ဗုဒ်္ဓသာသနာဝင်တိုင်း အသုံးပြုနေကြသော သာသနာအောင်လဲတော်ကို ခရစ်သက်္ကရာဇ် ၁၈၈၅ခုနှစ် သီဟိုဠ်(သီရိလင်္ကာ) နိုင်ငံတွင် ဗုဒ်္ဓနေ့ (ကဆုန်လပြည့်)ကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန်စီစဉ်ပြင်ဆင်ရာမှ စ၍ကြံစည်ခဲ့ကြလေသည်။
ကမ်္ဘာ့ဗုဒ်္ဓသာသနာဝင်အားလုံး လိုက်နာကျင့်သုံးနိုင်ကြမည့် ဗုဒ်္ဓအောင်လံတော်မျိုးတစ်ခုရှိသင့်ကြောင်းနှင့် အောင်လံတော်၏အရော်ငမှာ ဗုဒ်္ဓနှင့်သက်ဆိုင်သည့် ရောင်ခြည်သွယ်ခြောက်မျိုးသာဖြစ်သင့်ကြောင်းကို အမေရိကန်ဗိုလ်ချုပ်ကြီး ဟင်နရီစတီ(လ်)ကော့က အကြံပေးတင်ပြခဲ့ပေသည်။ ထိုအကြံပေးချက်ကို သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံလုံးဆိုင်ရာ ဂိုဏ်းချုပ်ဆရာတော် အသျှင်သိရိသုဓမ်္မထေရ်ကလည်း လက်ခံခဲ့ပြီး ခရစ်သက်္ကရာဇ် ၁၉၅၀ခုနှစ်ပြည့်သို့ရောက်သောအခါ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံလုံးဆိုင်ရာ ဗုဒ်္ဓသာသနာကွန်ကရက်အဖွဲ့ကြီး၏ ဥက်္ကဖြစ်သော ဒေါက်တာပီဂီမာလာတာ ဆေကရက်ကဦးဆောင်၍ တစ်ကမ်္ဘာလုံးဆိုင်ရာ ဗုဒ်္ဓသာသနာ ကွန်ကရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်ပြီး ထိုအစည်းအဝေးမှ ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တန်ဆာဆင်ယင်အပ်သည့် သာသနာအောင်လံတော်ကိုအဆိုတင်ထောက်ခံအတည်ပြုခဲ့ကြသည်။ သက်္ကရာဇ် ၁၉၅၁ခုနှစ်တွင်ဗုဒ်္ကသာသနာဝင်နီုင်ငံတိုင်းက စတင်၍ အသုံးပြုခဲ့ကြသည်မှာ မြန်မာနိုင်ငံလည်းအပါအ၀င်ဖြစ်သည်။
အောင်လံ၏အရောင်ကို ရောင်ခြည်တော်ခြောက်သွယ်အထိမ်းအမှတ်အတိုင်း အောင်လံ၏တိုင်ဘက်မှစ၍ (၁) နီလ=အပြာရင့်ရောင် (၂) ပီတ=အ၀ါရောင် (၃) လောဟိတ= အနီရောင်(၄) သြဒါတ=အဖြူရောင် (၅)မဇ္ဈိဠ=အနီနှင့်အ၀ါရောသည့် လိမေ်္မ်ာရောင်တို့ကိုထောင်ထားပြီး (၆)ပဘာသရ= ပြိုးပြိုးပြက်ပြက်တလက်လက် ထွက်သည့် ရောင်ခြည်တော်အဖြစ် အောင်လံ၏အစွန်ဖျားအပေါ်(အထက်)ဘက်မှစ၍ အပြာအ၀ါအနီအဖြူ၊ လိမေ်္မ်ာရောင်တို့ကို အစဉ်အတိုင်းအောက်ဘက်သို့ထားရှိကာ ချုပ်လုပ်ရသည်။ အကြီးအငယ်အလျားအနံပမာဏမှာ (၁) အလျား ၆ ပေ အနဲ ၃ပေ ၄ လက်မ (၂) အလျား ၅ပေ ၄ လက်မ၊ အနံ ၂ပေ ၆ လက်မ (၃) အလျား ၃ ပေ ၆ လက်မ ၊ အနံ ၂ ပေ (၄) အလျား ၃ ပေ အနံ ၁ ပေ ၄ လကမခွဲ (၅) အလျား ၂ ပေ အနံ ၁ ပေ ၄ လက်မခွဲ ဟူ၍အမျိုးအစားပမာဏထာရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment