင်ကိုထုံးထားသည်။ကြီးမားသော နားရွက်ရှိပြီး ဖြောင့်တန်းသော နှာတံရှိသည်။ မျက်လုံးကြီး၍ မျက်ခွံမို့မောက်နေသည်။  လည်ပင်း၌ ရိုးရိုးပုတီးတစ်ကုံး ဆွဲထားသည်။ လက်မောင်းနှင့် တံတောင်ဆစ်အလည်တွင် အနည်းငယ်ကျယ်ပြန့်သော  လက်ကောက်တစ်ရံ ၀တ်ဆင်ထားသည်။ ခါးတွင် လှပသော ခါးပတ်ကြိုး ၀တ်ဆင်ထားသည်။ ထဘီမှာ ဒူးဆစ်အောက်နားထိရှိပြီး အနားတစ်လျှောက် ကို ပန်းရစ်ပန်းနွယ် အလှအပများဖြင့်ဖော်ထားသည်။ ဆီမီးခွက်၏ အောက်ခြေခုံတွင်             “ အာယနာ ကောင်းမှုတော်” ဟူ၍ ရေးထိုးထားသော စာကြောင်း တွေ့ရသည်။  ဆီမီးခွက်စာတွင် “တော်” ဟူသော  စကားရပ်ကြောင့်  သာမာန်အရပ်သူများ၏ အလှူ မဖြစ်နိုင်ချေ။ ဝေသာလီခေတ် အစောပိုင်း အက်္ခရာ နှင့် မတူညီခြင်း ၊ နောက်ဆုံးမင်း စူဋ္ဌစန်္ဒြမင်း ဒင်္ဂါးစာနှင့် တူခြင်း၊ ဝေသာလီမြို့တော်မှ တွေ့ရှိရခြင်း စသည်အချက်တို့ကြောင်း ဤဆီမီးခွက်မှာ ဝေသာလီနှောင်းခေတ် အေဒီ ၉၀၀ နှင့် ၉၅၀ ကြားတွင် သွန်းလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းပါသည်။

        ဒုတိယဆီမီးခွက်ကို မြောက်ဦး ဝေသာလီသွားလမ်း ဝေသာလီမရောက်မှီ တစ်နေရာမှ ရရှိခဲ့သည်။ ပထမဆီမီးခွက်ထက် အနည်းငယ်နိမ့်သည်။ အောက်ခံခုံခြေရင်းမှ ထိပ်စွန်းအထိ ၄ လက်မ ရှိသည်။
ခေါင်းတွင် သရဖူတစ်ခု ဆောင်းထားပြီး ဆံပင်ကို တရုတ်ကျစ်ဆံမြီးကျစ်ပြီး နောက်ဘက်တွင် တင်ပါးနားထိ ရှည်လျားစွာ ချထားသည်။ မျက်လုံး၊ နှာတံပေါ်လွင်သည်။ မျက်လွှာချထားသည်။ ကြီးမားသော နားတောင်းတစ်ရံ ပန်ဆင်ထားပြီး လည်ပင်း၌ကြုတ်ခွက် (ူသခအေန ) တစ်ခု ဆွဲထားသည်။ လည်ပင်းကျယ်  လက်ကျယ်သော လက်တိုအင်္ကျီ၊ ခြေမျက်စေ့နားထိရှည်သော ဘောင်းဘီရှည်ကို ၀တ်ဆင်ထားကာ ခါးမှ ဒူးဆစ်ထိရှည်သော အ၀တ်စကို ချထားသည်။ ခြေနှစ်ဖက်တို့တွင် ခြေကျင်းများ ၀တ်ဆင်ထားသည်။  ယနေ့ ဆီမီးခွက်ကို မြောက်ဦးမြို့တွင် ရှိသည်။
      
        တတိယဆီမီးခွက် ကို ဓည၀တီမြို့ရွာအနီးဝန်းကျင် မှ တွေ့ရှိရသည်။  ဒုတိယကြေးနီခွက်နှင့် အရွယ်အစားတူသည်။  သူရဲကောင်းမင်းသားပုံ ပြုလုပ်ထားသော ဆီမီးခွက်ပုံ ဖြစ်သည်။ မင်းသားပုံမှာ သံခမောက် နှင့် မျက်နှာဖုံးစွပ်ထားသည်။ ကိုယ်တွင်လည်း ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားပြီး ၄င်း ချပ်ဝန်တန်၏ လည်ပင်း၊ ပခုံး၊ ရင်ဘတ်ပေါ်တွင် လေ၀င်လေပေါက်များ ဖောက်ထားသည်။ ရုပ်ထု၏ အောက်ခြေတွင် ပိရမစ်ပုံရှိပြီး ၄င်းပေါ်တွင် ခြေကိုယှက်၍ မတ်ရပ်အနေအထား ထုလုပ်ထားခြင်းဖြစ်သည်။ ၀တ်လဲတော် လုံခြည်မှာ အပြောက်များဖြင့် လှပတင့်တယ်၍ ကျက်သရေ ရှိလှသည်။ ၄င်းရုပ်တု၏ နောက်ဘက်တွင် လက်ကိုင်တန်းပါရှိ၍ ထူးခြားသည်။ ဤဆီမီးခွက်အား ကျောက်တော်မြို့တွင် သိမ်းဆည်းထားရှိသည်။

        စတုတ်္ထကြေးဆီမီးခွက်မှာ ချိတ်ဆွဲရသော ဆီမီးခွက်မျိုးဖြစ်သည်။ နရံများကြိုးတန်းများတွင် ချိတ်ဆွဲနိုင်ရန်အတွက် ဆီမီးခွက်၏ထိပ်တွင် ကွင်းငယ်တစ်ခု ရှိသည်။ ဆီမီးခွက်၏ဘေးနားပတ်ပတ်လည် နှင့် ချိတ်ဆွဲရာတန်းတွင် ပန်းများဖြင့် လှပစွာ  ပြုလုပ်ထားသည်။ ဆီမီးခွက်၏ အောက်ပတ်လည်တွင် ပါရှိသော ပန်းများမှာကြာပန်း၏ ပွင့်ချပ်များနှင့် တူပြီး ပွင့်ချပ်  ၉ ခု ပါရှိသည်။ ၄င်းပွင့်ချပ်များမှာ မီးစာထည့်နိုင်ရန် လှံသွားပါရှိသည်။ ၄င်းဆီမီးခွက်ကြားတွင် ငှက်ငယ်များ ပျံသန်းမည့်ဟန် ထွက်ပြူကြည့်ဟန် ပါရှိသည်။ ငှက်မှာ အမောက်ရှိပြီး နှုတ်သီးဟန်ကိုကြည့်၍ ဥဒေါင်းငှက်ကို ရည်ညွှန်းသွန်းလုပ်ဟန် တူပေသည်။ ဥဒေါင်းငှက်မှာ ရှေးရခိုင်တို့၏အယူအဆအရ နေမင်းကို ကိုယ်စားပြု၍ ကြာပန်းမှာ ဗုဒ်္ဓဖွားတော်မူရာ ပွင့်တော်မူရာကို ကိုယ်စားပြုသည်။ ကြာပွင့်ထဲမှ ဆီမီးခွက်အလင်းရောင် ပေါ်ထွက်ဟန် ပြုလုပ်ထားခြင်းမှာ ဗုဒ်္ဓ၏ ဥဏ်
      

Sunday, January 22, 2012

ပိဋကတ်တိုက်

မဟာမုနိကုန်းတော်၏ အောက်ဆုံး ပစ်္စယာ အနောက်တောင်ထောင့်တွင် ရှေးဟောင်း ပိဋကတ်တိုက် တော်တစ်ခုကို မြင်တွေ့နိုင်ပါသည်။ အေဒီ ၁၄၃၉ ခုနှစ်တွင် မင်းခရီက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်၍ နှစ် ခြောက်ရာကျော်ပေပြီ။ ရခိုင်ဘုရင် အဆက်ဆက်တို့သည် ဓမ်္မဒါနအဖြစ် ဗုဒ်္ဓစာပေကျမ်းဂန်များကို ရွှေ၊ကြေး၊ ငွေ၊ပေ၊ ပုရပိုက်များတွင် အက်္ခရာတင်၍ ဘုရားကြီးတွင် လှူဒါန်းခဲ့ကြရာ ဤပိဋကတ်တိုက်တွင် သိမ်းဆည်းထား ခဲ့ကြသည်။ အေဒီ ၁၆၂၂ခုနှစ်တွင် နန်းတက်သော သီရိသုဓမ်္မရာဇာမင်းသည် သဗ်္ဗဒါနပကာရန ခေါ်သော ကျမ်းကြီးကို လှူဒါန်းခဲ့သည်။ ဤကျမ်းတွင် မဟာမုနိနှင့် ပါတ်သက်သော အလှူဒါန၏ အကျိုးကို အကျယ်တ၀င့် ဖေါ်ပြထားပေသည်။
ရှေးဟောင်းလက်ရာမှာ သဲကျေက်တုံးများဖြင့် ခိုင်ခိုင်ခန့်ခန့် ဆောက်လုပ်ခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။ ပြတိုက်အဖြစ် ပြန်လည်မွမ်းမံတည်ဆောက်သင့်ပေသည်။

မြောက်ဦးမြို့ရှိ ထင်ရှားသော စေတီပုထိုးတော်များအကြောင်း

၁။ သျှစ်သောင်းဘုရားပုထိုးတော်ကြီးသမိုင်း

သျှစ်သောင်းဘုရားကြီးမှာ မြန်မာနိုင်ငံတစ်ဝှမ်း အလွန်ကျော်ကြားဆုံးသော ဘုရားတစ်ဆူလည်း ဖြစ်ပါသည်။ ဤဘုရားကြီးအားတည်ထားခဲ့သော ရှင်ဘုရင်မှာမြောက်ဦးဒုတိယခေတ်ကိုစတင်တည်ထောင်ခဲ့သော (မင်ဗာဘုရင်) ဖြစ်သည်။ ထိုမင်းသည် ကောဇာသက်္ကရာဇ် (၈၉၄) ခုနှစ်၊ ခရစ်အေဒီ(၁၅၃၁) ခုနှစ်တွင် ထီးနန်းစတင်စိုးစံသည်။

မင်းဗာဘုရင်မြတ်၏ ခံယူထားသော ဘွဲ့အပြည့်အစုံမှာ (သီရိသူရိယစန်္ဒ မဟာဓမ်္မရာဇာ) အိန်္ဒိယမှ ပေးအပ်သောဘွဲ့ကား (ဇော့ဘော့ချားလ်) ဘွဲ့တော်များဖြစ်သည်။ မိဖုရားကြီးကား (ဖွားစောမင်း ဒေ၀ီ) ဖြစ်သည်။

ဤမင်းသည် ပေါ်တူဂီရေတပ်နှင့် ကုလားစစ်တို့ကိုအောင်မြင်တော်မူပြီးနောက် အိန်္ဒိယ နိုင်ငံဗုဒ်္ဓဂါယာ၌ မိမိသက်တော် (၄၁)နှစ် အကြောင်းပြု၍စေတီတစ်ဆူတည်းဝယ် ဗုဒ်္ဓဆင်းတု (၄၁)ဆူနှင့်သက်တော်စေ့ ဘုရား တည်ထား လှူခဲ့ပြီးနောက်မဇိ္ဈမဒေသမှရရှိခဲ့သောဘုရားရဟန်္တာ ဓာတ်တော်ရှစ်သောင်းနန်းဝယ်ခေတ်္တထားကာ ဆရာကြီးဦမြ၀ါ၏ အစီအစဉ်ဖြင့်နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ကိုတစ်ဝက်ဖြိုလျက်အလယ်၌ ခိုင်ခံ့ကြီး ကျယ်သသော မြေတလင်းဝယ် ကောဇာသက်္ကရာဇ် (၈၉၇) ခုနှစ်၊ ခရစ်အေဒီ(၁၅၃၄) ခုနှစ်တွင် (ရန်အောင်ဇေယျသျှစ်သောင်း ပုထိုးတော်ကြီး)ဟုအမည်ထားကာတည်ထားခဲ့လေသည်။

သျှစ်သောင်းဘုရားကြီးကို တည်ဆောက်မှုအဓိကမှာ စစ်အောင်မြင်လာခဲ့မှုအထိမ်းအမှတ်အဖြစ် တည်ထားခြင်း ဖြစ်သည်။ သျှစ်သောင်းဘုရား၏မြေအောက် ပထမဌာပနာတိုက်ဝယ် ဘေးလောင်းတော်၊ဘိုးလောင်းတော် စောမွန်မင်း(၁)ဆက် အရုပ်ကိုရွှေအတိသွန်းကာအဆောင်နှင့်တကွခြံရံထားကာ ပူဇောပသထားသည်။ ထို့နောက် ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ဂေါတမ ဘုရားလေးဆူပုံရွှေအတိသွန်းလျက် နောင်ပွင့်မည့် အရိမေတိယျဘုရားအဖြစ် အလယ် ၌ကြာဖူးငုံသဏ္ဌာန် ထုကာ မင်ဗာကြီးပူဇော်နေပုံဖြစ်သည်။
ဘုရားရဟန်္တာဓာတ်တော်(၈၀၀၀၀) သျှစ်သောင်းကိုအစီအစဉ်ဖြင့် ကျောက်သံပတ်္တမြား ရွှေ၊ငွေ ကြုတ်တို့ဖြင့် ထည့်လျက်ပူဇော်ထားသည်။
ဌာပနာခန်းကိုကျောက်ဖျာဖုံးပြီး ရတနာကိုးပါးဖြင့်သွန်းအပ်သောဆင်းတုတော်ငယ်(၂၀၀၀၀) နှစ်သောင်း တိုက်ခန်းစီစဉ်ဖြင့် တည်ထားပြီးသော် ရတနာအမျိုးမျိုးဖြင့် သွန်းအပ်သော ဆင်းတုတော်ငယ်ပေါင်း(၆၀၀၀၀) ခြောက်သောင်းကို တိုက်ခန်းလိုက် စီစဉ်တည်ထာပြီး ဌာပနာကိုကျောက်ဖျာဖုံးအုပ် ပိတ်လေသည်။

မြေအပေါ်၌ ကျောက်ဂူလိုဏ် သဏ္ဌာန်လုပ်ကာဝင်္ကပါပုံသဏ္ဌာန် အကွေ့အကောက်စီမံလျက် ကျောက်ဆင်းတုတော်များကို တစ်ဖက်တစ်ချက်တည်ထားသည်။ ဤပုထိုးကို မဏ္ဍိုင်ငါးချက်ဖြင့် အဓိက ထားတည်တော်မူသည်။ ဂူပြင်ပတ်တွင်လည်း ဘုရားလောင်းတော် ဖြစ်ခဲ့သမျှဘ၀များကို (အစကြိုးကြာ၊ ဆယ့်ခြောက်ခါလျှင်၊ ဟင်္သာကိုးဖြစ်၊ခြောက်ဖြစ်ကားခို) ဆိုသည့်အတိုင်း ကြိုးကြာဘ၀တစ် ဆယ့်ခြောက်ရုပ်မှ စပြီးငါးရာ့ငါးဆယ် နိပါတ်တော်လာ ဇာတ်တော်များကို ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာဖြင့် ထုလုပ်လျက်နံရံဝယ် တပ်ဆင် ထားသည်။
ဘုရားအား ဆီမီးပူဇော်ရန် ခွက်ငယ်ထွင်းရာများပါ အဆင့်သုံးဆင့်လုံးတွင် ပတ်လည်ထွင်ထုထားသည်။ အနောက်ဘက်မျက်နှာဝယ် ဘုရင်အဆက်ဆက် ရာဇဘိသေက ခံယူရန် အခန်းဆောင်မြတ်ကို ဖန်တီးထားသည်။ လှိုဏ်ပတ်လည်ဝယ် သူရဲခို၊ သူရဲပြေး တိမ်းရှောင်ထိန်းသိမ်းနိုင်ရေးအတွက်လည်း လုံခြုံရေးကို အဓိကထားကာ တံတိုင်းအကွေ့အကောက် အကာအရံများဖြင့်တည်ဆောက်ထားသည်။
ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ထွင်ထုပြီးနံရံတွင် အံဝင်ခွင်ကျ ထိုးချိတ်လျက် ဘုရားနံရံကို ပွတ်လုံးများဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပေသည်။

ဤဘုရားကြီး၏ အဓိကမဏ္ဍိုင်ငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သျှစ်သောင်းဂူတော်ရှိ ဘုရားကြီးမှာ။ အရှေ့ဘက်သို့(တနင်္လာဂြိုလ်မင်း) နေရာရှေ့ရှုလျက်၊ ဂန်္ဓာကုဋိ ခန်းဆောင်တွင် ရှိသည်။ ဗောဓိပင်နှင့် ရွှေပလ်္ထင်တွင် သဗ်္ဗညုတ ဥာဏ်တော်ရခဲ့သော ဘုရားရှင်အား ရည်စူး၍ကိုးကွယ်ထားခြင်းဖြစ်ပေသည်။
(၂) သျှစ်သောင်းပြင်ပတ်အ၀င် အရှေ့တောင်ထောင့် (အင်္ဂါထောင့်၌) သုဒ်္ဓ၀ါသ ဗြဟ်္မာကြီးသည် ဤကမ်္ဘာအား အစ ပထမ ဘုရားမည်မျှ ပွင့်လာမည်ကိုဗုဒ်္ဓဂါယာ အိုင်သာယာ့၌ ကမ်္ဘာအစကကြာရုံပေါက်သော ကြာတော၌ ကြာတစ်ပွင့်ဘုရားတစ်ဆူ အလိုက် သာရကမ်္ဘာ သာရမဏ္ဍကမ်္ဘာ၊ သဒ်္ဓ ကမ်္ဘာ စသည်ဖြင့် ကမ်္ဘာအမည် မှည့်ခေါ်ထားလျက် ပဒုမ်္မာကြာပွင့် ကြီးတို့အား ဆွတ်ခူးသိမ်းထားဗြဟ်္မာကြီးသည် သာသနာတော်အား စောင့်ပါစေဟု ဒုတိယမဏ္ဍိုင်အဖြစ် ထွင်းထုကိုးကွယ်ထားသည်။
(၃) ပြင်ပတ်မြောက်ဘက် အရှေ့မြောက်ထောင့် (တနင်္ဂနွေ) ထောင့်တွင် နတ်သမီး(၄)ပါး အခြံအရံဖြင့် ဧရာဝဏ်နတ်ဆင်စီးလာနေသော သိကြားမင်းသည်၊ သာသနာတော်အား စောင့်ပါစေဟု တတိယမဏ္ဍိုင်ဖြစ် ထွင်းထုတည်ထားသည်။
(၄) သျှစ်သောင်းပြင်ပတ် အနောက်မြောက်ထောင့် (စနေ) ထောင့်တွင် ဘုရားဒကာ မင်းဗာကြီးအရုပ်ဖြစ်သည်။ ဗြဟ်္မာမင်းအ၀တ်တန်ဆာဆငနယင်ကာ လက်ရုံးတစ်ထောင် ဘုန်းတန်ခိုး ကြီးမားမှုသရုပ်ပြလျက် မိမိမွေးနံ စနေထောင့်တွင် မိဖုရားများခြံရံကာ ဗုဒ်္ဓအားပူဇော်နေပုံ၊ ဆီမီးခွက် ပူဇော်ကကြဟန်များပါ ထုထားလျက်ဘုရားဒါယကာ မင်းဗာကြီး၏ အရုပ်ကို စတုတ်္တ မဏ္ဍိုင်အဖြစ် ထွင်းထုတည်ထားခြင်းဖြစ်သည်။
(၅) ပြင်ပတ်အနောက်မြောက်ထောင့်အရပ် ရာဟုထောင့်တွင်(စတုလောကပါလ နတ်မင်းကြီးအရုပ်)ကို ထွင်းထုထားသည်။ နတ်မင်းကြီးများသည်သာသနာတော်ကိုအမြဲတစေ စောင့်ရှောက်ပါစေဟု အဓိဌာန်ပြုလျက် ပဉ်္စမ မဏ္ဍိုင်အဖြစ် တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီပုထိုးတော်၏ရှေ့တွင်လည်း သိမ်တော်ကြီးကို ခမ်းနားကြီးကျယ်စွာတည်ဆောက်ထားလေသည်။ဘုရားပုထိုးတော်ကြီး ၏ခေါင်မိုးတွင်လည်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေရန်အတွက် နက်္ခက်ကြေအဖြစ်(သတ်္တဗိသစေတီ) ပုထိုးတော်ကြီး တစ်ခုလုံးကိုဝိုင်းရံကာစေတီပုထိုး ပေါင်း(၂၆) ဆူ၊ စေတီကြီးပါဆိုလျှင်(၂၇)ဆူလုံးဓာတ်လုံးစေတီ(သတ်္တဗိသ) ကိုတည်ထားတော်မူခဲ့ပြန်သည်။

သျှစ်သောင်းဘုရားဟု ခေါ်ရခြင်းမှာ အပေါ်တွင် ဖူးတွေ့ရသော ဘုရားများနှင့် မသက်ဆိုင်ချေ။ ဌာပနာခန်းတွင် ဓာတ်တော်ရှစ်သောင်းရှိသဖြင့် လည်းကောင်း၊ ဘုရားဆင်းတုတော်ငယ် ရှစ်သောင်းရှိသဖြင့် လည်းကောင်း ရည်ရွယ်၍ခေါ်ခြင်းသာဖြစ်သည်။ ပေါ်တူကီတို့၏စစ်ဘေးရန်နှင့် ကုလားစစ်ကိုအောင်မြင်တော်
မူလေသောအဓိက အထိမ်းအမှတ်အဖြစ် (ရန်အောင်ဇေယျသျှစ်သောင်းဘုရားပုထိုးတော်ကြီး)ဟူ၍အမည် ထားခြင်းဖြစ်ခဲ့ပါသတည်း။


၂။ အံတော်သိမ်ပုထိုးတော်ကြီးသမိုင်း

ဤအံတော်သိမ်ဘုရားပုထိုးတော်ကြီးမှာ သျှစ်သောင်းဘုရား ၏တနင်္ဂနွေထောင့် အနီးကပ်ဆုံးတွင် တည်ထား လျက်ရှိသည်။ ဖိုးခေါင်တောင်တန်းအဆုံးမြောက်ဘက်မျက်နှာ၌ပင်ဖြစ်သည်။ ဤအံတော်သိမ် ပုထိုးတော်ကြီး အား ပထမမြောက်ဦးခေတ်(မင်းလှရာဇာစောမွန်မင်း)သည် ကောရာသက်္ကရာဇ်(၈၈၃) ခုနှစ် ခရစ်နှစ်အေဒီ(၁၅၂၁)ခုနှစ် တွင် စတင်တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထိုနောက် ဒုတိယမြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့သော မင်းမဖြစ်မီ အိမ်ရှေ့စံမင်းသားအဖြစ် ဒွါရာဝတီမြို့ သံတွဲ၌စိုးစံခဲ့သော(ဖစောသီရိမင်းဗာဘုရင်)သည် ဒွါရာဝတီဝယ်(ပါသုရတောင်)၌ ဌာပနာ ထားသော ဗုဒ်္ဓအံတော်မြတ်အား ပင့်ဆောင်ယူခဲ့ကာ မင်းလှရာဇာကောင်းမှုစေတီနှင့် သိမ်ကိုပြန်လည်ပြုပြင်စီမံလျက် အံတော်မြတ်ကို ကလပ်ပေါ်၌ကိန်းအောင်းစပ်္ပာယ် ပူဖော်ထားလေသည်။ ထိုအချိန်မှစ၍ ၄င်းစေတီသိမ်တော်အား အံတော်သိမ် ဟူ၍ခေါ်ဆိုကြလေသည်။

ဤအံတော်သိမ်တွင်လည်း ဂူအသွင်လိုဏ်နှစ်ထပ်တည်ရှိသည်။ ကြာပန်း၊ ကြာနွယ်များဖြင့်ယှက်သန်းကာ ဘုရားပလ်္တင်တစ်ခုနှင့်တစ်ခုသို့ဆက်သွယ်ကူးပြောင်းထားပုံ၊ဘီလူးဂုမ်္ဘန်နတ်များရုပ်လုံးဖော်ပြီး ပန်းခက်ပန်းနွယ်ဆင်ယင် ထားပုံ၊ဂူနှင့်ပလ်္တင်တော်ကိုတစ်ဆက်တည်းသရုပ်ဖော်ထားပုံ၊အပေါ်တွင်ဗုဒ်္ဓညဏ်တော်ငယ်များကိန်းဝပ်ရန်ဂူငယ်များတည်ဆောက်ထာပုံ အစရှိသည့်ကျောက်ဆစ်လက်ရာများမှာ ယနေ့တိုင်တွေ့မြင် နိုင်ပါသည်။
အထူးပြောင်မြောက်သော လက်ရာများပင်ဖြစ်ချေသည်။ အံတော်သိမ်စေတီကြီးအား ပတ်လည်ခြံရံကာ တည်ဆောက်ထားသော စေတီပုထိုးများလည်းရှိပေသည်။ ဤပုထိုးတော်ကို မင်းဗာဘုရင်လွန်ပြီးနောက် မြေးတော် မင်းရာဇာကြီးသည် ကောဇာသက်္ကရာဇ် (၉၅၈) ခုနှစ် ခရစ်အေဒီ(၁၅၉၆)ခုနှစ်တွင်ထပ်မံပြုပြင်တည်တောက်ခဲ့လေသည်။
အထဲတွင် ဥမင်နှစ်ပတ်ရှိသည်။ ဤအံတော်သိမ်ပုထိုးတော်ကြီးမှ သိမ်တော်အပါအ၀င်အလျား ပေပေါင်းမှာ(၂၂၈) ပေ ရှိသည်။ အနံပေပေါင်း(၁၄၅)ပေရှိသည်။စေတီအောက်ခြေဖိနပ်မှစေတီအမြင့်အဖျားထိ(၄၂)ပေ ရှိသည်။ ဗုဒ်္ဓမြတ်စွာ၏အံတော်ကိန်းဝပ်ရာပုထိုးတော်ဖြစ်သောကြောင့်(အံတော်သိမ်) ဟုခေါ်ဆိုကြခြင်းဖြစ်သည်။


၃။ ထုက်္ကန့်သိမ်ဘုရားပုထိုးတော်ကြီး

ဤပုထိုးတော်ကြီးမှာသျှစ်သောင်းဘုရား ပုထိုးတော်ကြီး ၏အနောက်ဘက် ပေပေါင်း(၃၀၀) ခန့် အကွာအဝေး တွင် ခမ်းနားထည်ဝါစွာဖြင့်တည်ရှိသောစေတီပုထိုးတော်မြတ်တစ်ဆူဖြစ်ပေသည်။

ဤထုက်္ကန့်သိမ် ပုထိုးစေတီတော်မြတ်အား ပေ (၃၈) ပေခန့်အမြင့်ရှိသော တောင်ကုန်းပေါ်၌ တည်ဆောက် ထားသည်။ ကောဇာသက်္ကရာဇ် (၉၃၃) ခုနှစ်၊ ခရစ်သက်္ကရာဇ် (၁၅၇၁)ခုနှစ်တွင် ( မင်းဖလောင်း )ရှင်ဘုရင်သည် မြောက်ဦးမြို့တော်၌ ထီးနန်းစိုးစံစဉ်ကာလ ကလေးသူငယ်များ ပါးစပ်မှ အတိတ်တပေါင်စကား ပေါ်ထွက်လာသည်မှာ ( ပြည်ပြိုက ထုက်္ကန့်သိမ်၊ွှိမ်အိုက ကျားကန် ) ဟု ဆိုကြလေသည်။
မင်းကြီး ကြားသိတော်မူ၍ မှူးမတ်ပညဟိများနှင့် တိုင်ပင်ဆွေးနွေးကာ တိုင်းပြည်တည်တံ ခိုင်မြဲရေး ရှေးရှုပြီး ပညာဟိများ အကြံပေးချက်အရ ကြီးကျယ်စွာသော ကျောက်တုံးကြီးငယ်များကိုပါ ယူဆောင်စေပြီး ကျောက်ဖျာချပ်များ နှင့်တကွ အောက် နှင့်အထက်ပါပန်္နက်အောက်ခြေ လေးထောင့်တွင်လည်း ကြီးစွာသော ကျောက်တုံးလေးတုံးကို ခံစေလျက် အဆင့်သုံးတန် ကျောက်တို့ဖြင့် ကန့်လန့်ကာ ကျောက်ထုတ်တော်များ ကန့်လျက် တည်ဆောက်လေသည်။
စေတီပုထိုးမြတ်၏ ခေါင်မိုးအလယ်တည့်တည့်တွင် ဟန်ချက်ယူကာ ကြီးစွာသော စေတီတစ်လုံးကို တည်ထားပြီး စေတီခေါင်မိုးထောင့်လေးဘက်စွန်းတွင်လည်း စေတီငယ် တစ်ဆူကျစီဖြင့် လေးဆူတည်ထားသည်။ စေတီတော်များ၏ သပိတ်မှောက်တွင် ဆင့်ထားသည်။
ဘုရားပုထိုးတော်သို့ ၀င်ရန်လမ်းပေါက် တစ်ခုကို ဖောက်လုပ်ထားရှိသည်။ ဘုရားလိုဏ်ဂူအတွင်းသို့ လက်ျာရစ်ခရုပတ်ဖြင့် လှည့်လည် ဖူးမြော်နိုင်ရန် တည်ဆောက်ထားခဲ့သည်။
စေတီပုထိုးတော်၏ လိုဏ်ဂူအတွင်း လက်ဝဲလက်ျာတစ်ဖက် တစ်ဖက်စီတို့တွင်လည်း ကျောက်နရံအတွင်း ဂူမုခ်ပေါင်း (၁၄၆) နေရာ တိုင်း၌ ဘုရားဆင်းတုတော်များ ထားရှိသည်။ ထိုဂူကျောင်းမုခ်တို့တွင် ရှေ့ဆင့် နောက်ဆင့် ဘုရားနှစ်ဆူစီ တည်ထားသည်။
ထိုဘုရားဆင်းတုတော်များကို ကြာပန်းတို့ဖြင့် ပူဇော်နေကြဟန် ယောက်ျားတစ်ယောက်၊ မိန်းမတစ်ဦးစီ ရိုးရာအဆင့် ၀တ်စုံတို့ဖြင့် သေသပ်စွာ ထုလုပ်ထားရှိသည်။ ထိုသို့ဘုရားရှင်အား ပူဇော်ဖူးမြော်နေကြကုန်သော ယောက်ျား မိန်းမတို့၏ အ၀တ်တန်ဆာ ဆင်ယင်ထားမှုတို့မှာလည်း အရုပ်တစ်ခု နှင့် တစ်ခု မတူကြချေ။ အဆင့်အတန်း အမျိုးအနွယ်ကို ဖော်ပြ၀တ်ဆင်ထားသည်။ ဆင်းရဲသားတောင်သူများမှ အစ နန်းတွင်းသူ/သားများအထိ ပါဝင်သည်။
ထိုသို့ ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာဖြင့် ထုလုပ်ထားခဲ့မှုကို ယနေ့တိုင် သွားရောက်ကြည့်ရှု ဖူးမြော်နိုင်ကြပါသည်။
ဆံထုံးထုံးပုံ (၆၄)မျိုး နှင့် ၀တ်စားဆင်ယင်မှုကို ကျောက်ဆစ်လက်ရာဖြင့် အသေးစိပ် ထုလုပ်ပြသထားသည်။ စေတီပုထိုးလိုဏ်ဂူတော်အတွင်း၌လည်း ဘုရားဖူးကြသူများအတွက် ချောမွေ့စေရန် လမ်းတစ်လျှောက်ကို ကျောက်ဖျာခင်းထားလျက် ရှိသည်။ လိုဏ်ဂူကြီးအနောက်ဘက် တစ်ဆက်တည်းတွင် ဂူတော်အဖြစ် ( ဘုရင့်ဥပုသ်စောင့် အဆောင်တော် ) ထားရှိသည်။
ဘုရားပုထိုးတော်ကြီး၏ ခေါင်မိုးပေါ်ဝယ် အလယ်ချက်မ၌ စေတီတော်ကြီးတစ်ဆူ တည်ထားရှိသည်။ ခေါင်မိုးဒေါင့်စွန်းလေးတစ်ခု၌လည်း စေတီငယ်တစ်ဆူဖြင့်ရံလျက် လေးဒေါင့်စွန်းလေးခု၌လည်း စေတီငယ်တစ်ဆူစီဖြင့် ရံလျက်လေးဆူတည်ရှိသည်။ ဤထုက်္ကန့်သိမ်ပုထိုးတော်ကြီး၏ အလျားပေပေါင်းမှာ (၂၀၀)နှစ်ရာ ရှိပြီး အနံပေပေါင်း (၁၉၀)ပေ ရှိလေသည်။ ကျောက်ဆစ်လက်ရာမြောက်မြားစွာ နှင့် ရခိုင်ယဉ်ကျေးမှုကို သရုပ်ဖေါ်ထားသည့် ရုပ်လုံးရုပ်ကြွများကို ကြည့်ရှုလေ့လာရင်း (ထုက်္ကန့်သိမ်စေတီပုထိုးတော်အား သွားရောက်ဖူးမြော်နိုင်ကြပါသည်။)

၅။ သင်္ကျမာန်အောင်စေတီ
သက်ျမာန်အောင်စေတီတော်မှာ နန်းတော်၏ အရှေ့ဘက်လေးဖာလုံခန့် အကွာအဝေးရွှေဂူတောင်ဘုရား အရှေ့ဘက်အနီး မြေတလင်းဝယ် ခမ်းနားကြီးကျယ်စွာဖြင့် မြောက်ဦးနန်းစံ (သီရိသုဓမ်္မ ရာဇာမင်း ) နှင့် မိဖုရား(နတ်သျှင်မယ်) တို့သည် ကောဇာသက်္ကရာဇ် (၉၉၁)ခုနှစ်၊ ခရစ်အေဒီ (၁၆၂၉)ခုနှစ်တွင် တည်ထားခဲ့လေသည်။ သီရိသုဓမ်္မမမင်းထိတိုင်အောင် ရခိုင်မင်းအဆက်ဆက်တို့သည် မဟာနွယ် (သက်ျသာကီဝင်မင်းများ)သာ ဖြစ်ချေသောကြောင့် (သက်ျမာန်အောင်စေတီ)ဟး၍ ကျောက်တံတိုင်းနှစ်ထပ် ကာရံကာ ကြီးကျယ်သော မဟာသိမ်စေတီတော်ကြီးကို တည်ထားခြင်းဖြစ်သည်။ ဘုရားစေတီတော်သို့ တက်ရန် ကျောက်လှေကား လေးခု တပ်ဆင်ထားသည်။
ဘုရားစေတီတော်၏အနောက်ဘက်မှ ၀င်လမ်းတစ်ဖက်တစ်ချက်တွင် လက်ဝဲလက်ျာ အစောင့်အဖြစ် ( တာနောယက်္ခ၊ ပီဋ္ဌိယက်္ခဘီလူးညီနောင်)ကျောက်ရုပ်ကြီးများဓားထမ်း၍ စောင့်နေပုံရှိသည်။ ၄င်းမှတဆင့်ဝင်သော် လက်ဝဲလက်ျာ (မာတလိ၊ ၀ိသကြုန်နတ်သား) တို့ ဘုရားစေတီကို ရှိခိုးနေပုံရှိသည်။
စေတီတော်ကို ကျောက်သားအတိဖြင့် တည်ဆောက်ထားသည်။ စေတီိကို ပဒုမ်္မာကြာပန်းပွင့်ပုံ တည်ထားသည်။ အောက်ခံကြာပွင့်များ ပွင့်အာနေပုံ ထင်ရှားသည်။ ကြာပဒုမ်္မာစေတီ ပေါ်ထွန်းလာပုံဖြစ်သည်။ စေတီ၏ ပစ်္စယံ နှစ်ဆင့်တို့ဖြင့် မုခ်ငယ်လေးခု တည်ထားသည်။ မုခ်များကို တကဲ နှင့် မုခ်ထွဋ်များဖြင့် ပြုလုပ်ထားသည်။
စေတီပစ်္စယံအဆင့်များတွင် စိန်ဘောင်တပ်ဆင်ထားသည်။ စေတီကြီးပတ်လည် တံတိုင်းအတွင်းအရံ စေတီငယ် (၁၂)ဆူ တည်ရှိသည်။ သမုတ်လေးခု ပတ်လည်ရှိသဖြင့် မဟာသိမ်စေတီလည်း ဖြစ်ပေသည်။
သမုတ်သိမ်တိုင် တစ်လုံးသည် (၆)ပေပတ်လည်ရှိသည်။ စေတီတော်၏အရှေ့ဘက်တွင် အုတ်နရံကာ ဘုရားသိမ်တစ်ခုတည်ရှိသည်။
ဘုရားသိမ်ထဲတွင် ဘုရားဆင်းတု (၃)ဆူ တည်ရှိသည်။ ဤဘုရားသုံးဆူမှာ ခရစ်သက်္ကရာဇ် (၁၉၁၅) ခုနှစ် ပြည်ကြီးစိုးဘုရားများ နေရာမှ ပြောင်းယူလာကြပြီး ကိုးကွယ်ထားကြသည်ဟု သိရှိရသည်။ ဘုရားသိမ်ထဲတွင် ဗုဒ်္ခခြေရာ ပါဒတော်တစ်ခုရှိသည်။
ဤသက်ျာမာန်အောင် စေတီတော်ကြီး၏ လုံးပတ်မှာ ပေပေါင်း (၂၄၀) ရှိသည်။ စေတီတော်ကြီး၏ အမြင့်ပေပေါင်းမှာ (၂၄၀) ရှိသည်။ စေတီတော်ကြီး၏ အမြင့်ပေပေါင်းမှာ (၁၁၄)ပေ မြင့်မားစွာဖြင့် တည်ဆောက်ပူဇော်ထားခဲသော သက်ျာမာန်အောင်စေတီတော်ကြီး တစ်ဆူသာ ဖြစ်ပါသတည်း။


၅။ လောကမာန်အောင်

နန်းတော်၏ အနောက်ကျောက်ရစ်ချောင်းကမ်း အနီးဝယ်မြေပြန့်ကုန်းမြေ၌ တံတိုင်းပတ်လည်ကာရံလျက် (သတ်္တလောက၊သင်္ခါရလောက၊သြကာသလောက) တည်းဟူသောလောကသုံးပါးအကြောင်းပြုလျက် ထိုလောကသုံးပါးကို အောင်မြင်တော်မူသော ဘုရားရှင်အား ရည်မှန်းပူဇော်ပြီး (လောကမာန်အောင်စေတီ)ဟု အမည်တော်နာမထားတော် မူလေသည်။

ဤစေတီတော်မြတ် ၏အောက်ခြေမှာလည်းရှစ်မြှောင့်ပုံသဏ္ဍာန်တည်ထားသည်။ စေတီကို ပစ်္စယံလေးဆင့်တင် ထားသည်။ အောက်ထပ်ဆုံး ပစ်္စယံတွင် ထောင့်လေးထောင့် ၌အရပ်လေးမျက်နှာသို့မျက်နှာမူနေသော ပူးရုပ်ကြီး ရှစ်ရုပ်ကိုထုလုပ်တည်ထားသည်။ ကျန်ပစ်္စယံသုံးဆင့်တွင်ထောင့်တို့ ၌စေတီငယ်တစ်ဆူစီ တည်ထားသည်။ ပစ်္စယံအဆင့်အလယ်တည့်တည့်တွင်မုခ်ပိတ်ဂူငယ်တစ်ခုစီကိုတည်ရှိထားသည်။
ဂန်္ဓာကုဋိတိုက်ခန်းတော်ရှိဘုရားကြီးမှာကျောက်သားအတိဖြင့်ပြုလုပ်ထားသောဘုရားဖြစ်သည်။
ဘုရားကြီး၏ ဉဏ်တော်မှာ(၁၂)ပေခန့် မြင့်မားလေသည်။ လိုဏ်ဂူတော် ၏မျက်နှာစာများတွင် ကျောက်ဆစ်လက်ရာ များဖြင့်တန်ဆာဆင်ထားသည်။ စေတီတော် ၏အရှေ့ဘက်တွင်ဘုရားသိမ်တော်ပြာသာဒ်ဆောင်ကြီးထားရှိသည်။ အရှေ့ဘက်ရှိ ထိုပြာသာဒ်ဆောင်စောင်းတန်းလမ်းအတိုင်းဘုရားကိုဖူးမြော်နိုင်သည်။

ဤဘုရားကုန်းတော်မှ ကြည့်လိုက်လျှင် ကျောက်ရစ်ချောင်း ၏အနောက်ဘက်တွင်တည်ရှိသော ဘုရားပေါ် ဘုရားကြီးကို ဖူးမြော်မြင်တွေ့နိုင်သည်။ ဤလောကမာန် အောင်ဘုရားကြီး၏ ပရ၀ုဏ်ပတ်လည်တံတိုင်းကာရံထားသည်။ တံတိုင်းပတ်လည်ပေ(၃၀၀) ရှည်လျားသည်။ စေတီတော်ကြီး၏ အမြင့်ပေပေါင်းမှာ(၁၀၀) ပေခန့်မြင့်မားစွာ တည်ဆောက်ထားသော လောကမာန်အောင်စေတီဖြစ်ပါသည်။


၆။ ရတနာ့မာန်အောင်

နန်းတော် ၏အရှေ့မြောက်ထောင့်အရပ်(လေးခင်းပြင်) အနီးကုန်းတော်မြတ်ကို စည်ပမာဏညှိလျက် ရတနာသုံးပါးအားအစဉ်အမြဲဆည်းကပ်ပူဇော်ရိုသေမြတ်နိုးကိုးကွယ်နေမှုအဓိပ်္ပာယ်ကိုဆောင်လျက်(ရတနာ့မာန်အောင်)တည်းဟူသောအမည်နာမဖြင့်တည်ထားတော်မူလေသည်။
စေတီတော်မြတ်၏ အောက်ခြေကို ရှစ်မြှောင့်ပုံသဏ္ဍာန်ဖြင့်ပင်တည်ထားပြီးစေတီအပေါ်ဆုံးသို့ ထက်ချွန်စွာဖြင့် ကျောက်အတိနှင့်တည်ဆောက်ထားသောစေတီတစ်ဆူဖြစ်ပေသည်။ စေတီတော်အမြင့်ကိုပစ်္စယံ(ကိုးဆင့်)ဖြင့်တည်ထားသည်။ (သပိတ်မှောက်၊ဖောင်းရစ်၊ကြာမှောက်၊ရွှေးလုံး၊ ပုတီးစေ့၊ ကြာလှန်၊ ငှက်ပျောဖူး၊ သံထီးငြွှက်မြတ်နား၊ စိန်ဖူး) စသည်တို့ဆင်ယင်ကာ စေတီတစ်ခုလုံးကျောက်အတိဖြင့် တည်ဆောက်ထားသည်။ စေတီတော်၏ လုံးပတ်ပေပေါင်းမှာ (၃၈၄) ပေရှိသည်။ အောက်ခြေမှ စေတီဖျားထိ အမြင့်ပေပေါင်းမှာ (၁၈၀) မြင့်မားလေသည်။ စေတီတော်ကို ကျောက်တံတိုင်းနှစ်ထပ်ဖြင့် ကာရံထားသည်။ စေတှတော်၏ အောက်ခြေပတ်လည်တွင် အရပ်ရှစ်မျက်နှာသို့ မျက်နှာမူနေသောဂြိုလ်ရှစ်လုံး၏ အရုပ်များကို ထုလုပ်တပ်ဆင်ထားသည်။ စေတီတော်၏၀င်းအတွင်း မြောက်ဘက်တွင် ဘုရင့်ဥပုသ်ဆောင်ဂူတော် ရှိသည်။ စေတီတော်အရှေ့ဘက်တွင် ကျောက်ဂူတော်၌ ကျောက်ဆင်းတု ဗုဒ်္ဓရုပ်ပွားတော် ထားရှိသည်။ ဂူတော်ရှေ့၌ သိမ်တော်ရှိသည်။ အရှေ့တောင်ထောင့် ဘုရင်းဝင်းအတွင်း သမုတ်သိမ်တော်ရာရှိသည်။
အရှေ့ဘက်တံတိုင်း၏ ပြင်ဘက်တွင် ရခိုင်မင်းတို့ အဆက်ဆက်စစ်ရေးပြသော ( ဆင်ခင်းသဘင်၊ မြင်းခင်းသဘင်၊ လေးအတတ်ပညာ ) တို့ကို ယှဉ်ပြိုင်စေခဲ့သော ( လေးခင်းပြင်) ကွင်းကြီးကို မြင်တွေ့ရပေမည်။ ၄င်း စစ်ရေးပြကွင်းကို တောင်ပတ်လည်နှင့် တောင်ဘက် အရှေ့ဘက်တို့ကို တံတိုင်းကာရံထားရှိသည်။ ၄င်းအနီးတစ်ဖက် ဆည်ကန်ကုန်းမြင့်ဝယ် အဆင့်သုံးဆင့်ထားရှိသည်။ ထိပ်ဆုံးအထက်မှ ဘုရင် မိဖုရား နန်းတွင်းသားများ စစ်ရေးပြမှု ကြည့်ရှုနေရာ ဖြစ်သည်။ အောက်နှစ်ဆင့်မှာ ၀န်ကြီး၊ မှူးကြီးမတ်ရာ၊ သေနာပတိ နယ်စားများကြည့်ရှုနေရာဖြစ်သည်။


၇။ မင်္ဂလမာန်အောင်စေတီ

မြောက်ဦးနန်းစံ (ဥဂ်္ဂါဗလ) မင်းသည် ကောဇာ သက်္ကရာဇ် (၁၀၃၆) ခုနှစ်၊ ခရဇ်အေဒီ သက်္ကရာဇ် (၁၆၇၄) ခုနှစ် ထီးနန်းစိုးစံသောအခါ မဟာနွယ်တို့ ၏အလိုတော်အတိုင်းနန်းတော် ၏မြောက်ဘက်အရပ် တစ်မိုင်ခန့် ကွာ ဝေး သောမြို့ တွင်းတံတိုင်း၏ အပြင်ဘက်မြေညီကုန်းတော် တစ်ခု ၀ယ်မဟာရံတံတိုင်း ကာရံပြီးကျောက်သားအတိဖြင့် တည်ထားခဲ့သည်။ ဤဘုရားစေတီအား ထီးနန်းစိုးစံပြီး နောက်ကောဇာ (၁၀၄၇) ခုနှစ်၊ခရစ်အေဒီ (၁၆၈၅) ခုနှစ်တည်ထားခြင်းဖြစ်လေသည်။ (၃၈)ဖြာ မင်္ဂလာတရားတော်ကို သက်ဝင်ယုံကြည်တော်မူ၍ အဓိဌာန်ပြုကာ (မင်္ဂလမာန်အောင်စေတီ)တော်ကိုတည်ထားခဲ့ခြင်းဖြစ်ပေသည်။
စေတီတော်မှာလုံးပိတ်တည်ထားခဲ့ခြင်းဖြစ်သည်။စေတီတော်ကိုပစ်္စယံ(နှစ်ဆင့်)တင်ထားသည်။ထိုပစ်္စယံများတွင် မုခ်ငယ်ရှစ်ခုံထားရှိပြီး ၄င်းမုခ်ငယ်များတွင် ဗုဒ်္ဓ်္မဆင်းတု တော်ငယ် များကိုပူ ဇော်ထားရှိသည်။
စေတီတော်အောက်တစ်ဖက်စီတွင်(၃၅)ပေစီရှိသည်။စေတီပတ်လည်ပေပေါင်း(၁၄၀)ပေရှိသည်။စေတီတော် အမြင့်ပေပေါင်းမှာပေ(၈၀)ခန့် မြင့်မားသည်။ စေတီတော်အောက်ခြေပတ်လည် အရပ် လေးမျက်နှာတွင် ဆီးမီးပူဇော်နိုင်ရန်အတွက်ကျေက်တိုင်များကိုစိုက်ထူထားသည်။
စေတီတော်၏ အရှေ့ဘက်တွင် သိမ်တော်ရှိသည်။ တံတိုင်းအတွင်း အရှေ့တောင် ထောင့်ဘက်၌ သမုတ်သိမ်ရာရှိသည်။ စေတီကြီး၏ အရှေ့တောင်ထောင့်ပေ ( ၁၀၀ )ခန့် အကွာဝေးတွင် မင်္ဂလမာန်အောင်တောရ
ဘုန်းကြီးကျောင်းရှိသည်။ ကျောင်းခြံဝင်းတွင်း သီရိသုဓမ်္မရာဇာမင်း နှင့်မိဖုရားနတ်သဆင်မယ်တို့ကိုးကွယ်ခဲ့ကြသော တပိုင်တိုင်နန်းရာမှပြောင်းယူခဲ့သော ကျောက်ဆင်းတုဘုရားကြိးတစ်ဆူကို သိမ်တော်ဆောက်ပြီး ကိုးကွယ် ထားကြလျှက်ရှိသည်။
သို့ဖြစ်သောကြောင့် မြောက်ဦးမြို့တွင်ထင်ရှားကျော်ကြားနေသော (မာန်ငါးပါးစေတီ)များအနက် မင်္ဂလမာန်အောင်စေတီကို(သီရိသုရိယဥဂ်္ဂဗလသုဓမ်္မရာဇာမင်း)သည်လေးမြို့ချောင်းဖျားရှိခြစ်ချောင်းဘုရားကြီးနှင့်အတူတပြိုင်နက် တည်ထားမူခဲ့သော(မင်္ဂလမာန်အောင်)စေတီတော်ဖြစ်လေသည်။


၉။ ဇိနမာန်အောင်စေတီတော်
ဇိနမာန်အောင်စေတီတော်ကြီးမှာ ဖိနပ်အောက်ခြေတော်မှ ရှစ်မြှောင့်ပုံသဏ္ဍာန်အဖြစ် တည်ဆောက်ထားသည်။ စေတီတော်ထောင့်ချိုးတို့တွင် လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ်နှစ်ခုစီပါသော (မနုသီဟ )ရုပ်လုံးများ တည်ရှိသည်။ ဘုရားစေတီတော်၏ ဂန်္ဓကုဋိတိုက်ခန်းအတွင်းသို့ အရှေ့ဘက်အရပ်မှဝင်ရန်လမ်း မုခ်ဝတံခါးလိုဏ်ဂူပေါက်ကြီး ထားရှိသည်။ ဘုရင်တည်ထားခဲ့သော နဂိုမူလဗုဒ်္ဓဆင်းထုတော်ကြီးမှာ ကြေးသွန်းစက်တော်ကြီးဖြစ်သည်။
ဘုရားကြီး၏ ဂန်္ဓကုဋိ တိုက်ခန်းဝင်လမ်းအထက်တွင် မုခါပြာသာဒ်ငါးဆင့်ဖြင့် စေတီတော်ကို တည်ဆောက်ထားသည်။ ပစ်္စယံ ဒုတိယအဆင့်ထောင့်စွန်းများ၌ ပူးရုပ်များကို ထုလုပ်ထားသည်။ စေတီတော်ကြီးတစ်ခုလုံး၏ လုံးပတ်ပေပေါင်းမှာ (၃၂၀)ပေ ရှိသည်။ အောက်ခြေမှ အထက်သို့ စေတီတော်အမြင့်ပေပေါင်းမှာ ( ၁၂၀) ပေခန့် မြင့်မားလေသည်။ မြတ်စွာဘုရားရှင် (ဇိန)အား ရည်မှန်း၍ ပူဇော်လိုသော မနောဆန်္ဒကြောင့် ( ဇိနမာန်အောင်စေတီ) ဟူ၍ ခေါ်တွင်စေလေသည်။ စေတီတော်သို့ ဖူးမြော်နိုင်ရန်အတွက် တောင်အောက် မြောက်ဘက်မှနေပြီး ဘုရားသိမ်တော်ကြီးသို့ထံရောက် စောင်းတန်းလှေကားများ တပ်ဆင်ထားသည်။ ဤဘုရားကုန်းတော်မှ ကြည့်ရှုလျှင် မြင်ကွင်းများမှာ ( အနူမကန်၊ လက်ဆည်ကန် နှင့် မြို့တစ်ဝက်ခန့် ) ကို မြင်တွေ့နိုင်ကြလေသည်။


၁၀။ ဘုရားပေါ် ဘုရားကြီး
မြောက်ဦးမြို့တော်၌ ဘုန်းတန်ခိုး ကျော်ကြားခဲ့သော ဘုရင် ( မင်းရာဇာကြီး ) လက်ထက်၊ ရေထဲ၌တွေ့ရှိ၍ ရေမှတင်ဆောင်ကာ ကုန်းမြေပေါ်ဝယ် ခမ်းနားသော စေတီပုထိုးတော်နှင့် သိမ်တော်ကြီးဆောက်ကာ တည်ထား ကိုးကွယ်လေသော ကြောင့် ( ဘုရားပေါ် ဘုရားကြီး)ဟု အမည်ခေါ်ကြလေသည်။
မင်းရာဇာကြီးသည် ဤဘုရားအား ကောဇာသက်္ကရာဇ် (၉၆၅) ခုနှစ်၊ ခရစ်သက်္ကရာဇ် (၁၆၀၃ ) ခုနှစ် တွင် တည်ထားခဲ့လေသည်။ ဤဘုရားကြီးအား ရေထဲ၌ တွေ့ရှိလေရခြင်းမှာ မြောက်ဦးနန်းတော်၏ အနောက်ဘက် ကျောက်ရာဇ်ချောင်း ၀ဲသြဂယက် ( ပြင်ပဈေးအနီး ) ရေတိမ်လာသောအခါ တံငါသည်များ ပိုက်ကွန်တို့ဖြင့် ငါးရှာလေသော ကွန်ငြိ၍ ရေငုပ်ကြည့်သော် ဘုရားတစ်ဆူကို တွေ့ရှိကြောင်း နှင့် ပဲခူးမင်းသမီး၌ သမီးကညာ ဖွားမြင်ကြောင်းကို ဘုရင်ထံလျှောက်တင်ကြသည်။
မင်းရာဇာကြီးသည် ဘုရားဆင်းတုတော်အား ပင့်ရန်အလို့ငှာ ရေငုပ်သားတို့ကို လွန်ကြိုးဖြင့် ကိုင်ဆောင်စေလျက် ကြိုးများယှက်နွယ်ကာ လူထောင်ပေါင်းများစွာနှင့် ကမ်းတော်သို့ ပင့်ဆောင်လေရာ ကြိုးပေါင်းတစ်ထောင် ပြတ်သော်လည်း များစွာသော မူးမတ်အပေါင်းနှင့် တိုင်ပင်ဆွေးနွေးလေသောအခါ ---
ရှေးလွန်လေပြီးသောအခါ ဝေသာလီနန်းစံ ဘုရင်စန်္ဒြားမင်းနှင့် မိဖုရား သုပဘာဒေ၀ီတို့လက်ထက် ကပ်္ပီလ၀တ်ပြည်မှ သက်ျမုနိဘုရားကြီးအား ပင့်ဆောင်ရန် စေလွှတ်တော်မူ၍ ဖောင်တော်ကရ၀ိတ်၌ပါလာသော သက်ျမုနိရုပ်ပွားတော်မြတ်မှာ ရေထဲ၌ကျဆုံးစေရစ်ခဲ့ပါသည်။
ထိုဘုရားကိုယ်စား ကိုးကွယ်ရန် မိဖုရား၏ တောင်းပန်ချက်ဖြင့် ကျောက်ဆင်းတုတစ်ပါးကို ဝေသာလီဘုရားကြီးဟု ကိုးကွယ်ခဲ့ပါသည်။ မိဖုရားသုပဘာသည် နောင်ဘ၀တွင် မိခင်ဝမ်းမှ ထွက်သည်နှင့် ချက်ချင်းသက်ျမုနိဘုရားဒကာမ ဖြစ်ရပါလို၏ဟု ဆုတောင်းတော်မူခဲ့၏။
ယခုလည်း လူပေါင်းများစွာ ဆွဲတင်မခဲ့သော ဤဘုရားအား အရှင်မင်းကြီး၏ မွေးဖွားစသမီးတော်လေးသည် သုပဘာဒေ၀ီ ၀င်စားလာသည် မှန်ခဲ့ပါမူ၊ သမီးတော်၌ ရွှေတမုန်ကြိုးမျှ လုပ်ထားသော ရွှေကြိုးစငယ် ကိုင်စေပြီးသော် ဘုရားပလ၌ သုံးတန်ချိုင်ကာ လူအပေါင်းနှင့် တပြိုင်တည်း သမီးတော်ငယ်ကို ပုခက်လွှဲ၍ တင်ပါမူကား ရေမှတက်ပါမည်ဘုရားဟု လျှောက်ထားချက်အရ စီစဉ်လေသော် သက်ျမုနိရုပ်ပွားတော်သည် ရေမှပေါ်လာကာ အလျှံထိန်ဝင်းလျက် သတ်မှတ်ကုန်းမြေထိ ဆိုက်ရောက်လေသည်။


၁၀။ မြောက်ဦးမြို့ ရေတံခါးဘုရားကြီးသမိုင်း

ရေတံခါးသွန်းစက်တော်ဘုရားကြီးကို မြောက်ဦးခေတ်ကာလ ကေဇာသက်္ကရာဇ်(၉၅၄)ခုနှစ် ရေတံခါး မင်းကြီးသည် ၀ါကျွတ်ကာလ၌ သွန်းလုပ်တော်မူကာ ကိုးကွယ်ခဲ့သော ဘုရားတစ်ဆူ ဖြစ်ပါသည်။
ဘုရားအား ဂူသွင်းတည်ထားခဲ့သော စေတီ ( ကျောက်ရာဇ်ကေရွာ၏ အစွန်အဖျား၊ မြောက်ဖက်) ရှိ စေတီတော်မှာ ရခိုင်ပြည်ကြီးပျက်စီးလေသောအချိန်ကာလတွင် မသာမာသူ လူယုတ်မာတို့ကြောင့် စေတီတော် ပျက်စီးလေသည်ကို သိရှိသူအပေါင်းတို့က လိုက်လံရှာဖွေကြကာ ကောဇာသက်္ကရာဇ် (၁၉၂၀) တွင်ပြန်လည် ရရှိကြလေသဖြင့် ရေတံခါးဘုန်းတော်ကြီး (ယခင်) ကျောင်းဟောင်းတွင် တည်ထားကိုးကွယ်ကြလေသည်။ ဘုန်းတော်ကြီးကျောင်းမှာ လူသူမနီး တောကျောင်းသဖွယ်ဖြစ်သဖြင့် လူဆိုးဓားပြတချို့တို့က တစ်ဖန် ကျောင်းပေါ်မှချကာ ပေါက်ဆိန်ဖြင့်ထုခွဲကာ ရွှေရှာဖွေခဲ့ကြလေသည်။ ဘုရားမှာပေါက်ဆိန်ရာမပေါ်ဘဲ ပကတိ အတိုင်းသာရှိလေသည်။ လူများတွေ့မြင်၍လူဆိုးတို့ထွက်ပြေးကြလေသည်။ သို့ဖြစ်၍ ၄င်းသွန်းဆက်တော် ဘုရားအား တောကျောင်းကို ရွာအနီးသို့ ရွှေ့ပြောင်းဆောက်လုပ်ကြပြီး ယခု ကျောက်ရာဇ်ကေရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဂန်္ဓကုဋီတိုက်ဖြင့်ကျောင်းပေါ်တွင် ပူဇော်ထားရှိကြလေသည်။ ဤသွန်းစက်တော် ဘုရား၊ ပလင်ပေါ်ဝယ် ကျောက်စာအချို့ကို ရေးထိုးထားသည်။ ၄င်းမှာ (သက်္ကရာဇ် ၉၅၄ ခု ၀ါကျွတ်လတွင် ရေတံခါးမင်း၏ကောင်းမူတော်သွန်ကြီး၁၁- မောင်းဝင်၏ ) ဟုပါရှိလေသည်။
ဤ(ရေတံခါးသွန်းစက်တော်ဘုရား)၏ ဆင်းတုတော်အတိုင်းအတာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။

၁။ ဓမ်္မခဏ်မှ မုနိတော်အထိ (၃) ပေ (၂)လက်မ
၂။ မျက်နှာတော်ထက် အောက်ထိ (၇ ၁/၂ ) လက်မ
၃။ မုနိတော်အမြင့် (၂) လက်မ
၎။ ဒူးစွန်းတော်နှစ်ဘက်အကျယ် (၂) ပေ (၄) လက်မ
၅။ ရင်သားတော်အကျယ် (၁) ပေ (၄) လက်မ
၆။ ပခုံးတော်အကျယ် (၁) ပေ (၆ ၁/၂ ) လက်မ
၇။ လက်မောင်းတော်ပတ်လည် (၁) ပေ (၂ ၁/၂ ) လက်မ
၈။ လည်ပင်းတော်ပတ်လည် (၁) ပေ (၂) လက်မ
၉။ ဇမ်္မခဏ်အထူ (၂) လက်မ
၁၀။နားတော်အရှည် (၇) လက်မ
၁၁။ဖ၀ါးတော်အလျား (၇ ၁/၂ ) လက်မ ရှိလေသည်။



၁၁။ မြ၀ါတောင်စေတီနှင့် သျှင်မြ၀ါအကြောင်း

မြောက်ဦးနန်းစံ၊ ဘုရင်မင်းဗာကြီးသည် မင်းဆရာဖြစ်သော သျှင်မြ၀ါအား ရည်မှန်းလျက် ထိုဆရာမြတ်၏အရိုးကို မြေအောက်ဌာပနာထားတော်မူလျက် တောင်ထွဋ်တစ်ခုပေါ်၌ ကြီးမားစွာသော စေတီကြီးတစ်ဆူကို တည်ထားတော်မူလေသည်။ ထိုဆရာကြီးဦးမြ၀ါ၏ ကျန်ရစ်သောပစ်္စည်းများနှင့် ရွှေငွေ ရတနာတို့ကို ဌာပနာထည့်ကာတည်ထားခဲ့လေသဖြင့် ထိုတောင်ကို ယနေ့ထိတိုင် (မြ၀ါတောင်) ဟု လည်းကောင်း (မြ၀ါတောင်စေတီ) ဟုလည်းကောင်း ခေါ်တွင်သည်။
ဆရာကြီးဦးမြ၀ါမှာရသေ့ရောဂီတစ်ဦးဖြစ်သည်။ရခိုင်ရာဇ၀င်သမိုင်းတွင် ထင်ရှားသောမင်းမျိုးနွယ်မှ ပုဂ်္ဂိုလ်တစ်ဦး ဖြစ်သည်။မဇ်္ဈိမဒေသ၌ လောကီပညာအမျိုးစုံကို ဗာရဏသီမြို့တော်၌ လည်းကောင်း၊ မိဂတာဝုန်တော်ရှိ ဆရာဗိဿနိုးထံတွင်လည်းကောင်း၊ နှစ်ပေါင်း (၂၀) တိုင်အောင် လောကီပညာရပ်များကို တတ်မြောက်ခဲ့ပြီးသော် မိမိတို့ ရခိုင်ပြည်ကြီးသို့ ပြန်လာကာ မြောက်ဦးမြို့၏ မြောက်ဘက် တောင်ညိုကျောင်းတိုက်ဝယ် (နမန်္တာ) (ဓားကျမ်း) ကြီးကို ပြုစုရေးသားခဲ့သော ပဂ်္ဂိုလ်ထူးတစ်ဦးဖြစ်ပေသည်။










၁၂။ မြို့ဦးနှောက် (သို့မဟုတ်) မြို့ဦးခေါင်းဘုရားသမိုင်း
(သက်္ကရာဇ် ၇၉၂ ဩ ခရစ်နှစ် ၁၄၃၀)

မင်းစောမွန်သည် မြောက်ဦးမြို့တော်ကြီးကို တည်ထားသောအခါ မြို့တည်ဘုရား(၄) ဆူနှင့် နတ်(၈)ရုပ် တို့ကို တစ်ပြိုင်တည်းဖြင့် တည်ထားခဲ့လေသည်။ မြို့ထဲနှင့် မြို့ပြင်တောင်တို့ကိုလည်း အမည်ပေး၍ ထိုတောင်တော်များ အပေါ်၌ စေတီတော်များကို တည်ထားခဲ့လေသည်။
ဤမြောက်ဦးမြို့တ်ာအား တည်ထားဟန်ကား ဂဠုန်ငှက်မင်းသည် အတောင်ဖြန့်ပြီး ၀ပ်နေ သကဲ့သို့ စီမံကာတည်ခဲ့သည်။ ထိုဂဠုန်ငှက်မင်း၏ ဦးခေါင်းကျရာ ရပ်တွင်ဘုရားတည်ထားလေသဖြင့် (မြို့ဦးခေါင်းဘုရား) ဟုခေါ်တွင်စေခဲ့လေသည်။ ဤဘုရားမှာနန်းတော်ကုန်း၏ အနောက်မြောက်ထောင့် လေးဖာလုံခန့်ဝေးသော ပိန်္နဲတောင်တန်း၏ တောင်စွယ်နဖူး၌ တည်ရှိခြင်းဖြစ်သည်။ ဤဘုရားအား တည်သောအခါ ဘုရားရှင်၏ ဦးနှောက်ဓာတ်တော်နှင့်ရဟန်္တာတို့၏ ဓာတ်တော်များကို ဌာပနာပိတ်၍ တည်ထားလေသောကြောင့် ဤဘုရားအား (မြို့ဦးနှောက်ဘုရား) ဟုလည်းခေါ်ဆိုကြလေသည်။
ဤဘုရားကြီး ဂူတော်ကြီးတည်ဆောက်လျက် တည်ထားသည်။ ဂန်္ဓကုဋိတိုက်ခန်းတာ်၌ ပလ်္လင်ပ်ါဝယ် ကျောက်ဆင်းတုဗုဒ်္ဓရုပ်ပွါးတော်တစ်ဆူကို အရှေ့ဘက်သို့မျက်နှာမူ၍ တည်ထားခဲ့လေသည်။ ဆင်းတုတော်ကြီး မှာ (၇) ပေခန့်မြင့်မားသည်။
ဤဘုရားးကြီးမှာ ရခိုင်ထီးနန်းဖျက်ဆီးခံရသော (၁၁၄၆) ခုနှစ်တွင် မြို့အင်္ဂါရပ်များကို ရန်သူမင်းကဖျက်ဆီးခဲ့ရာတွင် ဦးတော်အပိုင်းခံရလေသည်။ နှစ်ပေါင်းများစွာကြာရှိအောင် တောင်အောက်ရှိ သင်္ချိုင်းဟောင်းနေရာတွင် ခြုံနွယ်ဖုံးအုပ်လျက်ရှိသည်ကို ပန်းရံဆရာတို့ဖြင့်မူလ နဂိုပုံစံဖြစ်အောင် မွမ်းမံပြင်ဆင် ကြလေသောကြောင့် ဤမြို့ဦးခေါင်းဘုရားကြီးမှာ ယနေ့ထိတိုင် ကြည်ညိုဖွယ်ရာ အပူဇော်ခံလျက်ရှိပေသည်။ ဤကုန်းပေါ်ဝယ် ဘုန်းတော်ကြီးကျောင်း တစ်ဆောင်နှင့် ဘုရားဂူရှေ့ရှိ သိမ်တော်တစ်ခုကို သစ်ခေါင်း ဦးအောင်ထွန်းခိုင်က ဆောက်လုပ်လှူဒါန်းခဲ့လေသည်။
ထိုပုဂ်္ဂိုလ်များကား ကွယ်လွန်သွားကြလေပြီဖြစ်သည်။ ဘုရား၏ဂူတော်ကြီးမှာ ပျက်ဆီးပြိုပျက်လေ သဖြင့် ယခုအခါ ဂေါပကအဖွဲ့ကဆော်သြကာ ဂူတော်ကြီးကိုပြန်လည်ပြုပြင်နေကြသည်ကို တွေ့မြင်ခဲ့ ရပေသည်။ အလွန်ကြည်ညိုဖွယ်ကောင်းသော ဘုရားကြီးတစ်ဆူဖြစ်၍ သွားရောက်ဖူးမြော်နိုင်ကြပါရန် လမ်းညွှန်အပ်ပါသည်။


၁၃။အံတော်သမိုင်း

မြတ်စွာဘုရားပရိနိဗ်္ဗာန် စံတော်မူပြီးသည်နောက် ကြွင်းကျန်ရစ်သော ဗုဒ်္ဓရုပ်ကလပ်တော်အား တေဇောဓာတ်မီးဖြင့် မပူဇော်မီ တန်ခိုးဣဒ်္ဓိပါဒ်ဖြင့် ပြည့်စုံသော ဗမ်္မိကရှင်ရသေ့က ဗုဒ်္ဓအနေ်္ဒ်ာမြတ်တစ်ဆူကို တန်ခိုးဖြင့်ပင့်ဆောင်ယူသွားပြီးလျှင် သီရိလင်္ကာဒီပ သီဟိုဠ်ကျွန်းရှိ (၀နဘယတောငနှာမောင်း)တွင် စေတီတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်လသည်။ သာသနာတော်ပြုပြီး၍ ရခိုင်ပြည် ဒွါရာဝတီမြို့တော်သို့ ဆိုက်ရောက်ကြလေသော် ရဟန်းတ်ာကြီးတို့က အိမ်ရှေ့စံမင်းသား ဖစောသီရိမင်းဗာအား အနေ်္ဒ်ာမြတ်နှင့်တကွ ဓာတ်မွေတော်အချို့ကို ပူဇော်လေရန် ပေးအပ်ခဲ့ကြလေသည့်အတိုင်း ဖစောသီရိအိမ်ရှေ့စံလည်း ဒွါရာဝတီမြို့တော်တွင် ဗုဒ်္ဓဗျာဒိတ်အရ ညွှန်အပ်သော (၀ါသုရတောင်)တွင် စေတီတော်တည်ထားပြီး အနေ်္ဒ်ာမြတ်ကို ဌာပနာထည့်တော်မူလေသည်။ သို့ကြာင့် (အနေ်္ဒ်ာစေတီ) ဟူ၍ခေါ်တွင်လေသည်။ ဤ၀ါသုရတောင်သည် ပင်လယ်ရေပြင်မှ ပေ (၄၀၀) မြင့်မားလေသည်။
ကောဇာသက်္ကရာဇ် (၈၉၃)ခုနှစ် ခရစ်အေဓီ(၁၅၃၁) ခုနှစ် တွင်တိုင်းပြည်၌ ကလေးသူငယ်အပေါင်း နှုတ်မှ တဘောင်ဖော်လတ်ခြင်းကား-
(ကြွက်ကလေးအမည်ရှေ့များတည်။ ကြံစည်ကောင်းခြင်းသံတွဲမင်း၊ သံတွဲမြွေဟောက် အစွယ်ပေါက်၊ ဠက်ကောက်ဝတ်လောက်ပြီတကား။)
ဟူ၍ပင်ဖြစ်လေသည်။သံတွဲမင်းဖစောသီရိမှာ (စနေ)သားပင်ဖြစ်ချေသည်။ထိုနှစ်တွင်းမကြာမြင့်မီပင် မြောက်ဦးရွှေမြို့တော်ကြီးကို သိမ်းပိုက်ရရှိတော်မူလေ၏။ (မင်းဗာဘုရင်)တည်းဟူသောဘွဲ့နာမဖြင့် ထီးနန်း အုပ်ချုပ်မင်းလုပ်တော်မူလေသည်။
မြောက်ဦးရွှေမြို့တော်ကြီးဝယ် မင်းဖြစ်တော်မူလေသောအခါ အိမ်ရှေ့စံမင်းဘ၀က တည်ထားခဲ့သော ဒွါရာဝတီသံတွဲမြို့ရှိ (ပါသုရ) တောင်ပေါ်မှ ဗုဒ်္ဓအနေ်္ဒ်ာမြတ်ကို ပင့်ဆောင်တော်မူပြီးလျှင် ထိုနေရာဟောင်း၌ (အံတော်ပွားတစ်ဆူ) ကို ဌာပနာထည့်ကာပြန်လည်ထည့်ထားခဲ့လေသည်။
ရှေးယခင် ဘေးလောင်းတော်မြတ်ဖြစ်သော မင်းလှရာဇာစောမွန်ကြီး၏ ကောင်းမှုတော်စေတီတည်ခဲ့ရာ နန်းတော်မြောက်ဘက်တွင် သျှစ်သောင်းဘုရားကြီးအနီး ဖိုးခေါင်တောင်၏အဆုံး မြောက်ဘက်တောင်စွယ် ကုန်းမြင့်ဝယ် ကောဇာသက်္ကရာဇ် (၉၅၈) ခုနှစ် ခရစ်သက်္ကရာဇ် (၁၅၉၆) ခုနှစ်ပင်လျှင် အလွန်ဆန်းကြယ်သော ခြူးပန်းခြူးနွယ်တို့နှင့် တင့်တယ်စွာဖြင့် အနေ်္ဒ်ာမြတ်အား ဌာပနာထည့်ကာ (အနေ်္ဒ်ာသိမ်ပုထိုးတော်ကြီး) ဟု အမည်ပေးလျက် တည်ထားတော်မူလေတော့သည်။


၁၄။ စဥ့်ဖိုစေတီသုံးဆူသမိုင်း

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အနောက်ဘက် တမိုင်ခန့်ကွာဝေးသော ရသေ့တောင် တောင်တန်း၏ အနောက်ဘက် တောင်ခြေရင်း (လောကမူရပ်ကွက်တွင်း) ၌ရှိသော ရှေးမင်းများလက်ထက်က ( ပန်းခက် ပန်းလက်၊ စဥ့်အိုး၊ ပုဂံခွက်၊ ဇလုံ ရေကတောင်း မျိုးစုံတို့ကို စဥ့်ရေသုတ်လုပ်ငန်းဖိုတည်ခဲ့ရာအနီး) တွင် မြောက်နန်းစံဘုရင် (အဘယမဟာရာဇာမင်းနှင့် မိဘုရားစောကြာရွှေ) ဒေ၀ီတို့သည် (စဥ့်ဖိုစေတီတော်) များဟူ၍ သုံးဆူသောစေတီတော်မြတ်များကို တည်ထားတော်မူခဲ့လေသည်။ ထိုစေတီတော်များကို ကောဇာသက်္ကရာဇ် (၁၁၂၆) ခုနှစ် ခရစ်အေဒီ သက်္ကရာဇ် (၁၇၆၄) ခုနှစ်တွင် တည်ထားတော်မူခဲ့လေသည်။


၁၅။ ခြင်ကိုက်ပိဋကတ်တိုက်

ဤပိဋကတ်တိုက်တော်မှာ မြောက်ဦးမြို့ပေါ်ရှိ ပိဋကတ်တိုက် (၄၈) ခုရှိသည့်အနက် တခု အပါအ၀င် ဖြစ်သည်။ ကောင်းမှုတော်ဒါယကာမင်းမှာကား (မင်းဖလောင်းဘုရင်) ပင်ဖြစ်ပေသည်။ ဤပိဋကတ်တိုက် တော်၌ (ပေရွက်)တို့ကိုရွှေချထားသော ပိဋကတ်တော်စာပေကျမ်းဂန်များကို ထားရှိသည်။ နီးစပ်သော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များအသုံးပြုကြရန်အတွက်ပင်ဖြစ်သည်။ (ထူပါရုံ) စေတီတော် မြောက်ဘက် ခြင်ကိုက်တံတားအနီးတွင် တည်ရှိသည်။ ရှေးအခါက တောင်ညိုကျောင်းတိုက်၌ သီတင်းသုံး နေထိုင်ကြသော သံဃာတော်များအသုံးပြုကြရန်အတွက် ဘုရင်မင်းဖလောင်းသည် ကောဇာသက်္ကရာဇ် (၉၃၅) ခုနှစ် ခရစ်သက်္ကရာဇ် (၁၅၉၁) ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်လေသည်။
ဤပိဋကတ်တိုက်တော်မှာ အနားတစ်ဖက်လျှင် (၁၃) ပေစီအရှည်ရှိပြီး မုခ်ထွဋ်အားဖြင့် (၆) ပေရှိကြသည်။ ဂူကျောင်းများတို့တွင် ဒေါင့်တစ်ခုစီဖြင့် နန်းချိုးတစ်ဆစ်ချိုးထားသည်။ နံရံမှာ အတွင်းသို့ချိုင့်ဝင်နေပြီး ကြာပွင့်သဏ္ဌာန် ဖြစ်သည်။ နံရံ၏ အပြင်ဘက်တွင် ပန်းပွင့်၊ ပန်းနွယ်အားဖြင့် တန်ဆာဆင်ထား သည်။ဂူကျောင်းပေါ်ရှိပြဿဒ်မှာ (ဘုံ)၅ဆင့်ရှိပြီး (၁၅) ပေခန့်မြင့် သည်။ အဆောက်အဦးကို ကျောက်တံတိုင်း ကာရံထားသည်။ မဟာရံတံတိုင်း နှစ်ခုဖြင့် ၀ိုင်းရံကာဆီးထားသည်။ ပိဋကတ်တိုက်၏ အလျား ပေပေါင်းမှာ (၄၅) ပေရှိသည်။အနံမှာ (၃၆) ပေရှိသည်။စတုရန်း(၄)ဗြက်ပုံဖြစ်သည်။




၁၆။ ရတနာပုံစေတီတော်သမိုင်း

ဤရတနာပုံစေတီတော်ကြီးမှာအံတော်သိမ်ဘုရားပုထိုးတော်နှင့် အနီးကပ်ဖုံးမြောက်ဘက်အရပ် မြေနိမ့် ကုန်းတော်၌ တည်ရှိပေသည်။ အံတော်သိမ်ဘုရားနှင့်ပေ ပေါင်း(၂၀)ခန့်သာကွာဝေးသည်။ (၁၀) ပေမြင့်သော ကုန်းမြင့်ပေါ်၌ ရတနာပုံစေတီတော်အား မြောက်ဦးနန်းစံဘုရင် (မင်းခမောင်း) နှင့် မိဖုရား (သျှင်ထွေး) ခေါ် ဓမ်္မဒေ၀ီတို့သည် ကောဇာသက်္ကရာဇ်(၉၇၄) ခရစ်အေဒီ(၁၆၁၂)ခုနှစ်တွင် တည်ထားကိုးကွယ်တော်မူခဲ့သည်။ စေတီတော်ကြီးအား သာသနာငါးထောင်ပန်လုံး တည်စိမ့်သောငှာ ရည်ရွယ်၍ နောင်တွင် စေတီတော်ပြိုပျက် ခဲ့သော်လည်း ပြန်လည်တည်ဆောက်နိုင်ကြရန် ဆန်္ဒတော်ဖြင့် ( ရွှေငွေစိန်ကျောက်ပတ်္တမြားနီလာ) အစရှိသော ရတနာအပေါင်းတို့အား ဌာပနာခမ်းဝယ် ခိုင်ခန့်စွာဖြင့် ထည့်ထားတည်ထားတော်မူခဲ့သောကြောင့် လည်းကောင်း၊ ရခိုင်လူမျိုးတို့သည် ရတနာသုံးပါးကို ကြည်ညိုခြင်း၌ မဆုတ်မလျော့သော သဒ်္ဒါတရားစိတ်ထားရှိကြခြင်းကို သိစေခြင်းငှာလည်းကောင်း၊ ဤပုထိုးတော်ကြီးအား၊ (ရတနာပုံစေတီတော်) ဟူ၍လည်းကောင်း၊ မင်းခမောင်းသည် စစ်အန်္တာရာယ်အပေါင်းကို အောင်တော်မူသောကြောင့် လည်းကောင်း (ရန်အောင်မြင်) ဘုရားဟူ၍ပင် နှစ်ထပ်ကွမ်းအမည်ဖြင့် အမည်နာမသမုတ်ခဲ့လေသည်။
ဤရတနာပုံစေတီတော်၏ပုံသဏန်မှာ ( ပုပ်္ပကာရံ) ခေါ် ရေမြှုပ်ပုံသဏန် အိန်္ဒယပြည်ရှိ (ဆန်ချီထူပါ) စေစတီများနှင့်ဆင်တူလေသည်။ စေတီတော်ကြီး၏အောက်ဘက်တွင် အံတော်သိမ်ပုထိုးနှင့် တစ်ဆက်တည်း ပင်လျှင် တံတိုင်းကာရံထားတော်မူလေသည်။ ယခုအခါစေတီတော်နှစ်ဆူအကြား လူသွားလမ်းကြီး ဖြစ်နေကြ သည်။)
စေတီတော်ကြီး၏ အရှေ့ဘက်တွင် သီးခြားအုဌ်တံတိုင်းဖြင့် ကာဆီးတည်ဆောက်ခဲ့လေသည်။ စေတီတော် တစ်ခုလုံး၏ ဧရိယာဝယ် အရှေ့ဘက် အရှေ့မြောက်ဘက် ၊ တောင်ဘက်တို့၏ တက်လမ်း ဆင်းလမ်း ကျောက်လှေခါးများ တပ်ဆင်ထားသည်။ကျောက်တုံးကြီးများကို ထုလုပ်ထားသော ခြင်္သေ့ရုပ်ကြီး များတည်ရှိသည်။ စေတီကြီးကို အောက်ခြေမှဝိုင်းရံကာ ပတ်လည်တည်ထားခဲ့သော အရံအုဌ်စေတီငယ် ၂၄ ဆူ ရှိသည်။ စေတီတော်၏ ရင်ပြင်တွင် ကျောက်ဖျာများကို ခင်းထားသည်။ ၄င်းတို့ကို ကြွေရည်ဖြင့်လည်း သုတ်ထားသည်။
မိုးရာသီတွင် ရေများ စေတီအတွင်းမှ စီးဆင်းသွားနိုင်အောင် ( ဆင်ဦးခေါင်းရေပြွန် ) များကို တံတိုင်းတွင် တပ်ဆင်ထားသည်။ စေတီကြီး၏ အရှေ့ဘက်တွင်ကျောက်စေတီ (၃) ဆူရှိသည်။ ထိုစေတီ များတွင်ဂူခေါင်းအတွင်း၌ ကျောက်ဆင်းတုတော်များရှိသည်။ အလယ်စေတီငယ်ဂူထဲတွင် ကြွေရည်သုတ် ကျောက်ပြားများ ခင်းထားရှိသည်။ စေတီကြီး၏ အပြင်တံတိုင်းအရှည်မှာ ပေပေါင်း (၃၆၀) ပေ ရှိပေသည်။ အနံပေပေါင်းမှာ (၂၄၀) ပေ ရှိပေသည်။ စေတီတော်ကြီး၏ လုံးပတ်မှာ ပေပေါင်း (၃၆၀) ပေရှိပေသည်။ စေတီတော်အောက်ခြေမှ စေတီတော်အဖျားအထိ အမြင့်ပေပေါင်း (၂၀၀) ပေခန့် ရှိပေသည်။ ထူးဆန်း တင့်တယ် သပ်္ပာယ်စွာဖြင့် တည်ဆောက်ထားခဲ့သော ရတနာပုံစေတွခေါ် ရန်အောင်မြင်စေတီတော်မြတ် တဆူဖြစ်ပါတော့သည်။


၁၇။ ရတနာစံရွဲဘုရား

မြောက်ဦးနန်းစံ ဘစောဖြူမင်းစောမွန်သည် မိဘုရားစော နန်္ဒီဒေ၀ီနှင့် ကောဇာသက်္ကရာဇ် (၈၃၂) ခုနှစ် ခရစ်အေဒီ (၁၄၇၀) ခုနှစ်တွင် မင်းမြတ်တို့၏ ဓမ်္မတာတော်အတိုင်း ဗောဓိရွှေဂူ တောင်တန်း မြောက်ဘက် တောင်ကုန်းထိပ်ဝယ် ကျောက်စေတီတစ်ဆူကို ဂူတော်နှင့်တကွ ဗုဒ်္ဓ ဆင်းတုတော်ကြီးတစ်ဆူ ဂန်္ဓကုဋိတိုက်ဝယ် စမ်္ပယ်လျက် တည်ထားတော်မူပြီး (ရတနာစံရွှဲဘုရား) ဟူ၍ အမည်ပေးထားတော်မူခဲ့လေသည်။
ထိုရတနာစံရွဲစေတီတော်မှာ မသမာသူများ၏ ဖျက်ဆီးမူကြောင့် ပျက်စီးယိုယွင်းလျက် မရှုမလှ ဖြစ်နေမှုများကို မြင်တွေ့နေရလေသောကြောင့် ပုဂံညောင်ဦးမြို့ရှိ အောင်မြေဗောဓိရိပ်သာ ကျောင်းတိုက် နာယက အလိုတော်ပြည့်ဆရာတော်ဘုရားကြီး ဦးအရိယ၀ံသ (မဟာဂန်္ဓ၀ါစကပဏ္ဍိတ မဟသဓမ်္မဇောတိကဓဇ) အရှင်မြတ်ကြီးအမှူးပြုလျက် နိုင်ငံတော်အေးချမ်းသာယာရးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့အားအမှူးထားလျက် ဗိုလ်မှူး ဇော်နိုင်ဦးနှင့် ဇနီး ဒေါက်တာဒေါ်ခင်သန်္တာမြင့်၊ သားမောင်အောင်ဇေယျ၊ မောင်အောင်ကောင်းမွန် မိသားစုအပေါင်းတို့က စက်တင်ဘာလ(၉) ရက်နေ့တွင် ပြန်လည်မွမ်းမံ တည်ဆောက်လှူဒါန်းကြလေသဖြင့် ဘုရားဖူးကြသူ အပေါင်းတို့ ကြည်နူးရွှင်လန်းစွာဖြင့် နှစ်ထောင်းအားရ သာဓုခေါ်ဆိုနေကြသည်ကို တွေ့မြင်ရပေသတည်း။


၁၈။ ရတနာမှန်ကင်းဘုရား

မြောက်ဦးနန်းစံ မင်းဒေါလျာစောမွန်သည် ကောဇာသက်္ကရာဇ် (၈၄၄) ခုနှစ် ခရစ်အေဒီ (၁၄၈၂) ခုနှစ်တွင် ရတနာစံရွဲစေတီတော်အနီးဝယ် ရတနာမှန်ကင်းဘုရားတည်းဟူသော စေတီတော် တဆူကို တည်ထား တော်မူခဲ့လေသည်။ စေတီ၏ ကျောက်ဂူတော်ဝယ် ကျောက်ဆင်းတုဘုရားကြီး တစ်ဆူကို တည်ထားသည်။ ကျောက်ဆစ်လက်ရာပြောင်မြောက်သော ဘုရားဆင်းတုတော်တဆူပင် ဖြစ်တော့သည်။ ဤဘုရားမှာလည်း ကာလကြာမြင့်လေသဖြင့် ပျက်ဆီးယိုယွင်းလျက် ရှိနေသောကြောင့် အလိုတော်ပြည့် ဆရာတော်ကြီး ဦးအရိယံဝံသ ကြီးကြပ်ညွှန်ကြားမှုကြောင့် ယခုအခါ အလှူရှင်များတစ်စုက ပြန်လည် တည်ဆောက် လှူဒါန်းထားမှုကို ၀မ်းမြောက်ဖွယ်ရာ ဖူးတွေ့ရလေသည်။


၁၉။ လေးမျက်နှာ ဘုရားဝင်းတောင်ဘက်စေတီသမိုင်း

မြောက်ဦးနန်းစံ မင်းရာဇာနှင့် မိဘုရားစောသုဘာတို့သည် ကောဇာသက်္ကရာဇ် (၈၆၅) ခုနှစ် ခရစ်အေဒီ (၁၅၀၃) ခုနှစ်တွင် တည်ထားခဲ့လေသည်။ ယခုအခါကာလကြာမြင့်လေ သဖြင့် ပျက်စီးမှုဖြစ်နေသည်ကို မြင်တွေ့ရလေသဖြင့် ဘုရား ဒါယကာအဖြစ် မန်္တလေးမြို့ အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်နှင့်ဇနီး ဒေါက်တာတင်လင်းမြင့်တို့က ခရစ်သက်္ကရာဇ် (၂၀၀၀) ပြည့်နှစ် သြဂုတ်လ (၁၂) ရက်နေ့တွင် ပြန်လည်ပြုပြင်လှူဒါန်းထားလေသည်။ ထိုဘုရားစေတီ၏ရှေ့ ဓမ်္မာရုံတစ်ခုကိုလည်း ခရာဇ်သက်္ကရာဇ် (၂၀၀၀) ပြည့်နှစ် အောက်တိုဘာလ(၁) ရက်နေ့တွင် ထပ်မံပြီး ထိုဘုရားဒါယကာ ဗိုလ်ချုပ်ရဲမြင့်တို့မိသားစု လှူဒါန်း ထားကြ၍ အားရ၀မ်းမြောက်ဖွယ်ရာ ဖူးမြှော်ရပေတော့သည်။

၂၀။ လေးမျက်နှာ ခေါ် မုဒ်လေးတန်ဘုရား

ဤဘုရားမျာ မြို့တည်ဘုရားတစ်ဆူဖြစ်ပေသည်၊ မြောက်ဦးမြို့တော်ကို ဘုရင်မင်းစောမွန်သည် ကောဇာ သက်္ကရာဇ် ( ၇၉၂) ခုနှစ် ခရစ်အေဒီ(၁၄၃၀) ခုနှစ် တည်ထောင်ခဲ့သည့်အခါ နန်းတော်၏အနောက်မြောက်ထောင့်၌ ဤဘုရားအားမြို့တည်ဘုရားအဖြစ်တည်ထားခဲ့လေသည်။
ဤလေးမျက်နှာပုထိုးတော်သို့ဝင်ရန် အရပ်လေးမျက်နှာမှ တံခါးမုဒ်ဝလေးခုထားရှိသဖြင့် (လေးမျက်နှာဘုရား) ၀ါ(မုဒ်လေးတန်ဘုရား)ဟု ခေါ်ဝေါ်ကြလေသည်။ လိုဏ်ဂူအတွင်းအလယ်တွင် ပလ်္ကင်တော်များအပေါ်၌ ကြီးမားသော ကျောက်ဆင်းတုတော်ဘုရားရှစ်ဆူမှာ အရပ်ရှစ်မျက်နှာသို့မျက်နှာမူကာ တည်ရှိတားသည်။

ပုထိုးတော်ကြီး ၏ အလယ်တည့်တည့်ခေါင်မိုးပေါ်ဝယ်ထူပါစေတီတစ်ဆူ တည်ရှိသည်။ ခေါင်မိုးလေးမျက်နှာ တည်ထားသော အရံစေတီငယ်လေးဆူ ၀န်းရံလျက်ရှိသည်။ စေတီတော်ကြီးအထက်သပိတ်မှောက်တွင်(ဓာတုဂမ်္ဘ)ဖြင့် အထွဋ်တင်ထားသည်။ လေးမျက်နှာ ဘုရားပုထိုးကြီးအားလေးဘက်လေးတန် မဟာရံတံတိုင်းကာရံထားသည်။ ပုထိုးတော်ခြံဝင်းသို့ဝင်ရန်အရှေ့ဘက်နှင့် အနောက်ဘက်မှတံတိုင်းတံခါးပေါက်များရှိသည်။ (ယခုအခါပြိုပျက် နေပြီဖြစ်သည်) ဘုရားသို့ဝင်လမ်း မုဒ်ပေါက်တစ်ခုနှင့်တစ်ခုအကြား၌ လိုဏ်ဂူထွင်းပြီး နံရံများတွင် ဂူသွင်းထားသော ဘုရားငါးဆူရှိသည်။ လိုဏ်အတွင်း ဥမင်တစ်ပတ်ရှိသည်။ ဤဘုရားပုထိုးလိုဏ်အတွင်း ဘုရားပေါင်း(၂၈)ဆူ၊ နှစ်ကျိပ်ရှစ်ဆူရှိသည်။ (သမု္ဗ ဒေ်္ဓဂါထာ)တော်ပါအတိုင်း (၂၈)ဆူ ဘုရားကိုတည်ထားခြင်း ဖြစ်သည်။ဂူအတွင်းသို့ အလင်းရောင်ဝင်စေရန်ကျောက်တံခါးမုဒ်ငယ်များဖောက်လုပ်ထားသည်။ ဤဘုရားမှာရခိုင်နံအားဖြင့်(ရာဟုထောင့်) အရပ်၌မုဒ်လေးဝဖြင့်(ယ၊ရ၊လ၊၀) ဗုဒ်္ဓဟူးနံအရ တည်ထားခဲ့သော ဘုရားတစ်ဆူဖြစ်သည်။

လေးမျက်နှာဘုရားပုထိုးတော်၏အောက်ခြေမျက်ျွှာမှာ(၅၅)တံခါးမုဒ်တစ်ခုစီ(၁၇)ပေခန့်ရှိကြသည်၊ အမြင့်မှာ (၁၃)ပေခန့်ဖြစ်လေသည်။

ဤလေးမျက်နှာစေတီပုထိုးတော်နှင့်ကပ်လျက်မြောက်ဘက်တွင် ၄င်းမင်း ၏ညီတော်(နရနု-မင်းစောမွန်)တည်ခဲ့ သောစေတိတစ်ဆူတည်ရှိသည်၊အိနိ္ဒယဘွဲ့တံဆိပ်အလီခင်) အမည်ခံ နရနုမင်စောမွန်သည် ကောဇာသက်္ကရာဇ် (၇၉၅)ခုနှစ်၊ ခရစ်အေဒီ(၁၄၃၃)ခုနှစ်တွင်တည်ခဲ့သည်။ လိုဏ်ဂူထဲတွင် ပေ(၈၀)ခန့်မြင့်မားသော ဘုရားဆင်းတုကြီး တစ်ဆူရှိသည်။ ဘုရားသို့ဝင်ရန်မုဒ်ပေါက်တစ်ဖက်တစ်ချက် လက်ဝဲလကျာင်္ မုဒ်ငယ်များ ၌ဘုရားဆင်းတု ငယ်(၂၈)ဆူ ထားရှိသည်။ ဤသည်လည်း (သမု္ဗ ဒေ်္ဓဂါထာ)တော်အရ ပူဇော်ထားခြင်းဖြစ်ပေသည်။

ဤစေတီအားယနေ့တိုင်အောင်(နရနုစေတီ)ဟုခေါ်ကြလေသည်။


၂၁။ ညီတော်စေတီ
လေးမျက်နှာစေတီပုထိုးတော်နှင့်ကပ်လျက် မြောက်ဘက်တွင် စောမွန်မင်း၏ညီတော် (နရနူမင်းစောမွန်) တည်ထားခဲ့သော စေတီတဆူဖြစ်သည်။ (အိန်္ဒိယနိုင်ငံ)မှ ဘွဲ့တံဆိပ်တော်ခံ (အလီခင်နရနူမင်းစောမွန်) ပင်ဖြစ်သည်။ ထိုမင်းသည် ကောဇာသက်္ကရာဇ် (၇၉၅) ခုနှစ် ခရစ်အေဒီ (၁၄၃၃) ခုနှစ်တွင် ဤစေတီတော်အား တည်ခဲ့သည်။ စေတီ၏ လိုဏ်ဂူထဲတွင် ကြီးမားသော ကျောက်ဆင်းတုတော်ကြီးတဆူရှိသည်။ ဘုရားသို့ဝင်ရန် မုခ်ဂူပေါက် တဘက်တချက်တွင် လက်ဝဲလက်ျာမုခ်ဂူငယ်များ၌ ဘုရားဆင်းတုငယ် (၂၈) ဆူ တည်ရှိသည်။ ဤသည်မှာ သမ်္ဗုဒေ်္ဓဂါထာတော်အရ ပူဇော်ထားခြင်းဖြစ်သည်။ ဤစေတီတော်အား (ညီတော်စေတီ) ဟူ၍ ယနေ့ထိတိုင်အောင် ခေါ်ဆိုကြလေသည်။


၂၂။ မြတန်ဆောင်းဘုရားစေတီသမိုင်း
ဤမြတန်ဆောင်းဘုရားများမှာ လေးမျက်နှာဘုရား၏ မြောက်ဘက်တွင် တည်ရှိပြီး အကွာအဝေးပေပေါင်း (၅၀၀) ခန့်၌ တည်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားကုန်းတော်အမြင့်မှာ ပေပေါင်း (၄၀) ခန့်ရှိသည်။ ဤဘုရားစေတီနှစ်ဆူသည်လည်း မြို့တည်ဘုရားအထဲတွင် အပါအ၀င်ဖြစ်သည်။ အရှေ့တန်ဆောင်းနှင့် အနောက်တန်ဆောင်းဟူ၍ စေတီတော်နှစ်ဆူကို ဘုရင်မင်းစောမွန်သည် ကောဇာသက်္ကရာဇ် (၇၉၂) ခုနှစ်၊ ခရစ်သက်္ကရာဇ် (၁၄၃၀) ခုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီတော်များမှာ ကျောက်စေတီများ ဖြစ်ကြသည်။ အရံစေတီတံတိုင်းနှင့် လှေကားများကို အုဌ်ဖြင့် တည်ဆောက်ထားသည်။ စေတီတော်နှစ်ဆူ၏ အရွယ်အစားများမှာ တူညီမှုရှိကြသည်။
စေတီတော်၏ အောက်ခြေပတ်လည်မှာ ပေပေါင်း (၁၂၀) ရှိသည်။ ဘုရားစေတီဂူအတွင်း၌ ပလ်္လင်ပေါ်ဝယ် (၆) ပေခန့်မြင့်သော ကျောက်ဆင်းတု ဘုရားတစ်ဆူစီရှိကြသည်။ ဘုရားတံတိုင်းများအတွင်းတွင် ထောင့်လေးထောင့်၌ အုဌ်ဖြင့် တည်ထားသော အရံစေတီလေးဆူတည်ရှိသည်။ စေတီတောင် တစ်ဆူတွင် သမုတ်သိမ်တော် တစ်ခုစီရှိလေသည်။ မြတန်ဆောင်းဘုရားစေတီပေါ်သို့ တက်ရောက်ဖူးမြော်နိုင်ကြရန် အရှေ့ဘက်၊ မြောက်ဘက်၊ အနောက်ဘက် (၃) ရပ်မှ ကျောက်အုဌ်များဖြင့် လှေကားတပ်ဆင်ထားသည်။ ထိုစေတီတို့၏ အနီးတွင် သံဃာတော်များ သီတင်းသုံး နေထိုင်ခဲ့ကြသော ကျောင်းနေရာတော်များ ရှိကြသည်။ မြောက်ဦးခေတ်တွင် မင်းလှစောမွန်လက်ထက်နှင့် မင်းရာဇာကြီးလက်ထက်တို့၌ သီဟိုဠ်ကျွန်းဝယ် သာသနာတော်မှေးမှိန်သွားသဖြင့် မြတန်ဆောင်းဆရာတော် ဘုရားကြီးသည် သာသနာပြုရန် မကြာခဏ သွားရောက်တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပေသည်။ ဤစေတီတော်များမှာ မြောက်ဦးမြို့မြောက်ဘက်တည်ရှိ၍ မြို့နှင့် မလှမ်းမကမ်း နီးစပ်မှုရှိသည်။

၂၃။ မုတ်ဆိတ်တော်ဓာတ်စေတီသမိုင်း
ဤမုတ်ဆိတ်ဓာတ်တော်စေတီတောင်မှာ မြတန်ဆောင်းဘုရား၏ မြောက်ဘက် ပေပေါင်း (၃၀၀) ခန့်အကွာအဝေးတွင် တည်ရှိသည်။ ပေပေါင်း (၁၀၀) ခန့်မြင့်မားသော တောင်ကုန်းတော်ပေါ်၌ တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေတီတော်မြတ်သည်လည်း (မြို့တည်ဓာတ်တော်စေတီ) တဆူပင်ဖြစ်သည်။ ဘုရင်မင်းစောမွန်သည် ကောဇာ (၇၉၂) ခုနှစ် ခရစ်အေဒီ (၁၄၃၀) ခုနှစ်တွင် မြောက်ဦးထီးနန်းစတင်ပြီးသည်နှင့်တပြိုင်နက်ပင် ထည်ထားခဲ့သော မြို့တည်ဘုရားတစ်ဆူအပါအ၀င်ဖြစ်သည်။ စေတီတော်၏ တောက်ကုန်းတော်မှာ နှစ်ဆင့်ဖြစ်သည်။ ပထမဆင့်တွင် ကျောက်ဖြင့် တည်ဆောက်ထားသော ပိဋကတ်တိုက်တစ်ခုရှိသည်။ ကျောက်တံတိုင်း လေးမျက်နှာ ကာရံထားသည်။ ဂူတော်အဲ၌ကျောက်ဆင်းတုဘုရား (၃) ဆူထားရှိသည်။ တောင်ကုန်း၏ အပေါ်ဆုံးအထပ်တွင် မြတ်စွာဘုရား၏ မုတ်ဆိတ်တော်ဓာတ်ကို စေတီတည်ထားခဲ့ခြင်းဖြစ်သည်။ ဤဘုရား ကုန်းတော်တစ်ခုလုံး၏ မြေအပြင်သည် အလျားပေပေါင်း (၁၀၀) ရှိသည်။ အမြင့်ပေ (၁၅) ပေခန့်ရှိသော အုဌ်ခုံပစ်္စယံကြီး၏ အလယ်ဗဟိုတည့်တည့်တွင် စေတီတော်ကြီးကို တည်ထားခဲ့ခြင်းဖြစ်သည်။ စေတီတော်၏ အထက်သပိတ်မှောက်တွင် (ဓာတုကမ်္ဘ) တင်ထားလေသည်။ ထို့ကြောင့် တုက်္ကန့်သိမ်ပုထိုးတော်နှင့် အဆင်းသဏ္ဍာန်တူလေသည်။ စေတီတော်၏ ပတ်လည်ပေပေါင်းမှာ (၁၀၀) ခန့်ရှိ၍ စေတီတော်၏ အမြင့်မှာ (၅၀) ပေဖြစ်လေသည်။ ထောင့် (၄) ထောင့်တွင် အရံစေတီလေးဆူ တည်ရှိသည်။ စေတီတော်၏ အရှေ့ဘက်တွင် (ဘုရားခြေတော်ရာပုံ) တစ်ခုရှိလေသည်။ ၄င်းခြေတော်ရာကို ယခုအခါ (မြို့နယ်ဂေါပကအဖွဲ့) မှသျှစ်သောင်းဘုရားသို့ ပြောင်းရွှေ့ထားပေသည်။
ထိုစေတီတော်မြတ်၏ မြောက်ဘက်ဇောင်းတွင် မင်းစောမွန်ဘုရင် ဆောက်လုပ်လှူဒါန်းခဲ့သော (စန်္ဒာရာမကျောင်းတော်ရာ) တည်ရှိလေသည်။ ကျောင်းတော်ရာတစ်ခုလုံးကို ကျောက်တံတိုင်းတို့ဖြင့် ကာရံတည်ဆောက်ခဲ့လေသည်။


၂၄။ ထူပါရုံစေတီတော်သမိုင်း

မြောက်ဦးမြို့တော်ရှိ (ထူပါရုံစေတီတော်) ခေါ် ထူပါရာမစေတီတောမြတ်မှာ လင်ပန်းပြောက်ဘုရား စေတီတော်၏ မြောက်ဘက်အနီးကပ် မြေနိမ့်ပြန့်တွင် တည်ရှိလေသည်။ ဘုရင်မင်းရန်အောင်သည် မင်းဖြစ်သည်ချက်ချင်း ကောဇာသက်္ကရာဇ် (၈၅၆) ခုနှစ် ခရစ်အေဒီ (၁၄၉၄) ခုနှစ်တွင် တည်ထားခဲ့သော စေတီတစ်ဆူ ဖြစ်ပေသည်။ ဤစေတီတော်အား နောက်မင်းဆက်ဖြစ်သော မင်းခမောင်းဘုရင်နှင့် မိဖုရားကြီး ဓမ်္မာဒေ၀ီတို့သည် ကောဇာသက်္ကရာဇ် (၉၇၅) ခုနှစ် ခရစ်သက်္ကရာဇ် (၁၆၁၃) ခုနှစ်တွင် စေတီတော်အား ရွှေသင်္ကန်း ကပ်လှူပူဇော်တော်မူခဲ့လေသည်။ ဤဘုရားမှာ တန်ခိုးကြီးသော အောင်မြေ၌ တည်ရှိသော ဘုရားဖြစ်သောကြောင့် နောင်မင်းဆက်အပေါင်းတို့ အသိအမှတ်ပြုသမုတ်ကြပြီးသော် လာရောက်ဖူးမြောက်ကန်တော့ကြပြီးသော် မင်းအပေါင်းတို့ (အောင်မြေနင်းကြသည်)ဟု သမိုင်းတွင် တွေ့ရှိရပေသည်။
ဤစေတီတော်အား တံတိုင်းနှစ်ထပ်ကာရံထားသည်။ လေးမျက်နှာသော တံတိုင်းများ၌ ၀င်လမ်းနှင့်ထွက်လမ်းအဖြစ် လေးပေါက်ရှိလေသည်။ ဘုရားတံတိုင်းတွင်းဘက်ဒေါင့်များတွင်လည်း ခြင်္သေ့ကိုယ်နှင့် လူ၏ဦးခေါင်းပါသော (မနုသီဟ) ရုပ်လုံးများကို တည်ထားရှိလေသည်။ စေတီတော်မှာ ကျောက်အတိပြီးသော စေတီဖြစ်လေသည်။ စေတီတော်၏ ပုံသဏ္ဍာန်မှာ စေတီအောက်ခြေ ဖိနပ်ရှစ်မြှောင့်ခံလျက် တည်ဆောက်ထားခဲ့သည်။ စေတီ၏ ပစ်္စယံအဆင့်များတွင် ကြာဖူးများကို ထုလုပ်တပ်ဆင်ထားသည်။ ပစ်္စယံနှစ်ဖက်တွင် အရပ်လေးမျက်နှာသို့ မုခ်ဖွင့်ထားရှိသည်။ ထိုမုခ်ထဲဂူငယ်တို့တွင် ဗုဒ်္ဓရုပ်ပွားကျောက်ဆင်းတုတော်များ တည်ရှိသည်။ ရှေးအခါက စေတီတော်၏ အရှေ့ဘက်တွင် ဘုရားသိမ်တော်ကြီးကို တည်ဆောက်ထားခဲ့လေသည်။
မင်းဗာဘုရင်ကြီး၏ သားလတ်ဖြစ်သော (မင်းစလောင်း) လက်ထက်တော်က ဤစေတီတော်၏ တံတိုင်းနှစ်ခုကြားဝယ် (ဇီဝိတဒါန) အဖြစ်ဖြင့် အခမဲ့တိုင်းရင်းဆေးခန်းကြီး (ဆေးရုံ) တစ်ခုကို ဖွင့်လှစ်လျက် ရဟန်းရှင်သူအပေါင်းတို့အား အခမဲ့ ဆေးကုသနိုင်ကြစေရန်အတွက် တည်ဆောက်လှူဒါန်းခဲ့လေသည်။ ဤထူပါရာမစေတီတော်၏ အောက်ခြေလုံးပတ်လည်မှာ ပေပေါင်း (၂၈၀) ရှိလေသတည်း။ စေတီတော်၏ အမြင့်ပေပေါင်းမှာ (၈၀) ပေမြင့်သည်။ ဤစေတီတော်အား ရခိုင်မင်းတို့ အဆက်ဆက် ပြုပြင်မွမ်းမံထားခဲ့ကြသည်။

၂၅။ လင်ပန်းပြောက်စေတီတော်

ဤဘုရားစေတီတော်ကြီးမှာ ထူပါရာမစေတီတော် ၏ တောင်ဘက်ပေ(၁၅၀) ခန့်အကွာတွင်တည်ရှိလေသည်။ မြောက်ဦးမြို့တော်တွင်စိုးစံသော (စလတ်္တမင်းစောမွန်)ခေါ် (မင်းခေါင်ရာဇာ)သည် ကောဇာသက်္ကရာဇ် (၈၈၇) ခုနှစ်၊ ခရစ်အေဒီ(၁၅၂၅) ခုနှစ်တွင် အတိတ်တဘောင် ထွက်ဆိုချက်အရ တည်ထားကိုးကွယ်ခဲ့လေသည်။

ထိုမင်းမြတ်လက်ထက်တွင် ကလေးသူငယ်အပေါင်းတို့ ၏နှုတ်ဖျားမှ အတိတ်သဘောင် စကား ပေါ်လတ်ခြင်းကား (ခရမ်းသီးလက်ကောက်ပြောင်ပြောင်တောက်၊ချီးမှာဝယ် လင်ပန်းပြောက်)ဟူသတည်း။
ဘုရင်မင်းမြတ်ကြားသိတော်မူ၍ နန်းတော်၌ ပညာဟိမှူးမတ်တို့နှင့်တိုင်ပင်လေသော် ကျိန်းကိုကျေစေလျက်
ဘုန်းတန်ခိုးကြီးမြတ်စေရန် တိုင်ပင်လေသော်တဘောင်အတိုင်း နန်းတော်၏မြောက်ဘက် တစ်မိုင်ခန့်ပမာဏ မြေညှိလျက်စေတီကြီးတစ်ဆူ(ဗုဒ်္ဓကု)တည်ရန်အကြံဉဏ်များပေးကြသည့်အလျောက်မင်းမြတ်သည်ဝမ်းမြောက်စွာဖြင့် ကျောက်တံတိုင်းနှစ်ထပ်ကာရံလျက်(လင်ပန်းပြောက်စေတီကြီး)ကိုတည်ထားသည်။

စေတီတော်သို့ဖူးမြော်တက်ရောက်ရန် အရှေ့ဘက်နှင့်အနောက်ဘက်တို့က ကျောက်လှေကားနှစ်ခုတပ်ဆင် ထားလေသည်။ ဘုရားတံတိုင်းပတ်လည်တို့တွင်လည်း ကြွေရည်ဖြင့်သုတ်ထားသော ရောင်စုံအုတ်ခွက် ပန်းပွင့် ကြီးငယ်များကို ကျောက်နံရံတံတိုင်းပတ်လည်လင်ပန်းပြောက်သဏ္ဍာန် စီမံတပ်ဆင်ထားလေသည်။ ပန်းပွင့်ကြီး တစ်ခုစီတွင်ဝတ်ဆံဝိုင်းတစ်ခုနှင့် ပွင့်ဖတ်လေးခုစိပါရှိလေသည်။ တံတိုင်းပတ်လည်တွင်ပန်းပွင့်ကြီးပေါင်း(၁၁၆)ပွင့်နှင့် ပန်းပွင့်ငယ်ပေါင်း(၂၄၀) ကို တပ်ဆင်ထားလေသည်။ ယခုအခါ ကြွေရည်သုတ်လင်ပန်း သဏ္ဍာန်ပန်းပွင့်များမှာ ပျက်စီးလျက်ရှိချေပြီးအကြီးအငယ်အနည်းငယ်မျှသာကျန်တော့သည်။

စေတီတော်ကြီး၏ပုံသဏ္ဍာန်မှာ ရှစ်မြှောင့်ပုံဖြစ်ပြီးသော် ပစ်္စယံတစ်ဆင့်စီ၌ ရာဇပလ်္လပင်ကူးမုခ်ပေါင်းကို ကျောက်ဆစ်လက်ရာများဖြင့်ပြုလုပ်ထားသည်။ ထိုမုခ်များအတွင်းဘုရားတစ်ဆူစီရှိကြသည်။

အရှေ့ဘက်မုခ်မှာ အလွန်လှပသော ကျောက်ဆစ်လက်ရာဖြစ်သည်။ မုခ်ထဲဂူများရှိ ဘုရားပုံမှာ မုနိတော်၌ ကြာဖူးပါသော(ပဒုမ်္မုတ်္တရ) ဘုရားအားရည်ရွယ် ထုလုပ်ထားသည်။ စေတီတော် ၏အောက်ခြေမှာ(၁၅၆)ပေရှိ၍၊ စေတီတော် ၏အမြင့်မှာပေပေါင်း(၁၂၀)မြင့်လေသည်။ ဤဘုရားစေတီတော်ကြီးအားသွားရောက်ဖူးမြော်သင့်ကြသည်။


၂၆။ ဗောဓိရွှေဂူစေတီတော်သမိုင်း
ဤစေတီတော်မှာ လင်ပန်းပြောက်ဘုရား၏ အရှေ့ဘက်တောင်တန်းတွင် တည်ရှိသည်။ မြောက်ဦးနန်းစံ (ဘစောဖြူ၊ မင်းစောမွန်) သည် ကောဇာသက်္ကရာဇ် (၈၃၂) ခုနှစ်၊ ခရစ်အေဒီ (၁၄၇၀) ခုနှစ်တွင် တည်ထား ပူဇော်တော်မူခဲ့လေသည်။ စေတီတော်အောက်ခြေမှစပြီး (၈) ရှစ်မြောင့်ပုံသဏ္ဍာန်ဖော်ကာ တည်ဆောက်ထားပြီး အပေါ်တွင် ဓာတ်လုံးပုံသဏ္ဍာန် ဖြစ်ပေသည်။
စေတီတော်မြတ်၏ ဒေါင့်ချိုးများတွင် နံသင့်ရာဂြိုဟ်နတ်တို့၏ အရုပ်တို့ကို ကျောက်ဆစ်ရုပ်လုံးများအဖြစ် ထုလုပ်ထားရှိသည်။ ဤစေတီတော်၏ လုံးပတ်မှာ ပေပေါင်း (၁၀၆) ပေခန့်ရှိသည်။ စေတီတော်အမြင့်မှာ ပေ (၃၀) မြင့်မားသည်။ စေတီကို ကျောက်အတိဖြင့် တည်ဆောက်ထားခဲ့သည်။ အရှေ့ဘက်အရပ်မှ စေတီတော်၏ အတွင်းသို့ဝင်ရန် ဂူပေါက်ထားရှိသည်။ ထိုကျောက်လိုဏ်ဂူ၏ ၀င်လမ်းတစ်ဖက်တစ်ချက်စီတွင် ဇာတ်နိပါတ်တော် လာရုပ်လုံးများကို ကျောက်ဆစ်လက်ရာဖြင့် အနုပညာထူးဆန်းစွာနှင့် ၀တ်စားဆင်ယင်မှုများကို ထုလုပ်ဖော်ပြထားသည်။ ဘုရင်မင်းမြတ်ထွက်တော်မူခန်းနှင့် မှူးမတ်သေနာပတိတို့ ဆင်မြင်းစီးကာဖြင့် နေပုံများကို အသေးစိတ် ထုလုပ်ထားသော ကျောက်ဆစ်လက်ရာများမှာ ရှေးက ဗိသုကာပညာရှင်တို့အား အထူးချီးမွမ်းစရာ စိတ်ဝင်စားဖွယ်ပင် ဖြစ်ပေတော့သည်။ ဤဘုရား၌ ထိုလက်ရာများကို ယနေ့တိုင် တွေ့မြင်နိုင်ပေသေးသည်။ ထိုအရုပ်များ၏ အပေါ်၌ ဘုရားဆင်းတုတော်များကို တည်ထားရှိပြန်သေးသည်။ ဘုရားကြီး၏ ဂန်္ဓကုဋိတိုက် အမြင့်ပေမှာ (၆) ပေခန့် မြင့်မားသည်။ ဂူတော်ကြီး၏ အလယ်တည့်တည့်တွင် ပလ်္လင်ပေါ်၌ ကျောက်တစ်လုံးတည်းကို ထုလုပ်လျက် တည်ထားသော ဘုရားဆင်းတုတော်ကြီးတစ်ဆူ ရှိသည်။ ပလ်္လင်ကိုလည်း ကျောက်တစ်လုံးတည်းဖြင့် ထုထားလျက် (ချုံးပန်းချုံနွယ်ပန်း) မျိုးစုံတို့ဖြင့် တန်ဆာဆင်ကာဖြင့် ထုလုပ်ပူဇော်ထား၍ အထူးသပ်္ပာယ် ကြည်ညိုဖွယ်ရာ ဗုဒ်္ဓဘုရားတစ်ဆူ ဖြစ်ပေသည်။



၂၇။ ကိုးသောင်းဘုရားပုထိုးတော်ကြီး
ကိုးသောင်းဘုရား ပုထိုးတော်သည်၊မြောက်ဦးနန်းတော် ၏အရှေဘက် တစ်မိုင်ခွဲခန်(ရွာဟောင်းတော) သွားလမ်းအနီးတွင် တည်ရှိသည်။
မင်းဗာဘုရင်၏သားတော်ကြီးမင်းသိက်္ခာခေါ်(မင်းဒီဃ)သည်ရောဂါဝေဒနာခံစားရသဖြင်.အမတ်ပညာဟိ များအကြံပေးချက်အရ (ဘုရားကု၊ဗုဒ်္ဓကု) ယတ်္တရာအားဖြင်.န၀င်းကျေစေရန် ကိုးသောင်းပုထိုးတော်ကြီးကို တည်ရန် နန်းမှဆင်း၍ ဘုရားကုန်းအနီး ယာယီတဲနန်းဆောက်ကာ ဘုရားပုထိုးကြီးကိုစတင်ပြီးလျှင်ကောဇာသက်္ကရာဇ်(၉၁၅)ခုနှစ်၊
ခရစ်သက်္ကရာဇ်(၁၅၅၃)ခုနှစ် မင်းတိက်္ခာနှင့် မိဘုရားစောသန်္တာဒေ၀ီတို့တည်ခဲ့လေသည်။
ဤသို့ဘုရားမတည်၊ ဗုဒ်္ဓကုမလုပ်ခဲ့သော်(၆)လအတွင်းနတ်ရွာစံမည်ဟုပုဏ္ဍားတော်များဟောထားသည်။ ဤဘုရားအားတည် ထားခဲ့လေမှုကြောင့်နန်းသက်ရှေ့သို့(၃)နှစ်ထိရှည်ခဲ့သည် ဟုအဆိုရှိပါသည်။ ကိုးသောင်းဘုရား ပုထိုးတော်ကြီး၏ ပုထိုးထော်အတွင်းတို့၌ ဘုရားဆူ ရေကိုးသောင်းကိုဌာပနာခဲ့လေသည်။
လိုက်ဂူတော်အပေါ်ထပ်၌လည်းစေတီတော်ကြီးတစ်ဆူကိုတည်ထားသည်။အပြင်နံရံတွင်လည်းအဆင့် ကိုးဆင့်ကာရံထားသည်။ထိုအဆင့်များကိုတိုင်တွင်ကျောက်တုံးများကိုပေါင်းကူးစပ်ထားသည်။ပုထိုးတော်ကြီးပတ်လည်တွင်စေတီဆူရေပေါင်း(၁၀၈)ဆူ။ဗုဒ်္ဓ၀င်အရတည်ထားသည်။ပုထိုးတော်ကြီး၏အလယ်တည့်တည့်တွင်ထူပါပုံစေတီကြီးတစ်ဆူရှိသည်။ စေတီတြော်ကီး နှင့် ရင်ပြင်ကို သိမ်တော်ဆောက်၍ မိုးကာထားသည်။ အရှေ့ဘက် ဘုရားတက်လမ်း တစ်ခုရှိသည်။ ထိုတက်လမ်းမှ တက်လျှင်သိမ်တော်ကြီး တည်ထားရာသို့ ရောက်သည်။ ထိုရင်ပြင်တော်၏ လက်ဝဲလက်က်ျာနှစ်ဘက်တွင် ဂူထဲသို့ဝင်ရန် ၀င်လမ်း၊ ထွက်လမ်းများ တည်ရှိသည်။ မင်းတိက်္ခာသည် ယာယီတဲနန်း၏ မြောက်ဘက်အနီးတွင် ( ဦးတော်ဆေးကန်၊ မင်္ဂလာကန် ) တစ်ခုကိုလည်း တူးဖော်တည်ထားခဲ့လေသည်။ ဤကိုးသောင်းဘုရားပုထိုးတော်၏ အလျားပေပေါင်းမှာ (၂၅၀) ပေရှိသည်။ အနံပေမှာ ( ၂၃၀) ပေရှိသည်။


၂၈။ ဘုရားအုပ်ဘုရား
ဤဘုရားကြီးမှာ မြောက်ဦးနန်းတော်အရှေ့ဘက် (၇)ဖာလုံခန့် အကွာအဝေးတွင် တည်ရှိသည်။ မင်းဗာဘုရင်မင်းကြီးသည် တိုင်းနိုင်ငံအားထိမ်းချုပ်ကွပ်ကဲစိုးမိုးနိုင်စေရန်အတိတ်နမိတ်ကိုဆောင်လျှက် ကောဇာသက်္ကရာဇ်(၈၉၈) ခုနှစ်၊ ခရာဇ်(၁၅၃၇)ခုနှစ်တွင်တည်ထားခဲ့ သောဘုရား ဖြစ်သည်။ စေတီတော်၏ အထက်ပိုင်းများမှာ ယခုအခါပြိုပျက်လျက်အနိမ့်ဖြစ်နေသည်။ စေတီ၏အဆင့်ပစ်္စယံမှာ ယခုအခါ တစ်ဆင့်တည်းသာ ကျန်ရှိတော့သည်။ ထိုပစ်္စယံ၏ ပတ်လည်တွင် မုခ်ဂူငယ်များထားရှိပြီး၊၄င်းဂူငယ် (၂၉)ခု တွင် ဗုဒ်္ဓဆင်းတုငယ်များ တည်ထားရှိသည်။ စေတီကြီးသို့ဝင်ရန်အရှေ့ဘက်မှ ၀င်လမ်းတံခါး ဘောင်လိုဏ်ဂူရှိသည်။ စေတီ၏အလယ် ဂန်္ဓကုဋိတိုက်ခန်းမတွင်း၌ ဗုဒ်္ဓကျောက်ဆင်းတုတော်ကြီးတစ်ဆူရှိသည်။ဘုရားကြီး၏အမြင့်ပေမှာ(၁၃)ပေခန့်မြင့်မားသည်။
ထိုဘုရားကြီးကို ကျောက်ဆစ်လက်ရာ ကြာပလ်္လင်ပေါ်၌ တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤဘုရားကြီး အားတည်ဆောက်ပြီးသောအခါ နိုင်ငံတော်တစ်ခုလုံးကို အုပ်ချုပ်တိမ်းသိမ်းစိုးမိုးနိုင်ခဲ့သည်ဟုစာဆိုရှိလေသည်။


၂၉။ သိမ်တော်ကြီးဘုရား
မြောက်ဦးနန်းစံ မင်းဗာဘုရင်ကြီးသည်၊ ကောဇာသက်္ကရာဇ်(၈၉၄)ခုနှစ်၊ ခရာဇ်သက်္ကရာဇ်(၁၅၃၂) ခုနှစ် တွင်မြို့ တော်ကိုစည်ကား အောင်စီမံကွပ်ကဲပြုလုပ်သောအခါ၌ ဂူတော်(၉)လုံးအနက် တစ်လုံးအပါအ၀င် အဖြစ် (သိမ်ကြီးတောင်ဘုရား)ကိုတည်ထားတော်မူသည်။
ထို့ကြောင့်ဟမြောက် ဦးတည်ခဏ်း လင်္ကာတော်ကြီး၌၊ ဘုရားများလှ၊ လေးဌာနနှင့်၊ သုံးဝမြတ်ပန်း၊ ကျော်ဝှန်းတခြား၊ မူကားလေးခု၊ ဂုမှာန၀၊ သက်္ကရတနာ၊ မာန်မှာငါးပါး၊တည်ထားမြို့တည်ငါးရပ်မည်တည်း “ ဟူသောလကာင်္တော်အရ (သိမ်ကြီးရွှေဂူ)တစ်ခုဖြစ်ပေသည်။ဤဘုရားမှာမြောက်ဦးမှ မြောင်ဘွေသွား ကားလမ်းအနီး၊ မြို့တံခါးပေါက်အဆင်းလက်ဝဲဘက်တွင်တည်ရှိသည်။
ဘုရားသိမ်တော်ကုန်းအမြင့်မှာ ပေပေါင်း(၃၀)ခန့်သာမြင့်သည်။ တောင်ကုန်း တစ်ခုလုံးကို မဟာသိမ်အဖြစ်တည် ဆောက်ခဲ့သည်။ သမုတ်သိမ်တိုင်တို့ မှာမြေအောက်မြုပ် နေရာ မှ အပေါ်သို့(၅)ပေခန်ြ့မင့်မားစွာ မြင်တွေ့ရသည်။ယခုအခါ အဆောက်အဆောက်အဦးဂူ တစ်ခုလုံးပြိုပျက်လျှက် အုတ်နံရံလေးဘက်အလယ် ပလ်္လင်ပေါ်ဝယ်ဘုရားဆင်း တုတော်ကြီး သာရှိသည်။ဗုဒ်္ဓဆင်းတုမှာ (၁၂) ပေခန့်မြင့်မားသည်။



၃၀။ မင်းခေါင်ရွှေတူဘုရားသမိုင်း

ဤဘုရားသည် မြောက်ဦးမြို့ နန်းတော်ကုန်း၏ အရှေ့ဘက် မိုင်ဝက်ခန့်ရှိကွာဝေးသော (ဘုရားအုပ်စေတီ) တော်၏ တောင်ဘက် ကိုက် (၂၀၀) ခန့်အကွာအဝေးတွင် တည်ရှိသည်။ သီရိသုဓမ်္မာရာဇာမင်းသည် မိဖုရားကြီး နတ်သျှင်မယ်ဒေ၀ီနှင့် ကောဇာသက်္ကရာဇ် (၉၉၁) ခုနှစ် ခရစ်အေဒီ (၁၆၂၉) ခုနှစ်တွင် တည်ထားတော်မူခဲ့လေသည်။ စေတီတော်မှာ လုံးပိတ် ထုချွန်စေတီတော်မျိုးဖြစ်သည်။ ကျောက်တုံးများကို အံသွင်းပြီး တည်ထားသော စေတီတစ်မျိုးဖြစ်သည်။ စေတီ၏ ပစ်္စယံအဆင့်များတွင် မုခ်များ ထားရှိသည်။ မုခ်တံကဲတို့တွင် လက်ရာပြောင်မြောက်သော ကျောက်ဆစ်ပန်းပု လက်ရာများ ထုလုပ်တည်ထားသည်။
စေတီတော်၏ သပိတ်မှောက်နေရာကို သိုက်ဆရာ အဖျက်သမားတို့က ဖျက်ဆီးလေကြ၍ စေတီတော်မှာ ယိမ်းယိုင်နေသည်။ ဤစေတီတော်မြတ်အား ယခုအခါ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက်္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့က) ပြန်လည်တည်ဆောက်ပြုပြင်လှူဒါန်းထားကြသဖြင့် ၀မ်းမြောက်ဖွယ်ရာ ဖူးတွေ့ရပေသည်။
ဤစေတီတော်တည်ထားခဲ့ရာတွင် မိဖုရားကြီး နတ်သျှင်မယ်က ဦးဆောင်တော်မူခဲ့ပြီး တည်ထားခြင်းဟု သမိုင်းမှတ်တမ်းများအရ သိရပေသည်။


၃၁။ လက်ဝဲ ဗီစိတော်ဓာတ်ဘုရာသမိုင်း

ဤ(ဗိစိတောင်)ဘုရားမှာ ရှေးလွန်လေပြီးသော တတိယဓည၀တီမြို့တော်စံ (သူရိယစက်္ကမင်းကြီး) သည် မိဖုရား(ရုစိတာဒေ၀ီ)နှင့် ကောဇာသက်္ကရာဇ် (၂၁၄)ခုနှစ် ခရစ်အေဒီ(၃၁၆) ခုနှစ်တွင် ထီးနန်းစိုးစံသောအခါ မဇ်္ဈိမဒေ သီရိဓမ်္မာသောကမင်းထံမှ ခွဲဝေရရှိခဲ့သောဓာတ်တော်များအနက် မြတ်စွာဘုရားအလောင်းတော် ဘ၀နုငယ်စဉ်က ကျင်လည်နေထိုင်ခဲ့သော ဤ(သီလာဂီရိပဗ်္ဗတ) တောင်ကုန်းဝယ် (၀က်မင်း)တစစ် ဖြစ်ခဲ့သောကြောင့် ငါ၏ ပီစိ လက်ဝဲတော်ဓာတ်သည် လိမ့်မြည်ဟု ဗျာဒိတ်တော်ထားခဲ့ချက်အရ တည်ခဲ့လေသည်။
ဤဘုရားမှာ(ကိုးသောင်းဘုရား)၏တောင်ဘက်(တစ်ဖါလုံ)ခန့်အကွာအဝေး(ရွာဟောင်းတောကျေးရွာ သွားလမ်း) လင်္ကျာဘက်အနီးတွင် ပေပေါင်း(၁၀၀)ခန့်မြင့်မားသော (သီလာဂီရိပဗ်္ဗတ) တောင်ကုန်းဝယ် တည်ထားလေသည်။ ဤဘုရားမှာ နှစ်ပေါင်းထောင်ချီကာ ကြာမြင့်လေ၍ ပျက်စီးမှုရှိသည်ကို လေးမြို့ခေတ် ပုရိန်မြို့တော်ရှင် (မင်းကောလိယရာဇာ)သည် ကောဇာသက်္ကရာဇ်(၄၈၅)ခုနှစ် ခရစ်အေဒီ (၁၁၆၃) ခုနှစ်တွင် ပြန်လည်ပြုပြင်တည်ဆောက် ခဲ့လေသည်။
ဤဘုရားအား တတိယအကြိမ်အဖြစ် မြောက်ဦးခေတ်ကာလ (ဘုရင်မင်းဖလောင်း)သည် ပြန်လည် ပြုပြင်တည်ထားတော်မူခဲ့သည်ဟု သမိုင်းမှတ်တမ်းရှိလေသည်။ လိုဏ်ဂူတော်ဖြင့်တည်ဆောက် ထားခဲ့သော ပုထိုးတော်ဖြစ်သည်။ ဘုရားကြီး၏ အရှေ့ဘက်မျက်နှာ အရှည်(၃၅) ပေစီဖြင့် အညီအမျှ စတုရန်းပုံသဏ္ဍာန် (၁၄၀)ပေ ရှိသည်။ ဂူတော်၏အမြင့်မှာ (၁၅)ပေခန့်ရှိသည်။ လိုဏ်ဂူတော်ထဲတွင် ဘုရားကြီး (၅) ဆူတည်ရှိသည်။ ဘုရား တစ်ဆူစီ၏ အမြင့်ပေမှာ (၇) ပေစီ အညီအမျှ ရှိကြသည်။ ဘုရားရုပ်တုတော်တို့၏ (ဒူးစွန်းတော်) တို့သည်လည်း (၇) ပေစီအားဖြင့် အညီအမျှ ရှိကြလေသည်။ ဤပုထိုးတော်မှာ မြတ်စွာဘုရား၏ လက်ဝဲဘက်(ပီစိဓာတ်) ဖြစ်သည်။


၃၂။ နိမ့်ပူဇာစေတီသမိုင်း

ဤ(နိမ့်ပူဇာစေတီ)တော် သုံးဆူကို နန်းတော်ကုန်း၏ အရှေ့ဘက်မိုင်ဝက်ခန့်တွင် ပေ(၁၀၀)ခန့် မြင့်မားသော တောင်တန်း၌ စေတီ(၃)ဆူကို တည်ထားရှိသည်။ ဤစေတီတော်များမှာ (ဘုရားအုပ်ဘုရား) နှင့်နီးစပ်စွာ ဖူးမြှော်နိုင်သည်။ဤစေတီများကိုမြောက်ဦးနန်းစံ (စလတ်္တာမင်းစေမွန်) ခေါ် (မင်းခေါင်ရာဇာ) သည် စောမွန်မင်းဆက် (၁၂) ဆက်မြောက်ဖြစ်သည်။ (မိဘုရားစောနန်းဆက်)ဒေ၀ီနှင့် ကောဇာသက်္ကရာဇ် (၈၈၃)ခုနှစ်၊ ခရစ်အေဒီ (၁၅၂၁)ခုနှစ် တွင် တည်ထားခဲ့လေသည်။ ဤစေတီတော်(၃)ဆူမှာ (၁)အောက်နိဂ်ပူဇာ (၂)အလယ်နိဂ်ပူဇာ (၃)အထက်နိဂ်ပူဇာစေတီ ဟူ၍ ဖြစ်သည်။
နိဂ်ပူဇာဟူသော နာမမှာ(နရပူဇာ)ဟူသော ပါဠိတော်ခဏ်းမှ ပြောင်းရွှေ့လာသော အမည်နာမ ဖြစ်သည်။ ၄င်းအဓိပ်္ပါယ်မှာ (လူအများပူဇော်သက်္ကာရပြုသောနေရာ) ဟု အဓိပ်္ပါယ်ရသည်။ ရှေးအခါက မြောက်ဦးမြို့တွင်နေထိုင် ခဲ့ကြသည့် ဗြဟ်္မာဏပုဏ်္ဏားများ ရှိသည်။ ထို ပုဏ်္ဏားများကိုးကွယ်သည့် နတ်ရုပ်များကိုလည်း ထိုနိရ်ပူဇာဘုရား အနီးတွင် တွေ့မြင်ရလေသည်။ ထိုနတ်ရုပ်များယခုအခါ (မြောက်ဦးမြို့ ရှိ ရှေးဟောင်းသုတေသနဌာန) တွင် သယ်ဆောင်သိမ်းဆည်းထားသည်။ အထက်(နိရ်ပူဇာ)နှင့် အလယ်(နိပူရ်ဇာ)စေတီတို့မှာ ပြိုပျက်ပြီး ခြုံနွယ်ပိတ်ဖုံးလျက် ရှိနေသည်။ (အောက်နိရ်ပူဇာစေတီ) တစ်ဆူကိုသာ လွယ်ကူစွာ သွားရောက်ဖူးမြှော်နိုင်ကြပေပြီဖြစ်သည်။ ဤစေတီတော်မှာလည်း သပိတ်မှောက်အထက်ပိုင်းမှာ ကျိုးပြတ်လျက်ရှိသည်။ စေတီတော်မှာ ကျောက်စေတီ ဖြစ်သည်။ ပစ်္စယံ အဆင့်ဆင့်ပါရှိသည်။ သပိတ်မှောက်အထက်၌ ကျန်ရှိနေသော ရွေးလုံးများနှင့် ဖောင်းရစ်များကို ယခုထိတိုင်တွေ့မြင်နိုင်သေးသည်။ စေတီ၏ရှေ့နားတွင် (၁၀) ပေခန့်မြင့်မားသော ဘုရားကျောက်ဆင်းတုတော် တစ်ဆူရှိသည်။


၃၃။ ထင်တော်မူနှင့် မြင်တော်မူစေတီသမိုင်း

မင်းဗာဘုရင်၏အနွယ်တော်(၉)ဆက်(မင်းစနေ)နတ်ရွာစံကံတော်ကုန်ပြီးနောက်(လောင်းကြက်စား အမတ် ငကုသလ) သည် (နရပတိမင်းကြီး) အမည်ဖြင့် မြောက်ဦးနန်းတော်၌ ထီးနန်းစိုးစ့တော်မူသည်။ ဤမင်းသည် (မင်းဗာဘုရင်) တည်ထားခဲ့သော ဗုဒ်္ဓ၏ (နံရိုးတော်ဓာတ်) နှင့် (ရင်ရိုးတော်ဓာတ်) တော်စေတီများမှ လက်ဆည်ကန် ရပ်ကွက်တွင် လူတို့အိမ်များနှင့် နီးစပ်နေသဖြင့် မသင့်တော်၍ ရွှေ့ပြောင်းရန်အတွက် သံဃာတော် အရှင်သူမြတ်များစွာနှင့် တိုင်ပင်ညိုနှိုင်းတော်မူလျက် နန်းတော်၏ အရှေ့ဘက် ပေ(၁၀၀)ခန့်မြင့်သော တောင်ကုန်းနှစ်ခုတွင် (မိမိဘုရင်ဖြစ်လာမည်ကို ကြိုတင်ထင်မြင် ခဲ့သည့်အတိုင်း) ထိုဓာတ်တော်စေတီနှစ်ဆူအား ဌာပနာထည့်တော်မူလျက် (ရင်ရိုးတော်ဓာတ် စေတီတော်)အား မြင်တော်မူစေတီဟူ၍ နံရိုးတော်စေတီကို တင်တော်မူဟူ၍ လည်းကောင်း ကောဇာသက်္ကရာဇ် (၁၀၀၂)ခုနှစ် ခရစ်အေဒီ (၁၆၄၀)ခုနှစ်တွင် တည်ထား တော်မူခဲ့လေသည်။


၃၄။ မျှော်တော်မူစေတီတော်သမိုင်း

ဤမျှော်တော်မူစေတီတော်မှာ မြောက်ဦးနန်းတော်ကုန်း၏အရှေ့ဘက်(၂)ဖာလုံခန့်အကွာအဝေး တွင် ရွှေတောင် တောင်တန်း၏အစွယ် မြောက်ဘက်ဆုံးတောင်ကုန်း (အလယ်ဈေးတံတားအနီး) မြောင်းဘွယ်သွားလမ်းလက်ျာဘက်တွင် ပေ(၁၀၀)ခန့် မြင့်မားသော တောင်တန်းကုန်းပေါ်၌ တည်ရှိသည်။ ရှေးမင်းများတို့၏ ကောင်းမှုတော်စေတီ တစ်ဆူမှာပြိုပျက်နေသဖြင့် မြောက်ဦးနန်းစံဘုရင် (မင်းခမောင်း) သည် ကောဇာသက်္ကရာဇ် (၉၇၄)ခုနှစ် ခရစ်အေဒီ(၁၆၁၂) ခုနှစ်တွင် ထိုစေတီတော်အား ခိုင်ခန့်သောတံတိုင်းတို့ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့လေသည်။ ဘုရားစေတီသို့ ၀င်လမ်းမုခ်ပေါက်များရှိသည်။ စေတီတော်တက်လမ်းကို အုဌ်လှေခါး တပ်ဆင်ထားသည်။ တောင်၏ခုလပ်ဝယ် ရပ်နားရန်နေရာလည်း ထားရှိသည်။
ထိုဘုရားကုန်းတော်မှ ကြည့်လျှင် (ကွမ်းစည်းတံခါး)ကို မြင်တွေ့နိုင်သည်။ ရှေးအခါက ထိုတံခါးမှ မြောက်ဦးခေတ်တွင် စစ်သည်များ စစ်ချီတက်ရာအထွက်။ အထွက် ပြုရာလမ်းဖြစ်၍ မြင်တွေ့နိုင်သည်။ သို့အတွက်ကြောင့် မိမိတို့ လင်သားများ စစ်ချီသွား၍ ပြန်အလာကို ဤစေတီပေါ်မှနေပြီး စောင့်မျှော်လေ့ရှိကြသဖြင့် (မျှော်တော်မူတောင်) သို့မဟုတ်( မျှော်တော်မူဘုရား) စေတီဟု ခေါ်ဆို သမုတ်ကြလေသည်။ စစ်ပွဲများအောင်မြင်စေရန်အတွက် ကိုလည်း ဤဘုရား၌ ဆီမီးပန်းများဖြင့် ပူဇော်ကြကာ ဆုတောင်း ကြလေသောနေရာဖြစ်သည်။ မင်းခမောင်းဘုရင် လက်ထက်က ဇုံဒတ်(စစ်ဗိုလ်) တစ်ဗိုလ်တစ်ဦးသည် မျှော်တော်မူဘုရားအနီး (ပုဏ်္ဏားတောင်ခံတပ်)တွင် တာဝန်ကျလေသဖြင့် မိသားစုနှင့် နေထိုင်လေသည်။ ထိုစစ်ဗိုလ်မှာ အနောက်ဘက်သို့ စစ်ချီထွက်သွားရသဖြင့် အချိန်ကာလကြာမြင့်သော်လည်း မရောက်ရှိသဖြင့် ကျန်ရစ်သူဇနီးမှာ လင်တော်မောင်အလာကို (မျှော်တော်မူဘုရား)မှနေ၍မကြာခဏ သွားရောက်မျှော်ကာ စောင့်ကြိုခဲ့လေသည်။ သူ့အားစောင့်ရှောက်နိုင်ရန် စစ်သည်တစ်ဦးအား အဖော်ခေါ်ယူသွားလေ့ရှိသည်။ တစ်နေ့သောအခါလည်း ထို(ဇုံဒတ်)၏ ဇနီးသည် အစောင့်စစ်သည်အား ခေါ်ယူပြီးသော် မျှော်တော်မူဘုရားသို့သွားရောက်ကာ ထိုဇုံဒတ်၏ ဇနီးသည်အစောင့်စစ်သည်အားလည်း ပန်းနှင့်ဆီမီးဘုရားရှင်၌ အတူတကွပူဇော်စေသည်။ ထိုအခိုက်ဝယ် (ဇုံဒတ်) သည် စစ်ပွဲမှအိမ်ပြန်ရောက်ပြီး ဇနီးမရှိသည်ကိုမေးရာ အိမ်ရှိလူများကဘုရားသို့သွားကြောင်း၊ (ဇုံဒတ်)သည် ဇနီးသည်အား တွေ့လိုဇောနှင့် မြင်းကိုစီးပြီးသော် မျှော်တော်မူဘုရားသို့ရောက်ရှိ လာခဲ့ရာတွင် ထိုအချိန်(ဇနီးနှင့်စစ်သည်တို့မှာ ဘုရားရှေ့တွင် အတူထိုင်၍ ဆီမီးပူဇော်ပြီး ဘု၇ားကိုအာရုံပြုနေကြသည်ကို မြင်တွေ့ရလေရာတွင်(ဇုံဒတ်)သည် အချစ်မွှန်ဒေါသခြောင်းခြောင်း ထွက်လျက် မိမိ၏ဇနီးအပေါ် အထင်မှားပြီး ထိုအစာင့်စစ်သည်နှင့် ဇနီးတို့ကို ဘုရားဂူထဲ၌ပင်ထားကာ ဂူဝကို အလုံကျောက်သားတို့ဖြင့်ပိတ်လျက် သတ်ခဲ့လေတော့သည်။ ထိုပြီးသည်နောက် စ်ပတ်ခန့်ကြာသောအခါ နေအိမ်တွင်ရှိကြသော အိမ်ဖေါ်အပေါင်းတို့က အရှင်အား သခင်မက ထိုဘုရားထံသွားပြီး အမြဲတမ်းဆုတောင်းကာ မျှော်ကြောင်း ညအချိန်အဖေါ်မပါမကောင်း၍ စစ်သည်တစ်ဦးကို အစောင့်အဖြစ် ခေါ်ယူသွားလေ့ရှိခြင်းသာဖြစ်ကြောင်း ဖြစ်ကြောင်းစုံလင်ကို ပြောကြလေသော် (ဇုံဒတ်)သည် စိတ်လိုက်မာန်ပါ ငါမှားသွားပြီးလေဟု လက်မှိုင်ချကာ ပူဆွေးသောကဖြစ်လေတော့သည်။
စေတီအနီးဝယ် ဇုံဒတ်သည် စေတီတစ်ဆူကို တည်လေသည်။ ထိုစေတီတော်အား တည်ထားခဲ့ပြီးနောက် စိတ်္တဇဝေဒနာကြောင့် (ဇုံဒတ်)မှာ ရောဂါဖိစီးကာ ကွယ်လွန်သွားလေတော့သည်။ ထိုဇုံဒတ်တည်ထားခဲ့သော စေတီအား ထပ်မံပြုပြင်ကြမည့်သူလည်း မရှိကြသဖြင့် ယခုအခါ ပြိုပျက်နေမှုကို ဖူးတွေ့ကြရမည်ဖြစ်သည်။
သို့ဖြစ်သောကြောင့် သမိုင်းဝင် သဘာဝကောင်းလှသော မြို့နှင့်နီးကပ်စွာဖြင့် တည်ရှိသော ဤ (မျှော်တော်မူဘုရားစေတီတော်)အား သွားရောက်ဖူးမျှော်ကြပါရန် လမ်းညွှန်အပ်ပါသတည်း။






၃၅။ အနော်မာဘုရားကြီးသမိုင်း

မြောက်ဦးပထမခေတ် (သိင်္ဂသူမင်းစောမွန်)၏ သမီးတော် (အနော်ဇာမင်းသမီး)သည် ဗောဓိရွှေဂူဘုရား စေတီတော်ကုန်း၏ မြောက်ဘက်မြေချိုင့်ဝှမ်းကုန်းမြင့်ကလေးဝယ် ကောဇာသက်္ကရာဇ် (၈၇၄) ခရစ်အေဒီ (၁၅၁၂) ခုနှစ်တွင် ထိုကုန်းမြင့်ဝယ် ကျောက်သားအတိ ဗုဒ်္ဓဆင်းတုတော်ကြီးတစ်ဆူ အား ပလ်္လင်တော်ဝယ် တင်လျက် ဂူတော်ကြီးကို မိုးကာ တည်ဆောက်ထားလျက် ဘု၇ားရှင်အား မဟာရံတံတိုင်းတစ်ထပ်ရံပြီးသော် အလှူပွဲတော်ကြီး ကျင်းပပြီး ဘုရားဒကာမအဖြစ်ခံယူခဲ့လေသည်။ ယခုအခါ(အနော်ဇာဘုရား)အား (အနော်မာဘုရား) ဟူ၍ ခေါ်ဆို ကြလေသည်။ ယခုအခါဂူတော်မှာ ပြိုပျက်သွားပြီဖြစ်လေသည်။ ဤအနော်မာဘုရားအား တောင်ရပ်ကွက်မှ ဒေါ်စံမဖြူ (လေ၀န်မ)က ဦးဆောင်ပြီး သိမ်တော်ဆောက်လုပ်ကာ ဘုရားထပ်မံ ပြုပြင်လှူဒါန်းခဲ့လေသည်။ လင်ပန်းပြောက် ထူပါရုံဘုရားစေတီတို့၏ အရှေ့ဘက်တွင် နီးကပ်စွာတည်ရှိသော ဘုရားတစ်ဆူ ဖြစ်သည်။



၃၆။ မြင့်မိုရ်နန်းဘုရားသမိုင်း

မြောက်ဦးမြို့တော်အလယ်ခေတ်ကာလ မင်းဗာဘုရင်မင်းမြတ်သည် ကောဇာသက်္ကရာဇ် (၈၉၉)ခုနှစ် ခရစ်အေဒီ (၁၄၃၇) ခုနှစ်တွင် (ရွာဟောင်းတောကျေးရွာ) အနီး ကွင်းမြေပြန့်ဝယ် (လေးကျွန်းတမြင့်မိုရ်) ပုံစံတော်အဖြစ် ထူးဖန်းစွာတည်ထားခဲ့သော ဘုရားဖြစ်ပေသည်။ ဘုရားကြီး၏ ဆင်းတုတော်အမြင့်ပေပေါင်း (၃ပေ၃လက်မ) ရှိသည်။ ဘုရားဒူးစွန်းတော် (၃ပေ၂လက်မ)ဖြစ်သည်။ (လေးကျွန်းနှင့်တမြင့်မိုရ်)အဖြစ်သရုပ်ဖော်ထားအပ်သော အခန်းအနား အဖြစ် အလယ်မြင့်မိုရ်တောင်တွင် ဘုရားတည်ရှိပြီး ဘုရားအရှေ့ဘက်က (အရှေ့ပြုပ်္ပါကျွန်း)၊ ဘုရားအနောက်က (အနောက်ဂေါယာကျွန်း)၊ ဘုရားမြောက်ဘက်က (ဥတ်္တရဂုရု) မြောက်ကျွန်း၊ ဘုရား၏တောင်ဘက်က (ဇမ်္ဗူဒီပါလင်္ကျာတောင်ကျွန်း) ဟူ၍ ကျွန်းကြီးလေးကျွန်းကို ဖော်ပြထားသော ဘုရားဖြစ်သည်။ ဤဘုရားမှာ မြောက်ဦးမြို့မှ (ရွာဟောင်းတောကျေးရွာ)အနီးတွင် တည်ရှိ၍ နန်းတော်ကုန်းမြို့လယ်မှ အရှေ့ဘက်(၂)မိုင်ခန့် ကွာဝေးသော နေရာ၌ တည်ရှိသောဘုရားတစ်ဆူဖြစ်သည်။


၃၇။ တက်္ကသီလဘုရားသမိုင်း

မြောက်ဦးပထမခေတ်(ဘစောဖြူမင်စောမွန်)သည် ဇိနမာန်အောင်စေတီတော်-တောင်အောက်ခြေ အရှေ့ တောင်ဘက် မြေညီတလင်းကွင်းဝယ် ကောဇာသက်္ကရာဇ် (၈၃၂)ခုနှစ် ခရစ်အေဒီ (၁၄၇၀)ခုနှစ်တွင် ဤဘုရားကြီး ကျောက်နံရံဂူတော်သိမ်ဖြင့် တည်ဆောက်ခဲ့လေသည်။ ဘုရားအဆောက်အဦး၏ အလျားပေပေါင်း (၅၀) ပေရှိသည်။ အနံ (၃၆) ပေရှိသည်။ ကုန်းမြင့်(၅) ပေ အပေါ်၌ တည်ထားသည်။
ဘုရားဆင်းတုတော်၏အမြင့်မှာ (၈)ရှစ်ပေမြင့်မားသည်။ ဘုရားဒူးစွန်းတော် (၆)ပေရှိသည်။ ထိုဘုရားဆင်းတုတော်ကြီးတစ်ကိုယ်လုံးမှာ သင်္ကန်းဝတ်ရုံဆင်မြန်းထားသည်။ ဤဘုရားကို အဝေးကကြည့်ကြလျှင်ကား (ပြောက်ပြောက်ကျားကျား) ပုံသဏ္ဍာန်ကဲ့သို့ မြင်ရသောကြောင့် ယခုအခါ သူတို့က (ကျားခြစ်ဘုးရား) ဟုခေါ်ဆိုကြလေသည်။ အမှန်မှာကား (တက်္ကသီလဘုရား) ပင်ဖြစ်ပါတော့သတည်း။






၃၈။ ၀သဲဘုရားသမိုင်း

မြောက်ဦးပထမခေတ် (ခလ်္လတာမင်းစောမွန်) သည် မြောက်ဦးထီးနန်းသိမ်းမြန်းပြီးနောက် ကောဇာသက်္ကရာဇ် (၈၇၃) ခရစ်အေဒီ (၁၅၂၉)ခှုစ်ဝယ် နန်းတော်ကုန်း၏တောင်ဘက် ၀သဲချောင်း တစ်ဘက်ကမ်း၌ (ကြက်ရှာတောင်ကုန်း) ပေါ်ဝယ် ၀သဲဘုရားကြီးဟူ၍ တည်ထားခဲ့လေသည်။ ထိုမင်းသည် ထိုနှစ်တွင်ပင် နန်းပတ်လည်၌ (သတ်္တရဖန်တောင်စဉ်ခုနှစ်ထပ်)တို့၌ ရန်အောင်ဘုရား နိရ်ပူဇာဘုရား၊ ဗိုလ်ဖြိုဘုရား၊ ဆုတော်ပန်ဘုရား၊ သက်တေည်ရှည် သက်တော်ရဘုရား၊ လက်ကြွယ်တော်ဓာတ်ဘုရား စသည်တို့က တည်ထားတော်မူခဲ့သည်။
ဤ၀သဲဘုရားကြီးအား (မင်းဗာဘုရင်) လက်ထက်တော်တွင် အနောက်ဘင်္ဂါသို့ စစ်ချီမသွားမီကာလက မြောက်ဦးမြို့တော်၌ ကလေးသူငယ်အပေါင်းတို့၏ နှုတ်မှ တပေါင်းပေါ်လတ်ခြင်းကား (ကုလားကိုနိုင်လို၊ စားဖိုမှာမီးထည့်၊ ၀သဲကိုထီးတင်၊ ကုလားကိုရှင်ပြု ) ဟူ၍ ဟစ်အော်ကြသည်။ ထိုတစ်ဘောင်အဆိုအရ ကောင်းကျော်ထင် အမတ်ကြီးသည် မင်ြး်ကီးအားလျှောက်ထားလေသည်မှာ (ကုလားကိုနိုင်လို၊ စားဖိုကိုမီးထည့်) ဆိုခြင်းကား (သင်္ဘောဆိပ် ဘောင်းဒွတ်) သည် (စားဖိုဖြစ်ပါသည်)။ ကုလားမီးဆင်ဗလီသိမ်ကို အခြားမှာမရှိစေရ၊ ဘောင်းဒွတ်တွင်သာ ထားရပါမည်။ (၀သဲကိုထီးတင်) အလိုမှာ (၀သဲကြီးဘုရားကို ပြုပြင်ပြီးသော် ထီးတော်အသစ်တင်ရပါမည်)။ (ကုလားကိုရှင်ပြု) ဆိုလိုသည်မှာ ရှိသျှသောကုလားများကိုခေါ်ယူ၍ (ခေါင်းတုံး) ရိပ်ရပါမည်ဟု လျှောက်တင်လေသည်။
ထိုအမတ်ကြီးလျှောက်တင်ချက်များကို တစ်ခုစီပြီးမြောက်လေအောင် စီစဉ်ပြီးသော် ဘင်္ဂါသို့စစ်ချီမထွက်ခွာမှီ ကောဇာသက်္ကရာဇ် (၈၉၄)ခုနှစ် ခရစ်အေဒီ (၁၅၃၂)ခုနှစ်တွင် (၀သဲဘုရားဂူတော်)၌ ထီးတော်အသစ်ကို တင်ထား တော်မူလေသည်။ စစ်ဘေးဒဏ်ကြောင့် ဂူတော်ပြိုပျက်လေ၍ (ဗြိတိသျှခေတ်)က ဘုရားဒကာကြီး ဦးယက်သဲ့အောင်က ပြုပြင်တည်ထားခဲ့သည်။ ယခုအခါဂူတော်ကြီးမှာလုံးဝမရှိတော့ဘဲ ဘုရားကြီးကို ပလ်္လင်ပေါ်ဝယ် အဝေးကပင်ဖူးမျှော်နိုင် ကြလေနေတာ့သည်။ ဤဘုရားဆင်းတုတော်ကြီး၏ အမြင့်ပေပေါင်းမှာ (၁၀) ခန့်မြင့်မားသည်။ ဒူးစွန်းတော် (၉) ပေရှိသည်။ ဘုရားပလ်္လင်တော်မှာ ကျောက်ဆစ်လက်ရာများဖြင့် ပြောင်မြောက်စွာ ထုလုပ်ထားသော ပုံတော်ဖြစ်သည်။ဤဘုရားကြီးမှာမြောက်ဦးဗန်္ဓုလရပ်ကွက်မှလက်ဆည်ကန်သို့သွားရာလမ်း လက်ဝဲဘက်မနီးမဝေးတွင် တည်ရှိသော သမိုင်းဝင်ဘုရားကြီးတစ်ဆူဖြစ်၍ သွားရောက်ဖူးမြှော်သင့်ပါကြောင်း လမ်းညွှန်အပ်ပါသတည်း။




၃၉။ မင်းခမောင်းဘုရားစေတီသမိုင်း

မြောက်ဦးဒုတိယခေတ် (ဘုရင်မင်းခမောင်း)သည် ကောဇာသက်္ကရာဇ်(၉၇၄)ခုနှစ် ခရစ်အေဒီ (၁၆၁၂)ခုနှစ် (အနူမကန်ဘောင်ရီုးအနီး) ကုန်းပေါ်ရှိ (ပေါင်းကူးတံတား)အနီးဝယ် ခမ်းနားစွာဖြင့် ကျောက်ဆစ်လက်ရာတို့နှင့် မဟာရံ တံတိုင်း(၂)ထပ်မြင့် ဂူတော်နှင့်တကွ တည်ထားတော်မူခဲ့လေသည်။
ထိုစေတီတော်၏အလျားပေပေါင်းမှာ (၂၈)ပေရှိသည်။ အနံပေမှာလည်း(၂၈)ပေ ရှိပြီး စတုရန်းပုံ သဏ္ဍာန်ဖြင့် အောက်ခြေမှနေပြီးတည်ဆောက်ထားလေသည်။ စေတီတော်အမြင့်ပေမှာ (၂၀)ပေ ခန့်မြင့်မားသည်။ ကျောက်အတိဖြင့် တည်ဆောက်ထားခဲ့သော ဘုရားတစ်ဆူဖြစ်လေသည်။ ယခုအခါစေတီ အညွှန်းမရှိပြီ ပျက်စီးနေတော့သည်။ စေတီဂူတော်ရှိ ဘုရားကြီးအမြင့်ပေမှာ (၈ပေ ၇လက်မ)မြင့်သည်။ ဘုရား၏ဒူးစွန်းတော်မှာ (၇)ပေ ရှိသည်။ ဘုရားဂူတော်သို့ ၀င်လမ်းပေါက် တစ်ဖက်တစ်ချက်တွင် မုခ်ဝ၌ ကျောက်ဆစ်လက်ရာဖြင့် ပန်းခက်ပန်းနွယ်များကို ပြောင်မြောက်စွာ ထုလုပ်ထားခဲ့သော ဘုရားတစ်ဆူဖြစ်ပါသည်။




၄၀။ ဓာတ်ဖြူတောင်ဘုရားသမိုင်း

ဤဘုရားေးစတီဂူတော်မှာ ဘုရားရှင် ဗျာဒိတ်အရ တတိယဓည၀တီမြို့စံ သူရိယစက်္ကမင်း တည်ထားခဲ့သော စေတီတော်ပျက်ယိုယွင်းသဖြင့် မြောက်ဦးပထမခေတ် (မင်းလှရာဇာစောမွန်) လက်ထက် ကောဇာသက်္ကရာဇ် (၈၇၅)ခုနှစ်ခရစ်အေဒီ(၁၅၁၃)ခုနှစ်ထပ်မံပြုပြင်တည်ထားခဲ့လေသည်။ ထိုဓာတ်စေတီမှာ ကာလအတန်ကြာလတ်သော ပျက်စီးမှုရှိလေသောကြောင့် သာသနာ့ဒါယကာ မင်းကြီးဖြစ်သော မြောက်ဦးဒုတိယခေတ် မင်းဗာဘုရင်မင်းဖြတ်သည် ကောဇာသက်္ကရာဇ်(၈၉၃)ခုနှစ် ခရစ်အေဒီ(၁၅၃၁)ခုနှစ်တွင်ထပ်မံပြပြင်တည်ဆောက်ထားတော်မူလေသည်။
ဤဘုရားကြီးမှာ နန်းတော်၏ အနောက်တောင်ထောင့်အရပ် ဗန်္ဓုလရွာအနီးတွင်ရှိသော ပေပေါင်း (၁၀၀)ခန့်မြင့်မားသည့် တောင်ကုန်းတွင်တည်ရှိသည်။ မြတ်စွာဘု၇ားရှင်၏ ဖြူဖွေးသောအရိုး ဓာတ်တော်များကို ဌာပနာပြီးတည်ထားခဲ့သောကြောင့် (ဓာတ်ဖြူတောင်)ဟု ခေါ်ဆိုကြလေသည်။
ယခုအခါထိုဘုရားတွင်အလှူရှင်တို့က ဓမ်္မာစင်္ကြာတရားဟောခန်းနှင့် သတ်္တဌာနတို့ကို ထပ်မံတည်ထားကြမှုကို တွေ့မြင်ရပေသည်။ ယခင်ရှေးဟောင်းဘုရား ဂူတော်ကြီးအား မရှိပြီဖြစ်သည်။ ဂူတော်၏အလျား ပေပေါင်းမှာ (၂၅)ပေရှိသည်။ ဂူတော်အမြင့်ကားပြိုပျက်သွားသဖြင့် မသိရှိနိုင်တာ့ပြီ။ ဂူတော်အတွင်း ဘုရားဆင်းတုတော်မှာ အမြင့်(၁၀)ပေ ရှိသည်။ ဒူးစွန်းတော်(၉)ပေ ရှိသည်။ ဘုရား၏ ပလ်္လင်တော်မှာ ကျောက်ဆစ်လက်ရာများဖြင့် ပြောင်မြောက်စွာထုလုပ်ထားသည်။ ဤဘုရားမှာ ဘုရားမြတ်စွာ၏ ဓာတ်တော်ကိန်းဝပ်ရာ ဌာနတစ်ခုဖြစ်၍ သွားရောက် ဖူးမြှော်ကြပါရန် လမ်းညွှန်အပ်ပါသည်။


၄၁။ သက်တော်ရှည်ဘုရားသမိုင်း

မြောက်ဦးပထမခေတ် စလတ်္တားမင်းစောမွန်သည် ကောဇာသက်္ကရာဇ်(၈၈၇)ခုနှစ် ခရစ်သက်္ကရာဇ် (၁၅၂၅) ခုနှစ်တွင် နန်းတော်၏မြောက်ဘက် (ဆင်ချဆိပ်ရပ်ကွက်)အနီး (ရွက်ကားတောင်)ထိပ်ဝယ် မင်္ဂလာအောင်မြေ နင်းတော်မူလျက် အသက်ရှည်ချမ်းသာကြစေရန် ရည်မှန်းလျက် (သက်တော်ရှည်ဘုရား)ကို တည်ထားတော်မူသည်။ စေတီတော်အနီး ဘုရားကြီးတစ်ဆူကို တည်ထားတော်မူခဲ့သည်။


၄၂။ တရင်းန၀င်း (ခေါ်) သက်တော်ရဘုရားသမိုင်း
ပထမမြောက်ဦးခေတ်တွင် ထီးနန်းစိုးစံခဲ့သော (စလတ်္တာမင်းစောမွန်) လက်ထက်တော်၌ ရှေးဘုရင်တို့ ၏ ဓမ်္မတာတော်အတိုင်း ကောဇာသက်္ကရာဇ်(၈၈၇)ခုနှစ် ခရစ်အေဒီ(၁၅၂၅)ခုနှစ် တွင် ပင်နန်း၏ ပတ်လည်၌ စေတီပုထိုးတော်များကို တည်ထားလာသည့်အတိုင်း (သက်တော်ရှည်ဘုရားကုန်း)၏ တောင်ဘက် ကွင်းကောက်ဝယ် (တရင်းန၀င်း) ကျေစေလျက် (သက်တော်ရဘုရား) ဟူ၍ တည်ထားခဲ့လေသည်။
ဤစေတီနှင့်ဘုရားကို တတိယမြောက်ဦးခေတ်တွင် (စန်္ဒ၀ိဇယရာဇာ) သည် ကောဇာသက်္ကရာဇ် (၁၀၈၀)ခုနှစ် ခရစ်အေဒီ(၁၇၁၈)ခုနှစ်တွင် တဖန် ထပ်မံပြုပြင်ကာ တည်ဆောက်ခဲ့လေသည်။ မဟာရံတံတိုင်း တစ်ထပ်အတွင်း၌ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ စေတီတော်အလျားပေမှာ (၂၀)ပေ အနံ (၁၈ပေ ၆လက်မ) အမြင့်ပေပေါင်း (၂၆)ပေ သာရှိသော စေတီတော်ငယ် တစ်ဆူ ဖြစ်ပေသည်။ စေတီတော်တစ်ခုလုံးကို ကျောက်ဆစ်လက်ရာများဖြင့် ထုလုပ်ထားသည်။ ဘုရားရင်ပြင်တွင် ကြွေရည်သုတ် အုဌ်ချပ်များကို ခင်းထားရှိသည်။ တရင်းန၀င်းအားဖြင့် အဓိကထား ကာ တည်ထားပူဇ်ာခဲ့သော ဘုရားတစ်ဆူ ဖြစ်ပါသည်။





၄၃။ လကွယ်တော်စေတီနှင့် ရသေ့တောင်စေတီများသမိုင်း

မြောက်ဦးပထမခေတ် စလတ်္တားမင်းစောမွန်သည် နန်းတော်၏ အနောက်ဘက် မိုင်ဝက်ခန့်တွင် ပိန်္နဲတောင်တန်း အနီး (စကားတောင်)၌ စေတီတော်(၃)ဆူ ကိုလည်းကောင်း၊ ၄င်းတောင်တန်း၏ (မောက်တော်တံခါး)၊ ဗတာင်ဘက်တောင်ကုန်း (မလေးတောင်)၌ (ဒက်ဆွဲတော်)ဟူလည်း ခေါ်သည်။ ယခုအခါ လက်ကွယ်တောင် ခေါ်ဆိုကြလေသည်။
ထိုတောင်ဝယ်လည်း (လက်ကြွယ်တော်ဓာတ်)ကို ဌာပနာလျက် စေတီတည်ထားတော်မူသည် (စံကားတောင်) ခေါ် (ဆုတော်ပန်တောင်)၀ယ် စေတီတော်သုံးဆူတို့ နောင်တွင်ပြိုပျက်လေသဖြင့် ဗြိသျှခေတ် ၀ါးဈေးရပ်ကွက်မှ ဘုရားဒကာကြီး (ဦးကျော်ကျော်လှ-အလကဆရာ၏အဘိုး)ဦးသာထွန်းဦးက ထပ်မံ တည်ဆောက်ပြုပြင်ခဲ့လေသည်။ ထိုတောတောင်၌ ရသေ့တစ်ပါးသီတင်းသုံးနေထိုင်ခဲ့သောကြောင့် ယခုအခါ ၄င်းတောင်ကို ရသေ့တောင်ဟူ၍ ခေါ်ဆိုကြလေသည်။ မလေးတောင်ပေါ်ရှိ လက်ကြွယ်တော် ဓာတ်စေတီနှင့် ဆုတော်ပန်စံကားတောင်၏ စေတီ(၃)ဆူတို့ကို ပထမ မြောက်ဦးခေတ်ဘုရင် (ခလတ်္တာမင်းစောမွန်)သည် ကောဇာသက်္ကရာဇ် (၈၈၇)ခုနှစ် ခရစ်အေဒီ (၁၅၂၅)ခုနှစ်တွင် တည်ထားတော်မူခဲ့လေသည်။



၄၄။ ဟာရီတောင်စေတီတော်သမိုင်း
ဤစေတီတော်ကို ပထမမူလတတိယ ဓည၀တီခေတ်က သူရိယစက်္ကမင်းသည် မြတ်စွာဘုရား၏ (အရီတော် ဓာတ်မြတ်)အား နွားလားဥဿပတမော့စာအဖြစ် စေတီငယ်ကို တည်ထားတော်မူခဲ့သည်။ နောင်တွင်ပြိုပျက်စီးလေရကား မြောက်ဦးဒုတိယခေတ် မင်းဟရီ ခေါ် (သီရိသုဓမ်္မရာဇာမင်း) ထပ်မံ တည်ဆောက်ခဲ့လေသည်။
ဤစေတီတော်မှာ နောင်တွင်ပျက်စီးမှု ရှိလေသောကြောင့် ဤဂဠုန်တောင်၌ရှိသော အရီတော် ဓာတ်မြတ်စေတီ တော်မှာ ပြန်လည်မွမ်းမံတည်ထားတော်မူခဲ့သည်။ ဤဘုရားစေတီတော်မှာ မြောက်ဦးမြို့လယ်စေတီ တစ်ဆူဖြစ်၍ အဝေးကပင် ဖူးမြင်တွေ့ ဖူးမြော်နိုင်ကြပေသည်။


၄၅။ ရွှေဂူကြီးဘုရားသမိုင်း

ဤရွှေဂူကြီးဘုရားမှာ ရွှေတောင်နှင့် မျှော်တော်မူတောင်တို့၏ စပ်ကြားချိုင့်ဝှမ်းတွင် တည်ရှိလေသည်။ မြို့တည်ဂူတော် (၉)လုံးအနက် တဂူဖြစ်သည်။ မြောက်ဦးနန်းစံ မင်းဗာဘုရင်ကြီးသည် ထီးနန်းစိုးစံသော နှစ်ပင်လျှင် ကောဇာသက်္ကရာဇ်(၈၉၃)ခုနှစ် ခရစ်အေဒီ(၁၅၃၁)ခုနှစ်တွင် တည်ထားတော်မှုလေသည်။ စေတီအောက်ခြေတွင် ဂူကျောင်း ထားပြီး အပေါ်တွင် (စက်ဝိုင်းခြမ်းပုံ) အဆောင်အယောင်ထားရှိသည်။ စေတီထိပ်တွင် ထုချွန်စေတီပုံ ထားရှိသည်။ ဂန်္ဓကုဋီတိုက်ခန်းထဲတွင် ကျောက်မာတစ်လုံးတည်းကို ထုလုပ်ထားသော ထိုင်တော်မူဘုရားကြီးတစ်ဆူ ရှိသည်။ ဂူတော်သို့ဝင်လမ်းတွင် ဟိန်္ဒူနတ်ကွန်းမှ ပြောင်းရွှေ့ထားသော (ဗိဿနိုး) နတ်ရုပ်များရှိသည်။
ထိုဘုရား၏ဂူတော်ဝင်လမ်း နံရံတစ်ဖက်တစ်ချက်စီတွင် ရှိခိုးပူဇော်နေဟန် ထုလုပ်ထားသော ကျောက်ဆစ် အရုပ်များ ရှိသည်။ ယခုအခါ ဘုရားဆင်းတုတော် တစ်ခုလုံးကို (ရွှေသင်္ကန်း) ကပ်လှူထားကြသည်။ စေတီဂူတော်ရှေ့၌ ဓမ်္မာရုံငယ်တစ်ခုကို တွေ့ရှိရသည်။ ဤဘုရားမှာလည်း မြောက်ဦးမြို့၌ ထင်ရှားသောဘုရားတစ်ဆူဖြစ်၍ ဘုရားဖူးကြသူ ရဟန်းရှင်လူအပေါင်းတို့အား လမ်းညွှန်အပ်ပါသတည်း။






၄၆။ နန်းမြိုကပတ်လည် ရှစ်ဆူသောဘုရားသမိုင်း

မြောက်ဦးပထမခေတ် (ခလတ်္တာမင်းစောမွန်)သည် မိဖုရား (စောနန်းဆက်)ဒေ၀ီနှင့် ကောဇာသက်္ကရာဇ် (၈၈၃) ခုနှစ် ခရစ်အေဒီ(၁၅၂၁)ခုနှစ်တွင် ထီးနန်းစိုးစံသောနှစ်မှစ၍ နန်းတော်ပတ်လည်တွင် မနီးမဝေးသော တောင်တို့၌ (၈)ဌာနရှစ်ဆူသော ဘုရားများကို တည်ထားတော်မူလေသည်။ ၄င်းဘုရားများမှာ ၁။နန်းတော်၏အနောက် တောင်ထောင့်အရပ်ဝယ် (ကြာချာတောင်)၌ (၀သဲဘုရား) ၂။ နန်းအရှေ့ဘက် နိရ်ဇာတောင်ဝယ် (နိရ်ပူဇာဘုရား) ၃။ နန်းတော်မြောက်ဘက် ဖိုးခေါင်တောင်ဝယ် ရန်တော်အောင်ဘုရား ၄။ နန်း၏အနောက်ဘက် စံကားတောင်ဝယ် (ဆုတော်ပန်ဘုရား) ၅။ နန်း၏ရာဟုထောင့်ရွက်ကား တောင်ဝယ် (သက်တော်ရှည် သက်တော်ရ ဘုရား) ၆။နန်းတော်မြောက်ဘက်အရပ်ဝယ် လင်ပန်းပြောက်ဘုရား ၇။ နန်းတော်၏တောင်ဘက် (မြတောင်) ထိပ်ဝယ် လက်ကွယ်တောင် (ခေါ်) ဒက်ဆွဲတောင်၌ (လက်ကွယ်တော် ဘုရားစေတီ) ဟူ၍ အဓိကအားဖြင့် (ရှစ်ဆူ) ကုန်သော ဘုရားစေတီများကို တည်ထားပူဇော်ခဲ့သော မင်းတစ်ပါးဖြစ်ပေသည်။


၄၇။ မင်္ဂလာတပ်တော်ရာစေတီသမိုင်း

မြောက်ဦးပထမခေတ် (ဆင်ဖြူများရှင်) ဘစောဖြူမင်းစောမွန်သည် မိဘုရား(စောစန်္ဒီဒေ၀ီ)နှင့် မြောက်ဦးမြို့ထီးနန်းကို သိမ်းမြန်းပြီးနောက် ကောဇာသက်္ကရာဇ်(၈၂၁)ခုနှစ် ခရစ်အေဒီ(၁၄၅၉)ခုနှစ်တွင် မြောက်ဦးမြို့တော်သို့ အ၀င်ဝဖြစ်သော (ဒိုင်းကျီကျွန်း) (လေးမြွှာဒိုင်းလက်နက်များကို ကျီတော်ဖြင့်ထားသော ) မြို့စောင့်တပ်များ ထားသောနေရာ၊ နိုင်ငံခြားပင်လယ်ကူးသင်္ဘော များကို သောက်ရေပေးဌာန၊ ဒိုင်းကျီကန်တော်ကြီးအနီး (တပ်ရာတော်ချောင်း) အနီး အောင်တပ်ချောင်း(ဖုတ်တောမော်ကွေ့)လက်ဝဲဘက် ကမ်းနဖူးဝယ် ကျောက်သားတို့ဖြင့် စေတီတော်(၂)ဆူကို တည်ထားတော်မူခဲ့လေသည်။


၄၈။ စံကားတောင်စေတီတော်များသမိုင်း

ရခိုင်ပြည်ကြီးအား ကမ်္ဘာကသိအောင် မီးမောင်းထိုးပြသော မြောက်ဦးဒုတိယခေတ်သစ်ကြီးကို တည်ထောင်ခဲ့သည်။ မဇ်္ဈိမဒေသ ဘွဲ့တံဆိပ်တော် (ဇောဘော့ချာလ်) စစ်တကောင်းဘုရင်အဖြစ်လည်းကောင်း၊ မြောက်ဦးရွှေနန်းရှင် (စန်္ဒမဟာဓမ်္မရာဇာ)ဘွဲ့ တော်ခံဘုရင် (မင်းဗာကြီး)သည် (မိဖုရားကြီးဖွားစောမင်း) ဒေ၀ီနှင့်အတူ ကောဇာသက်္ကရာဇ် (၈၉၃)ခုနှစ် ခရစ်အေဒီ(၁၅၃၁)ခုနှစ်တွင် မြောက်ဦးမြို့တော်ကြီးကို တိုးချဲ့စီမံလျက် တံတိုင်း၊ ပြအိုး၊ ကျုံး၊ တံခါးများနှင့် ခိုင်ခံ့အောင် တည်ဆောက်ထားတော်မူစဉ်ကာလ၀ယ် မြောက်ဦးမြု့တော်သို့ ၀င်လမ်း (မင်းထွက်ဆည်တံခါး) လက်ဝဲဘက်ရှိ (မဇ်္ဈိမပဗ်္ဗတတောင်တန်း)၀ယ် စေတီတော် (၃)ဆူအား တည်ထားပူဇော်တော်မူခဲ့သည်။ ထိုစေတီတော်များမှာ မြောက်ဦးမြို့တော်၏ အလယ်စည်ကားရာ ဌာန၌တည်ရှိလေသောကြောင့် ထိုတောင်ကို (စည်ကားတောင်)ဟူ၍ ပင်ခေါ်ကြသည်။ ယခုအခါ (စံကားတောင်) ဟုခေါ်နေကြလေသည်။ ထိုစည်ကားတောင်၏ အနောက်ဘက် တောင်ခြေရင်းအနီးဝယ် မီးဘေးအရံအတား အဖြစ် တူးဖော်ထားအပ်သော (မော်လိုက်ကန်) တည်ရှိသည်။ ယခုအခါ ၄င်းကန်ကို (မောလိပ်ကန်)ဟု ခေါ်ဆိုကြလေသည်။ ထိုတောင်တော်၏ အရှေ့ဘက်တောင်ခြေရင်း အနီးဝယ် (နောင်သောအခါ ရခိုင်ထီးနန်းပျက်သုဉ်းခဲ့ပြီးနောက် အမရပူရအင်းဝခေတ်မှ စစ်သူကြီးမဟာ ဗန်္ဓုလ တပ်စွဲကာ နေခဲ့သောနေရာ) ဖြစ်လေသောကြောင့် ယနေ့ထိတိုင် ဗန်္ဓုလ ရပ်ကွက်၊ ဗန်္ဓုလကျောင်း ဟူ၍ ခေါ်ဆိုနေကြလေသည်။
ဤစေတီတော်တို့အား မြောက်ဦးအလယ်ခေတ် မင်းဗာကြီး၏ သားတော် (မင်းဖလောင်း) မင်းမြတ် သည်လည်း ပြန်လည်မွမ်းမံတည်ဆောက်ခဲ့လေသည်။ နောင်သောအခါ အင်းဝမင်းတို့ လက်ထက် (မြောက်ဦးမြို့တော်ဝန် မောင်စံပျော်) သည်လည်း ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်ဟု သမိုင်းမှတ်တမ်းအရ သိရှိခဲ့ပေသည်။

၄၉။ ရွှေတောင်စေတီတော်သမိုင်း

ဘုရားရှင်ရွှေသမင်ဘ၀ ကျင်လည်နေထိုင်ခဲ့သည့် နန်္ဒပဗ်္ဗတတောင်၌ ဤစေတီတော်မြတ်အား ဓာတ်တော်သမိုင်း စဉ်အရ တတိယဓည၀တီမြို့တော်ရှင် ( သူရိယစက်္ကမင်ကြီး) သာသနာပြုတည်ထားခဲ့ချိန် (နွားလားဥဿဖ) တမော့စာခန့်သာ မြင့်မားသော သလုံးတော်ဓာတ် (ဓာတ်တော်) စေတီငယ် တစ်ဆူ ဖြစ်သည်။ နှစ်ပေါင်းကာလကြာမြင့်သဖြင့် ပြုပျက်လေသောကြောင့် မြောက်ဦးပထမခေတ်ဝယ် မဇ်္မျိမဒေသ (အလီခင်) ဘွဲ့ ခံယူတော်မူသော (နရနုမင်းခရီးစောမွန်) သည် မိဖုရားကြီး (စောခမောက်ဒေ၀ီ)နှင့် ကောဇာသက်္ကရာဇ်(၇၉၅)ခုနှစ် ခရစ်အေဒီ (၁၄၃၃)ခုနှစ် တွင် ထီးနန်းစတင်စိုးစံစဉ် ကာလ၀ယ် ဗုဒ်္ဓဓာတ်တော ကိန်းအောင်းသော ထိုစေတီပျက်ငယ်အား အပြင်မှနေပြီး အသစ်တစ်ဖန် ကျောက်သားအတိတို့ဖြင့် ပြန်လည်တည်ဆောက်ကာ ရွှေငွေရတနာမြောက်မြားစွာတို့နှင့်တကွ ဌာပနာထည့်ပြီးသော် တည်ထားတော်မူ လေသည်။ ဤစေတီတော်အား တည်ထားလေသဖြင့် မြောက်ဦးထီးနန်းကို ဤ(နရနုအလီခင်မင်းခရီး) သည် နန်းစံနှစ်ပေါင်း (၂၅)နှစ်ထိ တိုင်အောင် အုပ်စိုးနိုင်ခဲ့သည်ဟု အဆိုရှိလေသည်။ ဤစေတီတော်မှာ မြောက်ဦးမြို့ရှိ အမြင့်ဆုံးသော ရွှေတောင်တန်း၏ တောင်ထိပ်ထက်ဝယ် တည်ထားခဲ့လေသဖြင့် ကုန်းဝကြောင်း၊ ရေကြောင်း ခရီးသွားလာကြသူ၊ ဘုရားဖူးလာကြသူ ပြည်သူအပေါင်းတို့သည် အဝေးကပင် ဖူးမြှော်မြင်တွေ့နိုင်ပေသည်။ ဤစေတီတော်မှာ မြောက်ဦးနန်းတော်ကုန်းမှ အရှေ့ဘက်အရပ် မိုင်ဝက်ခန့်သာဝေးသည်။ မြောက်ဦးအလယ်ခေတ် (မင်းဗာဘုရင်)ကြီးသည်လည်း ဤစေတီတော်အား ပြန်လည်မွမ်းမံလျက် ကုသိုလ်ပြုကာ ဘုရားပွဲတော်ကျင်းပခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ သိရပေသတည်း။


၅၀။ ဦးမြ၀ါ တရားကျင့်ဂူတော်

ဒုတိယအကြိမ်မြောက်ဦးခေတ်ကြီးကို တည်ထောင်တော်မူခဲ့သော မင်းဗာဘုရင်မင်းမြတ်လက်ထက်တွင် ကောဇာသက်္ကရာဇ်(၈၉၄-၉၁၄)ခုနှစ်ထိ ခရစ်သက်္ကရာဇ်(၁၅၃၁-၁၅၅၂)ခုနှစ် ထိတိုင်အောင် မင်းဆရာအဖြစ် အပူဇော်ခံ ထင်ရှားကျော်စေခဲ့သော ရခိုင်ပြည်ကြီးအား တည်တံ့ခိုင်မြဲအောင်အတွက် အသက်ကိုစွန့်ကာ ရင်ကိုဓားဖြင့်ခွဲလျက် အူအသည်းကိုနုတ်ကာ မြို့ကွန်ချာတိုင်ရစ်၌ ရစ်နှောင်သေဆုံးသွားသော အာဇနြည်သူရဲကောင်း (ဆရာကြီး ဦးမြ၀ါ)သည် နက်္ခတ်၊ အင်းအိုင်၊ မန်္တန်၊ ယတြာနည်းမျိုးစုံလင်စွာတို့နှင့်တွ ဟူးရားအတတ်ပညာ အမျိုးမျိုးတို့ကို တိုင်းပြည်နှင့်လူမျိုးအတွက် စွမ်းဆောင်လုပ်ကိုင်နေခဲ့သော ကာလ၀ယ် အစဉ်အမြဲ ထာဝရအားဖြင့်လည်း တရားကျင့်ကြံနေထိုင်ခဲ့သော (ဦးမြ၀ါဂူတော်)သည်ကား မြောက်ဦးမြို့တွင် (လေးမျက်နှာဘုရားကသွားလျှင် တေဇရာမကျောင်းတိုက်သို့ကျော်လမ်း ဦးသာနိုးအာင် ဥယျာဉ်၏ လက်ယာဘက်တောင်ကုန်းပေါ်ဝယ် တည်ရှိသည်။) ယခုအခါ ထိုဂူတော်၏ အနီးဝယ် ကျောင်းငယ် ဆောက်လုပ်လျက် ရဟန်းတော်တစ်ပါး ကျင့်ကြံအားထုတ် သီတင်းသုံးနေထိုင်လျက်ရှိပါသည်။ ထိုဦးမြ၀ါဂူအား သွားရောက်လေ့လာသင့်ကြောင်း တင်ပြအပ်ပါသည်။


၅၁။ စန်္ဒမုနိသွန်းစက်တော်ဘုရားသမိုင်း

ရှေးလွန်လေပြီးသော တတိယဓည၀တီမြို့တော်စံ ဘုရင်စန်္ဒသူရိယလက်ထက် မဟာသက်္ကရာဇ် (၁၂၃)ခုနှစ်ဝယ် မနောအဓိဌာန်ဖြင့် ပင့်ဖိတ်လေ၍ မြတ်စွာဘုရားရှင်သည် ကောင်းကင်ခရီးဖြင့် ရဟန်္တာ ငါးရာခြံရံကာဖြင့် ရက်္ခပူရ ရခိုင်ပြည်ကြီးသို့ ကြွရောက်တော်မူခဲ့လေသည်။ ဘုရားရှင် ဒေသစာရီပြန်ကာနီး၌ မင်းကြီး၏တောင်းပန်ချက်ဖြင့် (မဟာမုနိဆင်းတုတော်) ကြီးကို ပဉ်္စလောဟာရတနာငါးမျိုးတို့ဖြင့် သွန်းလုပ် ပေးလေသဖြင့် မင်းနှင့်တကွ ကိုးကွယ်ကြရလေသည်။ ကြွင်းကျန်သောရတနာများအား ထိုမင်းလက်ထက် ပလ်္လင်တော်အောက်၌ မြုပ်နှံလျက် ထားခဲ့လေသည်။ ထိုပြီးနောက် မြတ်စွာဗုဒ်္ဓ ပရိနိဗ်္ဗာန် စံလွန်တော်မူ ပြီးနောက် သာသနာတော်သက်္ကရာဇ် (၂၁၄ မှ ၂၅၈) ခရစ်အေဒီ (၃၁၆ မှ ၂၇၂) ခုနှစ်တွင် စိုးစံခဲ့သော (အိန်္ဒိယပြည်) ပါဋလိပုတ်ပြည် ရှင်ဘုရင် သီရိဓမ်္မာသောကမင်းကြီးသည် ရာဇဂြိုဟ်ပြည်မှ အဇာတသတ်မင်း တည်ထားခဲ့သော မြေထဲစေတီတော်ကို တူးဖြိုယူခဲ့လေပြီးသော် (ဓမ်္မာခန်္ဓာပေါင်း ရှစ်သောင်းလေးထောင် ) ရည်မှန်းတည်ထားလိုသောကြောင့် (အရှင် မဟာမောဂ်္ဂလိပုတ်္တတိဿမထေရ်) မြတ်၏ လမ်းညွှန်ချက်အရ ရခိုင်ဒေသတွင် ဘုရားရှင်ကြွရောက်ခဲ့စဉ်က ဗျာဒိတ်စကားထားခဲ့သည့်တောင်တို့၌ စေတီတော်များ တည်ထားနိုင်ရန် ရဟန်္တာအရှင်ရေ၀မထေရ်ကြီးမှူးလျက် (ဗာဟုမထေရ်နှင့် အရှင်တိဿမထေရ်) တို့အား မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို မြသပိတ်တော်တွင် ထည့်လျက် ရခိုင်ဘုရင် ဓ၀တီပြည့်ရှင် (သူရိယစက်္ကမင်း) ထံတော်သို့ပို့ဆောင်လေသည်။ ထိုရဟန်္တာများသည် ဓာတ်တော်များနှင့်အတူ လက်ဆောင်တော်အဖြစ် မင်းကြီးကိုးကွယ်နိုင်ရန် တာဝတိံသာမှ စူဠာမုနိပုံတူ ရုပ်ပွါးတော်မြတ်တစ်ဆူကို ယူဆောင်လာခဲ့ပြီး မင်းကြီးအားပေးဆက်လေသည်။ မင်းကြီးသည်ဝမ်းမြောက် ရွှင်လန်းစွာဖြင့် (မဟာမုနိဆင်းတုတော်ပုံ) အတိုင်းပင်လျင် ငွေကိုသွန်းလုပ်ပြီး သော် ထိုမထေရ်မြတ်တို့အား လှူဒါန်းတော်မူလေသည်။ ထိုရဟန်္တာအရှင်မြတ်တို့သည် လည်း သူရိယစက်္ကမင်းပေးလိုက်သော မဟာမုနိ ဘုရားပုံတူ ငွေသားဆင်းတုတော်မြတ်ကို (အသောကမင်းတရား) ကိုးကွယ်နိုင်စေခြင်းငှာ ပေးအပ်လေသည်။ ရခိုင်ပြည့်ရှင် သူရိယစက်္ကမင်းသည် ရရှိတော်မူအပ်သော ဘုရားရှင်၏ဓာတ်တော်မွေတော်များကို မြတ်စွာဘုရား ဗျာဒိတ်ချမှတ်ခဲ့သော နေရာဒေသ အသီးသီး၌ စေတီတည်ထားရန်အတွက်မှူးကြီး၊ မတ်ကြီး၊ ပညာရှိသုခမိန် အပေါင်းတို့အား တာဝန်ပေးအပ်တော်မူလေသည်ကား (သေလာဂီရိ) ခေါ် ကျောက်တော်တောင်တွင် (ကျောက်ရိုး တော်ဓာတ်) ကို ဌာပနာစေတီတည်ပြီး ကျောက်ရိုးတော်စေတီ (ကျောက်တော်စေတီ)ဟု အမည်ထားလျက် ထိုကစပြီးသော် စေတီပေါင်း (၂၄၆) ဆူကို တည်ထားလေသည်။ မဟာမုနိဆင်းတုတော်နှင့် မဟာထီးဆင်းတုတော် တို့ကိုပါ ဘုရားဗျာဒိတ်တွင်ထည့်၍ ရေတွက်ခဲ့သော် စေတီတော်ပေါင်း (၂၄၈)ဆူဖြစ်ပေသည်။
ထိုပြီးနောက် သူရိယစက်္ကမင်းသည် စူဠာမုနိဆင်းတုတော်ငယ်ကို များစွာပင်သဘောကျတော်မူသဖြင့် ထိုပုံစံကဲ့သို့ ဘုရားသွန်းလုပ်ရန်အတွက် စန်္ဒသူရိယမင်းကြီး မြှူပ်နှံထားခဲ့သော ရတနာသတ်္တုများကို တူးဖော်ယူပြီးသော် (စန်္ဒမုနိဘုရားပုံ) ဆင်းတုတော်ပုံစံတူ မုနိ(၅)ဆူကို သွန်းလုပ်တော်မူလေသည်။ ၁။ စန်္ဒမုနိ ၂။ သကျမုနိ ၃။ ဒေ၀မုနိ ၄။ ရာဇမုနိ ၅။ စူဠမုနိ တို့ဖြစ်ကြလေသည်။ ဤဘုရားငါးဆူတို့မှာ မဟာမုနိဘုရားသွန်းလုပ်ကျန်ခဲ့သော ရတနာတို့ဖြင့် သွန်းလုပ်ခဲ့သောကြောင့် ထိုဘုရားများကို (မဟာကျန်ဘုရားများ)ဟု ခေါ်လေသည်။
ထိုပြီးနောက် သူရိယစက်္ကမင်းသည် ထိုမုနိငါးဆူတို့အား မနီးမဝေးမှဝိုင်းရံလျက် သင်တင့် လျောက်ပတ်သော နေရာဒေသတို့၌ လိုဏ်ဂူတော်တို့နှင့်တကွ သိမ်တော်တည်ဆောက်ကာ တည်ထားတော်မူ လေသည်။ ထို့ကြောင့် (မဟာမုနိစက်) ဟု ခေါ်စမှတ်ပြုကြပြန်လေသည်။ (စန်္ဒသာရမုနိ) ဟုလည်းခေါ်တွင် ခဲ့တော်မူခဲ့သော ဤစန်္ဒမုနိရုပ်ပွား တော်မှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာအနီး (ဒီပါပဗ်္ဗတ) တောင်ကုန်းပေါ်၌ တည်ထားရှိခဲ့လေသည်။ ဤသွန်းစက်တော်ဘုရားငါးဆူကို ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ် မင်းဆက်အသီးသီးတို့သည် ထိုနေရာဒေသ၌ပင် သွားရောက်ဖူမြော်ပူဇော်ခဲ့ကြလေသည်။ မြောက်ဦးခေတ်ကို ကောဇာ(၇၉၂)ခုနှစ် ခရစ်(၁၄၃၀)ခုနှစ် ထီးနန်းတည်ပြီးနောက် (မင်းစောမွန်)သည် ဤစန်္ဒမုနိရုပ်ပွားတော်မြတ်အား မြောက်ဦးမြို့သို့ပင့်ဆောင်ပြီးသော် (ဗာဘူတောင်) ပေါ်၌ စေတီတည်ထားပြီး မုခ်ဂူတော်ထဲ၌ ကိန်းဝပ်စံပယ်တော်မူစေကာ ပူဇော်ထားလေသည်။
ထိုသို့ (ဘားဘူတောင်စေတီတော်) ဂန်္ဓကုဋိ၌ ကိန်းဝပ်စံပယ်တော်မူစေသည်။ မြောက်ဦးခေတ်ဝယ် (ဘားဘူရှိယင့် ဆံရှိယင့် ဒိုင်းကျီရှိယင့် ရီရှိယင့် ) တဘောင်စကားအရ ဒိုင်းကျီရပ်တွင် သောက်ရေကန်ကြီးကို လည်းကောင်း၊ ဘားဘူတောင်စေတီအနီးဝယ် ယတ်္တရာဆံစေ့ကျီတော်ကို လည်းကောင်း ပြုလုပ်ခဲ့လေသည်။ သို့အတွက်ကြောင့်နောင်တွင် ဤဘားဘူတောင်စေတီအား (ဆံကျီစေတီ) ဟူ၍လည်း တချို့ကခေါ်ဆို ကြလေသည်။ (မင်းစောမွန်သည် စန်္ဒမုနိ ရုပ်ပွားတော်အား ဤဘားဘူတောင်ပေါ်၌တည်ထားခဲ့ခြင်းမှာ အကြောင်းရှိပေသည်။ ရှင်ဗာဟုလမထေရ်နှင့် အသျှင်တိဿမထေရ် တို့သည် ဤသူရိယစက်္ကမင်းထံ ဓာတ်တော်များပေးအပ်ရန် ကြွရောက်တော်မူလာသောအခါ ထိုတောင်အနီးနေထိုင်သော (ဥဒေါင်း)၏ အဥကို မျောက်ကယူပြီးသော် အရှင်ဗာဟုလမထေရ် အား လှူဒါန်းလေသည်။ ထိုအခါ ရဟန်္တာအသျှင်မြတှ်င်ဗာဟုလမထေရ် သည် မျောက်ထံက အဥကို ရလေ၍ အတိတ်နမိတ်ကိုသိရလေကား (နောင်သောအခါဤနေရာ၌ မြို့ကြီးကျယ်စွာ ဖြစ်ထွန်းပေါ်ပေါက်လာပြီး ထိုမြို့ကို (မျောက်ဥ)မြို့ (မြောက်ဦးမြို့) ခေါ်တွင်စေလျက် သင်မျောက်နှင့် ဒေါင်းတို့သည် လူ့ဘ၀ဖြင့်သာလျှင် သာသနာတော်ကို စည်ကားလေအောင် ပြုကြလိမ့်မည်ဟု ဗျာဒိတ်စကားမြွက်ဟခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် မင်းစောမွန်သည် မြို့တော်ကို မြောက်ဦးမြို့ဟု အမည်ပေးခဲ့လေသည်။
ထိုသို့အင်္ဂလိပ်တို့ ရခိုင်ကို အုပ်ချုပ်ခဲ့စဉ်ကာလက (ကြေးထည်ပစ်္စည်းဟူသမျှတို့ကို) အမြောက်ကျည်ဆံ လက်နက်များ ပြုလုပ်ရန်အတွက် နေရာတကာတွင် သိမ်းယူလေတော့သည်။ ရရှိသော ကြေးထည်ပစ်္စည်းများ တွင် ဗုဒ်္ဓဆင်းတုတော်များ၊ ခေါင်းလောင်းတော်များ ပါဝင်လေသည်။ ရရှိသော ကြေးထည်များကို ထုခွဲပြီးလျှင် စစ်တွေမြို့မှ သဘောင်္ဖြင့် ကလကတ်္တားမြို့သို့ တင်ပို့ယူဆောင်သွားကြလေတော့သည်။
ထိုကဲ့သို့ပင် ရခိုင်ဒေသတစ်ခုလုံး မြို့ရွာကျေးလက်အထိ သိမ်းယူလျက် တစ်နေရာတွင်စီ စုပုံထားကြကာ သဘောင်္အလာကို စောင့်မျှော်နေကြချိန်ဝယ် ကြေးထည်အကျိုးအပဲ့များကြားမှ အကောင်း ပကတိရှိသေးသော ကြေးဆင်းတုတော်အပိုင်းများကို ရခိုင်မျိုးချစ်ပုဂ်္ဂိုလ်အချို့သည် အသက်စွန့်လျက် ညဥ့်အချိန်တွင် ခိုးယူကြပြီး သိုဝှက်ထားကြလေသည်။
ထိုကဲ့သို့ ဖြစ်နေကြသောအချိန်ကာလ၀ယ် (စန်္ဒမုနိဘုရား)ကို အင်္ဂလိပ်တို့ တစ်နေ့တစ်ချိန် ယူသွားမည်ကို စိုးရိမ်ကြီးစွာဖြင့် မျိုးချစ်ပုဂ်္ဂိုလ်များ ဖြစ်သော တောင်ရပ်ရွာမှ ဦးသာထွန်းဦး၊ ဦးချီးမောင်နှင့် ဦးသာဘောတို့က ခေါင်းဆောင်လျက် လူငယ်၊ လူကြီး စုပေါင်းခေါ်ယူကာဖြင့် ညဥ့်အချိန်၌ ဘားဘူတောင်မှ စန်္ဒမုနိသွန်းစက်တော်အား ပင့်ဆောင်ထမ်းယူကြကာ တောင်ခြေရင်းအနီးရှိ ချောက်ကမ်းပါး (ရွှံ့ဗွက်အထဲ၌ မြှပ်နှံကာ ရေထဲတွင်) ထိန်ဝှက်ထားကြလေသည်။ နောက်နှစ်ပေါင်း (၁၀) နှစ်ခန့်ကြာလေသောအခါ တိုင်းပြည်အနည်းငယ် ငြိမ်ဝပ်လာသဖြင့် ထိုမှတစ်ဆင့် ညဥ့်အချိန် လျှို့ဝှက်ထားသောနေရာမှ (စန်္ဒမုနိရုပ်ပွား)တော်အား တင်ဆောင်ထမ်းယူကြလျက် ဗန်္ဓုလကျောင်းတိုက်ကုန်းပေါင်ရှိ ဗုဒ်္ဓဆင်းတုတော်များ ထားရာ ဓမ်္မာရုံသိမ်ထဲတွင် တခြား ကျောက်ဘုရားများ အကြားဝယ် အုတ်အင်္ဂတေတို့ဖြင့် မံလျက် ကျောက်ဆင်းတုတော်ဘုရားအဖြစ် ပုံသဏ္ဍာန်ဖြင့် သိုဝှက်ထားရှိကြသည်။ ဘုရားခန်္ဓာတော်ကို ကိုယ်လုံးပြည့် ရွှေချထားကာ ပူဇော်ထားကြလေသည်။
ဤစန်္ဒမုနိရုပ်ပွားတော်မှာ ဗြိတိသျှတစ်ခေတ်လုံး နှစ်ပေါင်း (၁၀၀) ခန့် အုတ်အင်္ဂတေ ဖုံးအုပ်ဘုရားအဖြစ် သီတင်းသုံးနေခဲ့လေရာတွင် ထိုသို့ထားခဲ့သူတို့လည်း (သစ်္စာရေသောက်ပြီး တစ်စုံတစ်ဦး ကိုမျှ မပြောခဲ့ကြ) လေသဖြင့် သွန်းစက်တော်ရှိမှုကို တစ်ဦးမျှမသိရှိကြတော့ပေ။ ဘုရားသွးန်စက်တော်ပေါ်ချိန် တန်သောအချိန်အခါ ရောက်လတ်သောအခါဝယ် (ယခုဗန်္ဓုလကျောင်းအုပ်ကြီး) ဖြစ်သော ဦးပဉ်္စင်းစက်္ကပါလ သည် ဓမ်္မာရုံထဲ၌ တံမြက်စည်းလှဲနေခိုက်ဝယ် ထိုဘုရား၌ မျက်စိတော်တစ်ဖက်မှ အုတ်အင်္ဂတေကွာကျသွား၍ အထဲတွင် ကြေးဆင်းတုတော်ဖြစ်နေမှုကို တွေ့မြင်ရသဖြင့် ကျောင်းထိုင်ဆရာတော်ကြီးဖြစ်သော ဘဒ်္ဒန်္တဦးပဏ္ဍိစ်္စ (အဂ်္ဂမဟာပဏ္ဍိတ) အား သွားရောက်လျှောက်ထားလေသည်။
ထိုအခါ ဆရာတော်ကြီးသည် ရပ်ကွက်မှ တကာကြီးတို့အား ခေါ်ယူလျက် အမိန့်ရှိလေသည်မှာ (ဆရာတော် သိထားသည်မှာ ဘားဘူတောင်က စန်္ဒမုနိဘုရားပျောက်ဆုံးသွားသည်ကို သိထားသည်။ သို့နှင့် ယခုတွေ့ရသော ဆင်းတုတော်မှာ စန်္ဒမုနိဘုရားဖြစ်နိုင်ကြောင်း၊ ဆင်းတုတော်၏ ကိုယ်ပေါ်မှ အင်္ဂတေများခွာချလျှင် ကြေးဆင်းတုတော်ကြီးကို မြင်တွေ့နိုင်ကြမည်ဖြစ်ကြောင်း၊ အကယ်၍ ဆင်းတုတော် ကျိုးပဲ့နေလျှင် ပြန်လည်ပြုပြင်သွန်းလုပ်ကြရန် မိန့်ကြားလေသည်။) တကာအပေါင်းလည်း ၀မ်းသာအားရစွာဖြင့် အင်္ဂတေများကို ခွာချကြသောအခါ ကြည်ညိုဖွယ်အထူးကောင်းသော သွန်းစက်တော်တစ်ဆူဖြစ်နေမှုကို တွေ့မြင်ကြရလေတော့သည်။
ထိုစန်္ဒမုနိဘုရားဆင်းတုတော်၌ ဦးခေါင်းတော်ပဲ့နေခြင်း၊ ဘယ်ဘက်မှ လက်ချောင်းတော်များ ပဲ့နေခြင်း၊ နားရွက်တော်အောက်ပိုင်းမှ ပြတ်နေခြင်း၊ ပလင်တော်အနည်းငယ်ပဲ့နေခြင်းမှအပ အားလုံးအကောင်း ပကတိဖြစ်သည်။ ထို့ကြောင့် လက်ထောက်ဘုန်းကြီး ဦးစက်္ကပါလနှင့် တကာအပေါင်းတို့သည် ညောင်ပင်ဈေးရပ်မှ (ပန်းတဉ်းဆရာကြီး ဦးကျော်အေး) အား မူလနဂိုအတိုင်းပြုလုပ်ပေးရန် အပ်လေသဖြင့် ထိုဆရာသည် ရှေးမူဟောင်းပုံစံအတိုင်းပင်လျှင် ပြုပြင်သွန်းလုပ်ပြီးစီးအပ်နှံခဲ့လေရာ စန်္ဒမုနိဆင်းတုတော်အား ရောင်တော်ဖွင့်လှစ်သောအခါ ရွှေသားရွှေတုံးကဲ့သို့ ၀င်းလက်ပြီးသော် ရောင်ခြည်တော်ကွန့်မြူးနေသော ဆင်းတုတော်ကြီးတစ်ဆူဖြစ်နေမှုကို ဖူးမြော်ကြည်ညို ကြရလေတော့သည်။ ယခုအခါ ဤဆင်းတုတော်မြတ်မှာ ဗန်္ဓုလကျောင်းတိုက်တောင်ဘက်ရှိ သီးခြားသိမ်တော်အတွင်း၌ ကိန်းဝပ်စံပယ်လျက်ပင် ရှိပါတော့သည်။ ဆင်းတုတော်၏ ပလင်တော်မှာ (ယခုလက်ရှိ ဗန်္ဓုလဘုန်းကြီး ဦးစက်္ကပါလ တစ်ပင်တိုင်နန်းရာမှ ပြောင်းရွှေ့လာသော ပလင်ဖြစ်သည်။ ထိုပလင်၌ ယခင်မကြာမီက မောင်တောမြို့သို့ ကြွသွားသော ကျောက်ဆင်းတုတစ်ဆူသီတင်းသုံးခဲ့သည်။ အလိုက်သင့်ပင်လျှင် ထိုရှေးဟောင်း ကျောက်ပလင်ဝယ် ယခုအခါ စန်္ဒမုနိသွန်းစက်တော်ဘုရားအား တင်ထားကာ သီတင်းသုံးစေလျက် ပူဇော်ထားခြင်းဖြစ်ပေသည်။)
ဤစန်္ဒမုနိရုပ်ပွားတော်အား (သတ်္တုရုပဗိသုကာကျမ်း) လာ စည်းကမ်းချက်များနျင့်အညီ သွန်းလုပ် ထားသဖြင့် အချိုးအစားညီညွတ်သော ဆင်းတုတော်တစ်ဆူ ဖြစ်လာရခြင်းဖြစ်သည်။ ရခိုင်ဗုဒ်္ဓဆင်းတုတော်များ ထဲတွင် အောက်ပါအင်္ဂါရပ်များ ပြည့်စုံအောင် ဆောင်ရွက်သွန်းလုပ်လေ့ရှိကြလေသည်။
၁။ အရှည်တော် (၅) ပါး ၅။ လက်သစ်တော် (၂၈) ပါး
၂။ အတောင်တော် (၅) ပါး ၆။ မုယောတော် (၁၅) ပါး
၃။ အထွာတော် (၂၂) ပါး ၇။ အဖြိုးတော် (၇) ပါး
၎။ မိုက်တော် (၁၃) ပါး ၈။ အ၀န်းတော် (၂၃) ပါး
တို့ဖြစ်ကြလေသည်။
အထက်ဖော်ပြပါ အင်္ဂါရပ်ပေါင်း (၁၁၈) ပါးနျင့် ပြည့်စုံသော ဆင်းတုတော်မှာ အလွန်သပ်္ပာယ်၍ ဖူးမြော်သူများကို သဒ်္ဓါတရား ထက်သန်စေသည်။ ထို့ကြောင့် စန်္ဒမုနိဆင်းတုတော်၏ အတိုင်းအတာများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဉဏ်တော်အမြင့် ၄ ပေ ၁၀လက်မ
၂။ ဒူးစွန်းတော်နှစ်ဖက် ၄ ပေ ၈ လက်မ
၃။ ခါးတော်လုံးပတ် ၄ ပေ ၁ လက်မ
၎။ လက်မောင်းတော်လုံးပတ် ၁ ပေ ၁၁ လက်မ
၅။ ပုခုံးတော်အကျယ် ၂ ပေ ၁၀ လက်မ
၆။ ရင်အုပ်တော်လုံးပတ် ၅ ပေ ၁၀ လက်မ တို့ရှိကြသည်။

စန်္ဒမုနိဆင်းတုတော်၏ အံ့ဖွယ် (၉) ပါး
၁။ ရောင်တော်တစ်ကြိမ်ဖွင့်ရုံမျှဖြင့် နှစ်လတိုင်ကြာမြင့်သော်လည်း ရောင်ခြည်တော်မှေးမှိန်သွားသည် မရှိခြင်း၊
၂။ တိုင်းပြည်၌ ထူးခြားသောဖြစ်ရပ်များ ပေါ်ပေါက်လာမည်ဖြစ်ခဲ့လျှင် ဆင်းတုတော်၏ ညာဘက် မျက်လုံးတော် နီရဲလာခြင်း၊
၃။ ပူပြင်းလာသော နွေရာသီ၌ဖြစ်စေ၊ အေးမြသောဆောင်းရာသီ၌ဖြစ်စေ၊ ဆင်းတုတော်ကို စမ်းသပ် ကြည့်လျှင် တူညီသော အေးစက်မှုသာရှိခြင်း၊
၎။ ရင်ညွှန့်တော်၌ပေါ်နေသော ကြာပွင့်သဏ္ဍာန်အရိပ်ကို မည်သည့်နည်းနျင့်မျှ တားဆီးမရခြင်း၊
၅။ ဆင်းတုတော်အား တစ်ကြိမ်ဖူးရုံမျှဖြင့် အားရကျေနပ်မှုမရှိဘဲ အကြိမ်ကြိမ်လာရောက်ဖူးမြော်လိုသော စိတ်ဆန်္ဒများ ဖြစ်ပေါ်စေခြင်း၊
၆။ မုနိတော်မှ အလင်းအမှောင် အချိန်မရွေး အရောင်တော်ပနေခြင်း၊
၇။ မြတ်စွာဘုရား၏ ဂုဏ်တော်ကို တစ်နေ့လျှင် ပုတီး (၉) ပတ်ကျ ဆင်းတုတော်ရှေက၌ သွားစိပ်ပြီး ကိုးပါးသီလ ဆောက်တည်ကာ သတ်သတ်လွတ်စား၍ (၉) ရက်အဓိဌာန်ဝင်လျှင် ဘေးခပ်သိမ်း ရန်ခပ်သိမ်းမှ ကင်းလွတ်ပြီး လိုအပ်ဆန်္ဒအ၀၀တို့နှင့် ပြည့်စုံစေခြင်း၊
၈။ တစ်ကြိမ်တစ်ခါဖူးရုံမျှဖြင့် ဆင်းတုတော်ကို အာရုံပြု၍ ဂုဏ်တော်ပုတီးစိပ်လျှင် စိတ်အားရုံ၌ ဆင်းတုတော်ပုံပေါ် လာခြင်း၊
၉။ စန်္ဒမုနိဆင်းတုတော်ကို ဖူးမြော်ရန် ရည်ရွယ်ချက်ဖြင့် ရပ်နီးရပ်ဝေးမှလာကြသော ဘုရားဖူးများသည် မည်သည့် အနှောင့်အယှက်မျှမရှိဘဲ မိမိလိုရာသို့ လွယ်ကူစွာဖြင့် ရောက်ရှိနိုင်ခြင်း၊
အစရှိသော ဂုဏ် (၉) ပုဒ်ဖြင့် ပြည့်စုံတော်မူသော မြောက်ဦးမြို့ မဟာဗန်္ဓုလ ကျောင်းတိုက်တော်ရှိ (စန်္ဒမုနိ သွန်းစက်တော်ဘုရား) အား သွားရောက်ဖူးမြော်နိုင်ကြစေရန် လမ်းညွှန်အပ်ပါသတည်း။





၅၂။ ကိုးတန်စေ့ဘုရားစေတီတော်များ
မြို့ဦးခေါင်းဘုရားကုန်းတော်နှင့် တစ်ဆက်တည်း မြို့လယ် (သဘာဝတံတိုင်း) ဖြစ်သော ပိန်္နဲတောင် တောင်တန်းပေါ်ဝယ် (ကိုးန၀င်း)အဖြစ် စေတီတော် (၉) လုံးကို ဘုရင်မင်းစောမွန်သည် ကောဇာသက်္ကရာဇ် (၇၉၂) ခရစ်အေဒီ (၁၄၃၀) ခုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်သည်။
ထိုတောင်တန်းတစ်လျှောက်တွင် စေတီတော်များ တည်ထားကာ နောက်ဆုံးစေတီတော်ကို (ပိန်္နဲတောင် ဥယျာဉ်အတွင်း) တောင်ကုန်းမော်ကလေးဝယ် (ကိုးတန်စေ့စေတီ) တော်အဖြစ် တည်ထားခဲ့လေသည်။ (ယခုအခါ ထိုစေတီတော်နှင့် မြို့ဦးခေါင်းဘုရားတောင်အောက် မြေပြန့်ကွက်လပ်ဝယ် (အလိုတော်ပြည့်ဆရာတော်ကြီး ဦးအရိယ၀ံသကျောင်း) တည်ဆောက်ဆဲရှိနေမှုကို တွေ့မြင်ခဲ့ရပေသည်။
ထိုသဘာဝတောင်တန်း၏ အနောက်ဘက် တောင်ခြေရင်းအနီးတွင် (ရွှေကြာသိမ်) ဘုန်းတော်ကြီး ကျောင်းဝင်းထဲ၌ (ပြည်မျက်စိတွင်း) တစ်ခုနှင့် မြောက်ဘက် မြင်းခုံတန်းအရပ်ဝယ် (ပြည်မျက်စိတွင်း) တစ်ခုအားဖြင့် ၂ ခုတည်ရှိသည်။ ထိုမျက်စိနှစ်ခုကြားတွင် (ပြည်မျက်ခုံး၊ ပြည်မျက်မှုံတန်း) အဖြစ် စီမံတည်ဆောက်ထားခဲ့သော စေတီငယ်များစွာမှာ ယခုအခါ တစ်ဆူ၊ နှစ်ဆူမျှသာ ဖူးတွေ့ရပေပြီ။


၅၃။ မြောက်ဦးမြို့ရှိ တေဇရာမစေတီတော်သမိုင်း
မြောက်ဦးနန်းတော်၏ မြောက်ဘက်တစ်မိုင်ခန့်ကွာဝေးသော (သာသနာပိုင်ဘုန်းတော်ကြီး ဦးတေဇရာမ ဆရာတော်ဘုရား)၏ ကျောက်တိုက်ဝင်းအနီးဝယ် (စလင်္ကသူမင်းစောမွန်) ခေါ် (သိင်္ဂသူမင်း) သည် ကောဇာသက်္ကရာဇ် (၈၅၆) ခုနှစ် ခရစ်သက်္ကရာဇ် (၁၄၉၄) ခုနှစ်တွင် တည်ထားပူဇော်တော်မူလေသည်။ ထိုကျောင်းတိုက်တော်အနီးတွင် တည်ထားလေသောကြောင့် (တေဇရာမစေတီ) ဟူ၍ ခေါ်တွင်သမုတ်ကြလေသည်။
ဤစေတီတော်မြတ်၏ လုံးပတ်ပုံသဏ္ဍာန်မှာ (ထူးချွန်ပုံ) ဖြစ်သည်။ စေတီတော်တွင် (ခိုနန်းချိုး) သုံးဆင့်ပါရှိလေသည်။ ဒုတိယနျင့် တတိယပစ်္စယံတို့တွင် မုခ်ငယ်လေးခုကို တပ်ဆင်ထားလေသည်။ ထိုမုခ်ငယ်များ၏ တစ်ဘက်တစ်ချက်တွင် (မဟာဗောဓိစေတီပုံသဏ္ဍာန်) ရှိသော အရန်စေတီတော်ငယ်များကို တည်ထားရှိလေသည်။ စေတီတော်၏ အရှေ့ဘက်အနီးတွင် သီးခြားတည်ဆောက်ထားသော လိုဏ်ဂူတော်ငယ်တစ်ခုကို တည်ထားရှိလေသည်။ ထိုဂူငယ်၏ မုခ်ဝအထွတ်တွင် (ပန်းကိုက်ဘီလူးမပုံသဏ္ဍာန်) ကျောက်ဆစ်လက်ရာ ပြောင်မြောက်စွာဖြင့် ထုဆစ်ပြုလုပ်ထားသော ရုပ်ထုထားရှိသည်။ ထိုဂူ၏ လိုဏ်ဂူတော်အတွင်း ကျောက်ဆင်းတုတော်ကြီး ဘုရားကြီးတစ်ဆူကို ပလ်္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ ခွေထိုင်တော်မူအဖြစ် တည်ထားလေသည်။ စေတီတော်၏ တောင်ဘက်တွင်လည်း ကျောက်ဂူငယ်တစ်ခုကို ပြုပြင်နိုင်ရေး အစဉ်ထာဝရ အလှူငွေများရရှိရေးအတွက် ရှေးရှုပြီးသော် အရပ်လေးမျက်နှာတွင်ရှိသော လယ်ချည်းများကို နေရာဒေသတို့နှင့်တကွ သတ်မှတ်ကာ လှူဒါန်းထားသော လယ်မြေအလှူမှတ်တမ်းတော် ရေးထိုးထားသော ကျောက်စာလေးချပ်ကို စိုက်ထူထားရှိလေသည်။ ဤစေတီတော်ကြီးကို ကျောက်အတိဖြင့် တည်ဆောက်ထားသည်။ စေတီတော်ပတ်လည်ကို ကျောက်တံတိုင်းကာရံထားပြီး အရှေ့ဘက်မှ ၀င်ပေါက်ရှိလေသည်။ (တေဇရာမစေတီတော်)၏ ပတ်လည်ပေပေါင်းမှာ (၈၀) ပေရှိသည်။ စေတီတော်၏ အမြင့်ပေပေါင်းမှာ (၆၀) ပေမြင့်မားလေသည်။
ထိုမင်းလက်ထက် (သာသနာပိုင်ဆရာတော်ကြီးတေဇရာမ)၏ ပုံတူရုပ်ထုကျောက်ဆစ်လက်ရာဖြင့် ထွင်းထု ကိုးကွယ်ထားသော ရုပ်ထုတော်မှာ စေတီတော်၏ အရှေ့ဘက် ဘုန်းတော်ကြီးကျောင်းအနီးတွင် တည်ရှိထားလေသည်။ ဤစေတီတော်မြတ်၏ ဌာပနာတိုက်ဝယ် ဘုရားရဟန်္တာတို့၏ ဓာတ်တော်များကို ထည့်ထားတော်မူပြီး ကျောက်သားအတိတို့ဖြင့် တည်ဆောက်ထားခဲ့သည့် စေတီတော်မြတ်တစ်ဆူဖြစ်ပေသည်။ ဤစေတီတော်မြတ်မှာ မင်္ဂလမာန်အောင် ဘုရားသွားလမ်း ဆင်ချဆိပ်ရပ်ကွက် ရွာသစ်၏ လက်ယာဘက်မနီးမဝေး တွင် တည်ရှိသဖြင့် သွားရောက်ဖူးမြော်နိုင်ကြစေရန် လမ်းညွှန်အပ်ပါသတည်း။




၅၄။ ဘားဘူတောင်စေတီတော်များသမိုင်း
ရခိုင်ပြည် တတိယဓည၀တီခေတ်ကာလ (သူရိယစက်္ကမင်း) အုပ်စိုးခဲ့သောအချိန်ဝယ် အနောက်မဇ္ဈမဒေသတွင် စိုးမိုးအုပ်ချုပ်တော်မူသော (သီရိဓမ်္မာသောကမင်း) သည် မြတ်စွာဘုရား၏ ဓာတ်တော်များကို ဗုဒ်္ဓဘုရား၏ ဗျာဒိတ်တော်ထားသောနေရာဒေသအသီးသီးဝယ် ဇမ်္ဗူဒိပ်တစ်ခုလုံး၌ တည်ထားတော်မူလိုရကား ရခိုင်မင်း သူရိယစက်္ကမင်း အကြည်တော်ထံ ဗျာဒိတ်ရတောင်တို့တွင် တည်ထားပူဇော်ပေးရန်အတွက် ပါဋလိပုတ်ပြည်မှ ရှင်မဟာမောဂ်္ဂလိပုတ်္တတိသမထေရ် ရဟန်္တာမြတ်ကြီး၏ သာသနာပြုစေလွှတ်ချက်အရ ခွဲတမ်းရခဲ့သည့် ဓါတ်တော်များကို အရှင်မဟာရေ၀အမှူးပြုလျက် အရှင်ဗာကုလမထေရ်၊ အရှင်တိသမထေရ် ရဟန်္တာမြတ်တို့သည် ကောင်းကင်ခရီးဖြင့် အဘိဥာဏ်ဈာန်ဖြင့် ကြွမြန်းတော်မူလာရာတွင် ဤ(နိသာတပဗ်္ဗတ) တောင်တော်၌ ရပ်တန့်တော် မူခဲ့လေသည်။ ရှေးအခါက ဘုရားရှင် နုငယ်စဉ်အလောင်းတော်ဘ၀ဖြစ်စဉ်က (ချီမင်း) ဘ၀နှင့် နေထိုင်ခဲ့သော တောင်ဖြစ်သည်။ ထိုအရှင် ဗာကုလမထေရ် ရပ်တန့်ခဲ့သဖြင့် (ဗကုလတောင်) ခေါ်ဆိုကြသည်။ ထိုတောင်၌ (ပါးပူဘီလူး) နေသောကြောင့် (ပါးပူတောင်) ခေါ်ပြန်သည်။ (ဘားဘူရှိယင့် ဆန်ရှိယင့်) စကားအရ (ဆန်စေ့များကို ယတြာ) လုပ်ခဲ့သောနေရာဖြစ်သောကြောင့်ပင်လျှင် (ဘားဘူတောင်)ဟု ယနေ့တိုင်ခေါ်နေကြသည်။ သူရိယစက်္ကမင်းသည် ဗုဒ်္ဓ၏ (သရီဓာတ်တော်) ကို ဌာပနာပြီး စေတီတည်ခဲ့သည်။ မြောက်ဦးမြို့တည် မင်းစောမွန်သည် ကောဇာ (၇၉၂) ခုနှစ် ခရစ်အေဒီ (၁၄၃၀)တွင်ထပ်မံပြီး စေတီတော်ကို မွမ်းမံပြုပြင် တည်ဆောက်ခဲ့သည်။ ထို့နောက် (စလတ်္ထမင်းစောမွန်) လက်ထက် စေတီတော်နှစ်ဆူ တည်ထားခဲ့သည်။ ဗြိတိသျှခေတ် မြို့သူမြို့သားများ စုပေါင်းကာ စေတီတစ်ဆူကို တည်ထားခဲ့ကြပြန်လေသည်။


၅၅။ ကိုးန၀င်းစေတီတော်သမိုင်း
ဤစေတီတော်မှာ လေးမြို့ခေတ်ဦးစမ်္ဘ၀ဏ်မြို့တော်ရှင် (ခေတ်္တသင်မင်း) နှင့် မိဖုရား (သီရိကုမ်္မာရီဒေ၀ီ) တို့လက်ထက် မိမိတို့ ကိုးကွယ်ဆည်းကပ်ခဲ့သော ဆရာမြတ်တစ်ဆူဖြစ်သည့် အရှင် (ဗန်္ဓ၀ရဟန်္တာ) မထေရ်မြတ်သည် ဤတောင်တော်၌ သီတင်းသုံး နေထိုင်တော်မူပြီး ပရိနိဗ်္ဗာန်စံလွန်တော်မူသောကြောင့် ကောဇာသက်္ကရာဇ် (၁၈၀) ခုနှစ် ခရစ်အေဒီ (၈၁၈) ခုနှစ်တွင် (အန်္တိမဈာပန) ပြုလုပ်ပြီးသော် ကြွင်းကျန်ရစ်သော ဓာတ်တော်များအား တစ်ဝက်စီခွဲကာ (ကိုးန၀င်း) တောင်နှင့် (ဓာတ်ရွှေဂူ) တောင်နှစ်လုံးဝယ် စေတီတော်တည်ထားကာ ကိုးကွယ်တော်မူခဲ့လေသည်။
လေးမြို့ခေတ်၌ ရဟန်္တာမထေရ်များ ပေါများခဲ့လေသည်။ အဓိကထင်ရှားသော မထေရ်ကြီးများမှာ (၁) အသျှင်သစ်္စဗန်္ဓ၀၊ (၂) အသျှင်နန်္ဒိယမထေရ်၊ (၃) အသျှင်ပဒုမ်္မမထေရ်၊ (၄) အသျှင် ကောဓဏ္ဍညမထေရ်၊ (၅) အသျှင် ရေ၀တမထေရ်မြတ်တို့ ဖြစ်ကြလေသည်။ အသျှင်သစ်္စဗန်္ဓ၀ (ခေါ်) ဗန်္ဓ၀မထေရ်မြတ်သည်ကား ပဉ်္စာမြို့တော်အနီး ဗုဒ်္ဓခေါင်းဂူတွင်လည်းကောင်း (ယခုအခါ ထိုနေရာကို ငှက်ခေါင်း) ခေါ်နေကြသည်။
ထိုအသျှင်မြတ်သည် (ကဉ်္စနနဒီ) လေးမြို့ချောင်းကမ်းအနီး (လက်မ) ကျေးရွာအနီး (ဗုဒ်္ဓလက်မဓာတ်တော်) ကိန်းအောင်းရာစေတီတောင်ခြေရင်းရှိ ဗုဒ်္ဓခေါင်းဂူတွင်လည်းကောင်း၊ ထိုပြီးနောက် (ဂစ်္ဆပနဒီ) မြစ်ဝ (သမုဒ်္ဒဂီရိ) ခေါ် ကျောက်ဂူပေါ်ရှိ ဗုဒ်္ဓခေါင်းဂူပေါ်တွင်လည်းကောင်း၊ တရားကျင့်ကြံအားထုတ် ဂူအောင်းကာ သီတင်းသုံး နေထိုင်ခဲ့လေသည်။ ထိုဂူကို ယခုအခါ (စစ်တွေမြို့တွင် ဗုဒေ်္ဓါမော် ဗုဒေ်္ဓါခေါင်း) ဟုခေါ်ဆိုနေကြသည်။ ရဟန်္တာမထေရ် (ဗန်္ဓ၀) နေထိုင်ခဲ့သောကြောင့် (ဗန်္ဓ၀မော်)သာ ဖြစ်သည်။ ဗုဒေ်္ဓါမော်မဟုတ်ပေ။
ထိုအရှင်မြတ်သည် တိုင်းနိုင်ငံအသီးသီးသို့လည်း သာသနာပြုခဲ့လေသည်။ ပရိနိဗ်္ဗာန်ယူခါနီး အချိန်သို့ ရောက်လာသောအခါ မိမိသတ်မှတ်ထားသော (သီရိပဗ်္ဗတ) တောင် (ခေါ်) ဤ(ကိုးန၀င်း) တောင်ပေါ်ကျောင်းရှိရာသို့ ကြွရောက်လာတော်မူပြီးသော် ပရိနိဗ်္ဗာန်စံလွန်တော်မူခြင်း ဖြစ်လေသည်။ ထိုသို့ ပရိနိဗ်္ဗာန်စံလွန်တော်မူသည်ကို (ခေတ်္တသင်) မင်း ကြားလတ်၍ ပွဲတော်ဈာပနပြုလုပ်ပြီး မီးသဂြိုဟ်ပြီး ကြွင်းကျန်ဓာတ်တော်များကို (သီရိပဗ်္ဗတ) တောင်ဝယ် စေတီဓာတ်လုံးပုံသဏ္ဍာန်ကို အောက်ခြေမှ ရှစ်မြှောင့်ပုံသဏ္ဍာန်ယူလျက် စေတီတော်ကြီးကို တည်ထားလေသည်။ အရန်စေတီ(၈) ဆူဖြင့် ၀န်းရံထားလေသည်။ စေတီ အနောက်တောင်ဘက်ရှိဂူကျောင်းထဲတွင် ဗုဒ်္ဓရှင်သည် ခြေဖ၀ါးကို လက်ယာလက်ညှိုးဖြင့် ညွှန်ပြထားသည့် (လက်္ခဏာဒီပမုဒြာ) ဘုရားတစ်ဆူ ရှိသည့်



၅၆။ မင်္ဂလာဓာတ်ရွှေဂူစေတီတော်သမိုင်း
ရက်္ခပူရတိုင်း ရခိုင်ပြည် လေးမြို့ခေတ်ဦးပဉ်္စာမြို့တော်ရှင် (ခေတ်္တသင်) မင်းမြတ်နှင့် မိဖုရားကြီး (သီရိကုမ်္မာရီ) တို့သည် ကောဇာသက်္ကရာဇ် (၁၈၀) ခုနှစ် ခရစ်အေဒီ (၈၁၈) ခုနှစ်တွင် (စံကားတောင်တန်း) ခေါ် (မဇ္ဈိမပဗ်္ဗတ) တောင်( ကိုးန၀င်းတေီ) ၏ အနောက်တောင်ဘက်ထိပ်ဝယ် ဌာပနာသွင်းလျက် (မင်္ဂလာဓာတ်ရွှေဂူ) စေတီတော်ကို တည်ထားတော်မူခဲ့သည်။ စေတီတော်မှာ ခေါင်းလောင်းပုံသဏ္ဍာန်ဖြစ်ချေသည်။ စေတီတော်၏ အောက်ခြေမှာ ရစ်မြှောင့်ပုံသဏ္ဍာန်အဖြစ် တည်ထားသည်
ထိုစေတီတော် ထောင့်စွန်းများ၌ (ဒုရင်ပုံ) ကျောက်ဆစ်လက်ရာတို့ဖြင့် ထုလုပ်တပ်ဆင် တည်ဆောက်ထားသည်။ ထိုစေတီတော်သို့ဝင်ရန်အရှေကဘက်မှ လိုဏ်ဂူတော်ပေါက်ထားရှိသည်။ ဘုရားရှင်၏ ဂန်္ဓကုဋိလိုဏ်ဂူခန်းဝယ် ကျောက်ဆင်းတုဘုရားကြီးတစ်ဆူကို ပလ်္လင်ပေါ်၌ တည်ရှိသည်။ ထိုဘုရားကြီး၏ အမြင့်ပေမှာ (၅) ပေခန့်မြင့်မားသည်။ ထိုစေတီတော်၏ လုံးပတ်ပေပေါင်းမှာ (၈၀) ပေခန့်ရှိသည်။ စေတီတော်အမြင့်ပေပေါင်းမှာ (၆၀) ပေမျှမြင့်ပေသည်။နောင်တွင် ဤစေတီတော်မှာ ပြိုပျက်လေသဖြင့် ခြုံနွယ်ပိတ်ဖုံးရှိလေသောကြောင့် ရခိုင်ပြည်ဝယ် သာသနာတော်ပြုခဲ့သော ဆရာတော် အရှင် (ဦးဉစက်္က) မထေရ်မြတ်သည် ထိုတောင်ကုန်း၏ တောင်ခုလတ်ဝယ် ကျောင်းဆောက်လျက် တရားကျင့်ကြံအားထုတ်ကာ သီတင်းသုံးနေခဲ့စဉ်ကာလ တပည့်တကာများအား ထိုစေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ကြရန် ညွှန်ကြားလေသဖြင့် ဒါယကာအပေါင်းတို့က စိတ်ဝင်စားစွာဖြင့်ပြန်လည်ပြုပြင်တည်ဆောက် ပူဇော်ကြ လေသဖြင့် ယခုအခါ မြောက်ဦးမြို့သို့ လာရောက်ကြသော ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အဝေးမှပင် ဤ (မင်္ဂဓါတ်ရွှေဂူစေတီ) တော်အား ဖူးမြော်မြင်တွေ့နိုင်ကြလေသည်။


၅၇။ သုံးကျိပ်တစ်ဆူဘုရားသမိုင်း

မြောက်ဦးနန်းစံ (မင်းဒေါလျှာစောမွန်) မင်းသည် ကောဇာသက်္ကရာဇ် (၈