ဆီမီးခွက်ဆိုသည်မှာ အလွန်ရှေးကျသော လူသုံးပစ်္စည်းတစ်မျိုး ဖြစ်သည်။ ခွက်တစ်ခွက်တွင် တိရစ်္ဆာန်အမျိုးမျိုး အဆီ၊ ငါးဆီ၊ ဟင်းသီးဟင်းရွက်အဆီ၊ သို့မဟုတ် အပင်တမျိုးမျိုး မှ ထွက်သော အဆီကို ထည့်၍ မီးဇာဖြင့် ထွန်းညှိခြင်း ဖြစ်သည်။ ဘာသာရေးဆိုင်ရာ ပူဇော်မှုတွင် တိရစ်္ဆာန်များ၏ အဆီကို မသုံးဘဲ ကညင်ဆီ နှင့် နို့မှ ချက်ယူထားသော ထောပတ်ဆီကိုသာ အသုံးပြုကြသည်။ ကမ်္ဘာအရပ်ရပ်တွင် လူမျိုးတိုင်း၊ြာသာတိုင်းတွင် ဘာသာရေးအတွက် ပူဇော်မှုဆိုင်ရာ၌ အဆိုပါဆီမီးကို အလေးထားလေ့ ရှိကြောင်း တွေ့ရသည်။
ရခိုင်ပြည် ရှေးဦးကာလတွင် ဤနည်းဖြင့် ဗုဒ်္ဓဘုရားရှင်အား ဆီမီးပူဇော်ခဲ့ကြသည်။ ရှေးဟောင်း ဝေသာလီ၊ ဓည၀တီစသော ရှေးဟောင်းမြို့တော်ရာများမှ ရှေးဟောင်းဆီမီးခွက် အမျိုးမျိုးကို တွေ့ရှိခဲ့ရသည်။
ပထမဆီမီးခွက်မှာ အာယနာ ဆီမီးခွက် ဖြစ်သည်။ ဤ ဆီမီးခွက်အမြင့်မှာ အောက်ခံခုံ အပါအ၀င် ကိုးလက်မ ရှိသည်။ ထုလုပ်ထားသော အရုပ်မှာ မိန်းမတစ်ဦး၏ ပုံဖြစ်သည်။ လက်နှစ်ကို ရှေ့သို့ ညီညီညာညာဆန့်တန်းပြီး လှံသွားပုံသဏ္ဍာန် တစ်နည်းအားဖြင့် ဘူးသီးနုနုတစ်လုံးကို ထက်ဝက်ပိုင်း ထားပုံဟန် ဆီမီးခွက်ကို ကိုင်ထားပုံ ဖြစ်သည်။
ဆီမီးခွက်၏ အရှေ့ပိုင်းအစွန်နေရာတွင် မီးစာအစကို တင်ထား၍ မီးညှိရန်ဖြစ်ပြီး ကျန်မီးစာမျှင်ကို ခွက်ထဲတွင် ခွေထားနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ခွက်ထဲတွင် ကညင်ဆီ သို့မဟုတ် နို့တစ်မျိုးမျိုးမှရသော ထောပတ်ဆီကို ထည့်သွင်းအသုံးပြုသည်။
ကြေးရုပ်မှာ မိန်းမရုပ်ဖြစ်၍ ဆံပင်ကိုထုံးထားသည်။ကြီးမားသော နားရွက်ရှိပြီး ဖြောင့်တန်းသော နှာတံရှိသည်။ မျက်လုံးကြီး၍ မျက်ခွံမို့မောက်နေသည်။ လည်ပင်း၌ ရိုးရိုးပုတီးတစ်ကုံး ဆွဲထားသည်။ လက်မောင်းနှင့် တံတောင်ဆစ်အလည်တွင် အနည်းငယ်ကျယ်ပြန့်သော လက်ကောက်တစ်ရံ ၀တ်ဆင်ထားသည်။ ခါးတွင် လှပသော ခါးပတ်ကြိုး ၀တ်ဆင်ထားသည်။ ထဘီမှာ ဒူးဆစ်အောက်နားထိရှိပြီး အနားတစ်လျှောက် ကို ပန်းရစ်ပန်းနွယ် အလှအပများဖြင့်ဖော်ထားသည်။ ဆီမီးခွက်၏ အောက်ခြေခုံတွင် “ အာယနာ ကောင်းမှုတော်” ဟူ၍ ရေးထိုးထားသော စာကြောင်း တွေ့ရသည်။ ဆီမီးခွက်စာတွင် “တော်” ဟူသော စကားရပ်ကြောင့် သာမာန်အရပ်သူများ၏ အလှူ မဖြစ်နိုင်ချေ။ ဝေသာလီခေတ် အစောပိုင်း အက်္ခရာ နှင့် မတူညီခြင်း ၊ နောက်ဆုံးမင်း စူဋ္ဌစန်္ဒြမင်း ဒင်္ဂါးစာနှင့် တူခြင်း၊ ဝေသာလီမြို့တော်မှ တွေ့ရှိရခြင်း စသည်အချက်တို့ကြောင်း ဤဆီမီးခွက်မှာ ဝေသာလီနှောင်းခေတ် အေဒီ ၉၀၀ နှင့် ၉၅၀ ကြားတွင် သွန်းလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခန့်မှန်းပါသည်။
ဒုတိယဆီမီးခွက်ကို မြောက်ဦး ဝေသာလီသွားလမ်း ဝေသာလီမရောက်မှီ တစ်နေရာမှ ရရှိခဲ့သည်။ ပထမဆီမီးခွက်ထက် အနည်းငယ်နိမ့်သည်။ အောက်ခံခုံခြေရင်းမှ ထိပ်စွန်းအထိ ၄ လက်မ ရှိသည်။
ခေါင်းတွင် သရဖူတစ်ခု ဆောင်းထားပြီး ဆံပင်ကို တရုတ်ကျစ်ဆံမြီးကျစ်ပြီး နောက်ဘက်တွင် တင်ပါးနားထိ ရှည်လျားစွာ ချထားသည်။ မျက်လုံး၊ နှာတံပေါ်လွင်သည်။ မျက်လွှာချထားသည်။ ကြီးမားသော နားတောင်းတစ်ရံ ပန်ဆင်ထားပြီး လည်ပင်း၌ကြုတ်ခွက် (ူသခအေန ) တစ်ခု ဆွဲထားသည်။ လည်ပင်းကျယ် လက်ကျယ်သော လက်တိုအင်္ကျီ၊ ခြေမျက်စေ့နားထိရှည်သော ဘောင်းဘီရှည်ကို ၀တ်ဆင်ထားကာ ခါးမှ ဒူးဆစ်ထိရှည်သော အ၀တ်စကို ချထားသည်။ ခြေနှစ်ဖက်တို့တွင် ခြေကျင်းများ ၀တ်ဆင်ထားသည်။ ယနေ့ ဆီမီးခွက်ကို မြောက်ဦးမြို့တွင် ရှိသည်။
တတိယဆီမီးခွက် ကို ဓည၀တီမြို့ရွာအနီးဝန်းကျင် မှ တွေ့ရှိရသည်။ ဒုတိယကြေးနီခွက်နှင့် အရွယ်အစားတူသည်။ သူရဲကောင်းမင်းသားပုံ ပြုလုပ်ထားသော ဆီမီးခွက်ပုံ ဖြစ်သည်။ မင်းသားပုံမှာ သံခမောက် နှင့် မျက်နှာဖုံးစွပ်ထားသည်။ ကိုယ်တွင်လည်း ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားပြီး ၄င်း ချပ်ဝန်တန်၏ လည်ပင်း၊ ပခုံး၊ ရင်ဘတ်ပေါ်တွင် လေ၀င်လေပေါက်များ ဖောက်ထားသည်။ ရုပ်ထု၏ အောက်ခြေတွင် ပိရမစ်ပုံရှိပြီး ၄င်းပေါ်တွင် ခြေကိုယှက်၍ မတ်ရပ်အနေအထား ထုလုပ်ထားခြင်းဖြစ်သည်။ ၀တ်လဲတော် လုံခြည်မှာ အပြောက်များဖြင့် လှပတင့်တယ်၍ ကျက်သရေ ရှိလှသည်။ ၄င်းရုပ်တု၏ နောက်ဘက်တွင် လက်ကိုင်တန်းပါရှိ၍ ထူးခြားသည်။ ဤဆီမီးခွက်အား ကျောက်တော်မြို့တွင် သိမ်းဆည်းထားရှိသည်။
စတုတ်္ထကြေးဆီမီးခွက်မှာ ချိတ်ဆွဲရသော ဆီမီးခွက်မျိုးဖြစ်သည်။ နရံများကြိုးတန်းများတွင် ချိတ်ဆွဲနိုင်ရန်အတွက် ဆီမီးခွက်၏ထိပ်တွင် ကွင်းငယ်တစ်ခု ရှိသည်။ ဆီမီးခွက်၏ဘေးနားပတ်ပတ်လည် နှင့် ချိတ်ဆွဲရာတန်းတွင် ပန်းများဖြင့် လှပစွာ ပြုလုပ်ထားသည်။ ဆီမီးခွက်၏ အောက်ပတ်လည်တွင် ပါရှိသော ပန်းများမှာကြာပန်း၏ ပွင့်ချပ်များနှင့် တူပြီး ပွင့်ချပ် ၉ ခု ပါရှိသည်။ ၄င်းပွင့်ချပ်များမှာ မီးစာထည့်နိုင်ရန် လှံသွားပါရှိသည်။ ၄င်းဆီမီးခွက်ကြားတွင် ငှက်ငယ်များ ပျံသန်းမည့်ဟန် ထွက်ပြူကြည့်ဟန် ပါရှိသည်။ ငှက်မှာ အမောက်ရှိပြီး နှုတ်သီးဟန်ကိုကြည့်၍ ဥဒေါင်းငှက်ကို ရည်ညွှန်းသွန်းလုပ်ဟန် တူပေသည်။ ဥဒေါင်းငှက်မှာ ရှေးရခိုင်တို့၏အယူအဆအရ နေမင်းကို ကိုယ်စားပြု၍ ကြာပန်းမှာ ဗုဒ်္ဓဖွားတော်မူရာ ပွင့်တော်မူရာကို ကိုယ်စားပြုသည်။ ကြာပွင့်ထဲမှ ဆီမီးခွက်အလင်းရောင် ပေါ်ထွက်ဟန် ပြုလုပ်ထားခြင်းမှာ ဗုဒ်္ဓ၏ ဥဏ်
Monday, January 23, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment