စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊အင်္ကုက်္ကားရွာ၊ လယ်သမားကြီး ဦးထွန်းလှိုင်+လယ်သူမကြီးဒေါ်ခင်ရီ တို့တွင်လယ်ယာ လုပ်ကိုင်စားသောက်ရင်း၁၃၁၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁)ရက်နေ့တွင် သားဦးရတနာ ဖွားမြင်ခဲ့သည်။ သူ့အမည်က မောင်တိုက်ပေါ်။ အမည်မှည့်ပုံကိုကြည့်၊ စပါးတိုက်အပေါ်မှာ မွေးလို့၊ ငါ့သားလေး မြင့်မားတိုးတက်ကြီးပွားချမ်းသာ၊ အသိ ဥာဏ်ရှိသော သားတစ်ယောက်ဖြစ်အောင် နာမည်ကို တိုက်ပေါ်လို့မည့်ထားတယ်။ အကုင်္က်္ကားဘုန်းတော်ကြီး ကျောင်းမှာ (၈)နှစ်ခန့် ကျောင်းထားပြီး ချောင်းဆုံ မူလတန်းကျောင်းသို့ ကျောင်းပို့။ မိဘတွေက သူတို့တွေ စာမတတ်ကြတော့ ငါ့သားလေး စာတတ်ပုဂ်္ဂိုလ်ကြီး ဖြစ်အောင် တန့်ဆည်အထက်တန်းကျောင်းပို့၊ (၁၀)တန်းအောင်၍ ရန်ကုန်တက်္ကသိုလ် ကျောင်းသား ဖြစ်လာခဲ့သည်။ကျနော့်မိဘများ ဦးထွန်းလှိုင်+ ဒေါ်ခင်ရီတို့ ကျနော့်အပေါ် ကျေးဇူးကြီးမားပုံမှာ-
ကျနော့်ဖခင်၊ ကျေးဇူးရှင်သည်
တောတွင်ပေါက်ဖွား၊ လယ်သမားတည့်။
ကျနော့်မိခင်၊ ကျေးဇူးရှင်သည်
လယ်တွင်ပျိုးချ၊ လယ်သူမတည့်။
မိဘနှစ်ပါး၊ စွမ်းပကားကြောင့်
မြသားကျွန်းညို၊ တက်္ကသိုလ်ဝယ်
ရိပ်ခိုထောက်နား၊ ပညာပွားသည့်
လယ်သမားသား၊ ကျနော်ဖြစ်ပါ၏။
အမိအဖ၊ ဤနှစ်ဝသည်
သည်ချွေးသည်မြေ၊ ကျပါစေတော့။
သည်သွေးသည်မြေ၊ စွန်းပါစေတော့။
သည်သက်ခန်္ဓာ၊ ကြွေပါစေတော့။
ရင်ကိုကော့၍၊ မလျော့အားမာန်
ဇွဲစိတ်သန်၍၊ လယ်တွင်ပျိုးချ
မပန်းလှပါ၊ မြို့ကသားမောင်
ဤလူ့ဘောင်တွင်၊ ထွဋ်ခေါင်ထက်ဖျား
တိမ်ယံကြားဝယ်၊ မြူးကြွားရွှင်ချို
လိုတလျှင်ရ၊ ယင်းဆန်္ဒကြောင့်
သားအလှအကျိုး၊ ရည်မျှော်ကိုးလျက်
မပျက်ထောက်ပံ့ခဲ့ပါသည်။
သြော်-မိဘမေတ်္တာ၊ သားအပေါ်မှာလျှင်
သီတာရေစင်၊ ကြည်ကြည်လင်သို့
သွင်သွင်စီးကျပါတကား။ ။
သည်လိုနဲ့တက်္ကသိုလ်မှဘွဲ့ရကျောင်းဆရာတစ်ဦးဖြစ်ခဲ့။ အထက(၁) လသာ၊ရန်ကုန်မြို့မှာ ကျောင်ဆရာဘ၀ ရောက်မှ ကျနော့်အပေါ်ဆရာများ၏ စေတနာကို နားလည်မိပြီ။
အတန်းထဲ၌ စာမရ၍
ဆုံးမရိုက်နှက်၊ ကြိမ်ဒဏ်ချက်ကြောင့်
အမျက်ထွက်ခါ၊ ဆရာသခင်
ကျေးဇူးရှင်ကို ငါလျှင်ပြစ်မှားခဲ့ဖူးသည်။
ကျောင်းသားချင်းချင်း ကစားယင်းနှင့်
အငြင်းပွားကာ၊ သူငါထိုးနှက်
သွေးထွက်သံယို၊ ရိုက်နှက်ဆုံးမ
နာကျဉ်လှ၍ ဒေါသထွက်ကာ
ဆရာသခင်၊ ကျေးဇူးရှင်ကို
ငါလျှင်ပြစ်မှားခဲ့ဖူးသည်။
သြော် ယခု ငါ့မှာဆရာဘဝ
ရောက်လာရမှ၊ ဆရာ့မေတ်္တာ
စေတနာကို ငါနားလည်မိပြီ ။ ။
မိဘမေတ်္တာ၊ ဆရာ့စေတနာများကို အခုမှ ကျနော် နားလည်ပြီ၊ဘာကြောင့်မိဘကျေးဇူး မြင့်မိုရ်တောင် လောက်ရှိနေသည်ကို မိဘ ဘ၀ရောက်မှ သိရသည်။
ငယ်စဉ်ခါက
မိဘမေတ်္တာ၊ မဟာအနန်္တ
တုနှိုင်းပြလည်း၊ များစွာသူငါ
ပြောဖူးပါလည်း၊ ရင်မှာယှဉ်တွဲ
စွဲမြဲမသိ
သတိမမူ၊ ဂူမမြင်ခဲ့။
ယခုအချိန်မူ
အိမ်သူသက်ထား၊ သားသမီးများနှင့်
ငါကား မိဘ၊ နေရာရမှ
သမုဒယကြိုး၊ ချည်နှောင်ပျိုး၍
တိုးကာ တိုးကာ၊ ရစ်ပတ်လာပြီ
ခရီးဘ၀ အစ အဆုံး
သိမ်းကျူံးပူပန်၊ ဘေးရန်ဝေးစေ
ပန်ဆုခြွေရင်း
ငါလေမေတ်္တာ၊ ဝေေ၀ဖြာခဲ့
သြော်- မိဘမေတ်္တာ၊ မဟာအနန်္တ
တုနှိုင်းပြပြီး၊ များစွာသူငါ
ပြောဖူးသာထက်၊ ပြန်တရာတက်၍
သက်သေအမှု၊ ကာရန်ပြုသည်
တောင်ထုမြင့်မိုရ်
ပို၍ ပို၍ နေတကား။ ။
မိဘကျေးဇူး၊ ဆရာ့စေတနာတို့ကို သတိရ၍ မိဘ၊ ဆရာများ ကျေးဇူးဆပ်သည့်အနေဖြင့် ကျန်နော် လေ့လာ၊ မှတ်သား၊ လိုက်နာ၊ ကျင့်သုံးပွားများ နေသည်အတိုင်း၊ “တားမရဘူး” စာသားကို ဖော်ပြပါအံ့။
ကျနော့်အမည် ဦးတိုက်ပေါ်၊ မိဘများကတော့ ဦးထွန်းလှိုင်+ဒေါ်ခင်ရီ၊ စစ်ကိုင်းတိုင်း၊ တန့်ဆည် မြို့နယ်၊ အင်္ကုက်္ကားကျေးရွာမှာ မွေးဖွားပါတယ်၊ ဇနီး-ဒေါ်တင်စိန်၊ သမီး-မစိုးသိင်္ဂီဦး၊ မအိသန်္တာချို၊ လိပ်စာကတော့ အမှတ် - ၁၀၂၄၊ သုမင်္ဂလာလမ်း၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ကျနော်ဟာ အ.ထ.က(၁)လသာ၊ ရန်ကုန် မြို့မှ အငြိမ်းစား ယူထားသော ဆရာတစ်ဦး ဖြစ်ပါ တယ်။ ကျနော်နေ့စဉ်နေ့တိုင်း ဘုရားပင့်၊ ဘုရားရှိခိုး၊ ငါးပါးသီလခံယူ၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များပွားများရွတ်ဆို၊ မေတ်္တာပို့ အမျှဝေခြင်းများလုပ်ပြီး စာဖတ်ခန်းတွင် ဗုဒ်္ဓစာပေများ လေ့လာမှတ်သားနေချိန်။ ကျနော့်သမီး မစိုးသိင်္ဂီဦး၊ မအိသန်္တာချို အနားရောက်လာပြီး-
မအိသန်္တာချို- ဖေဖေ့ကိုမေးစရာရှိလို့။
မေး သမီး၊ မေး ဘာမေးချင်လဲ။
ဘုရားရှိခိုးတဲ့အခါ နောက်ပိုင်းမှာ မဂ်တရား၊ ဖိုလ်တရား၊ နိဗ်္ဗာန်တရားတို့ကို ရ-ရပါလို ၏လို့ ဆုတောင်းနေကြတယ် ဖေဖေ၊ ဆုတောင်းရင် ရရောရနိုင်သလား။
သမီးရယ်၊ ငွေအများကြီးရရပါလို၏၊
စာမေးပွဲအောင်ရပါလို၏၊
ချမ်းသာရပါလို၏လို့ ဆုတောင်းရင်ရနိုင် သလား သမီး။
မရနိုင်ဘူးဖေဖေ။
အေး-အဲဒါပဲသမီး၊ ငွေအများကြီးရချင်ရင် ငွေရနိုင်တဲ့ အလုပ်တွေလုပ်ရမှာပေါ့။ စာမေးပွဲအောင် ချင်ရင် စာမေးပွဲအောင်နိုင်တဲ့
သု၊ စိ၊ ပု၊ ဘာ
ဝိ၊ လိ၊ သိ၊ ဓာ
အက်္ခရာစွဲသုံး ဤရှစ်လုံးကို
သီကုံးပန်းသွင် နေ့တိုင်းဆင်လော့။
သု- သုဏေယျ- နာကြားရမယ်
စိ- စိနေ်္တယျ- ကြံစည်ရမယ်
ပု- ပုစေ်္ဆယျ- မေးမြန်းရမယ်
ဘာ-ဘာသေယျ-ပြောဆိုဆွေးနွေးရမယ်
ဝိ- ၀ိစာရေယျ-စူးစမ်းဆင်ခြင်ရမယ်
လိ- လိကေ်္ခယျ-ရေးသားရမယ်
သိ-သိကေ်္ခယျ- လေ့ကျင့်ရမယ်
စာ-စာရေယျ-နှုတ်ငုံဆောင်ရမယ်
အလုပ်တွေ လုပ်ရမယ်။ ချမ်းသာချင်ရင် ချမ်းသာနိုင်တဲ့ အလုပ်တွေလုပ်ရမယ်။ ရေထမ်း ရောင်းတာ ပဲပြုတ်ရောင်းတာ လောက်ကတော့ မချမ်းသာနိုင်ဘူး။ ချမ်းသာချင်ရင်တော့ ချမ်းသာနိုင်တဲ့ ကျောက်တို့၊ ပတ်္တမြားတို့၊ တိုက်၊ တာ၊ ကားရောင်းဝယ် စားသောက်မှ ချမ်းသာနိုင်တာ။ ဒါ့အပြင် ကံ-ကံ၏ အကျိုးပေးကလည်း ကောင်းအုံးမှ။ ကိုယ်ကိုယ်တိုင် လုပ်ယူရတာ၊ ကိုယ့်အား ကိုယ်ကိုးရတာနော်။
သမီးမေးတဲ့ မဂ်တရား၊ ဖိုလ်တရား၊ နိဗ်္ဗာန်တရား ဆိုတာဟာလည်း ကိုယ်တိုင်လုပ် ယူမှရတာ။
မဂ်တရား၊ ဖိုလ်တရား၊ နိဗ်္ဗာန်တရား ဆိုတာတွေ အရင်ရှင်း ပြမယ်။
မဂ်တရားဆိုတာ
လောဘ တက်မက်ခြင်း
ဒေါသ အမျက်ထွက်ခြင်း
မောဟ တွေဝေမိုက်မဲခြင်း
မာန ထောင်လွှားခြင်း
မိစ်္ဆာဒိဌိ အယူမှားခြင်း
ဝိစိကိစ်္ဆာ ယုံမှားခြင်း
ထိန စိတ်ထိုင်းမှိုင်းခြင်း
ဥဒ်္ဓစ်္စ စိတ်ပျံ့လွင့်ခြင်း
အဟိရိတ မကောင်းမှုပြုလုပ်ရန်မရှက်ခြင်း
အနောတ်္တပ်္ပ မကောင်းမှုပြုလုပ်ရန်မလန့်ခြင်း
စတဲ့ ကိလေသာတရားဆိုးတို့ကို ပယ်သတ်သော တရားကို မဂ်တရား လို့ခေါ်တယ်။
ကိလေသာတရားဆိုးတို့ကို ငြိမ်းအေးသွား စေတဲ့တရားကို ဖိုလ်တရားလို့ခေါ်တယ်။
လောဘ၊ တဏှာ ချုပ်ငြိမ်းခြင်း ဒုက်္ခအားလုံး ငြိမ်းအေးခြင်းကို နိဗ်္ဗာန်တရားလို့ခေါ်တယ်။ နိဗ်္ဗာန် ဆိုတာ ၃၁ဘုံကကျော်လွန်မှ နိဗ်္ဗာန်ရတာ။ အောက်ဆုံး ဘုံက စပြောရရင်-
အပါယ်လေးဘုံ
လူ့ဘုံတစ်ဘုံ
နတ်ဘုံ ၆ဘုံ
ဗြဟ်္မာဘုံ ၂၀ ဘုံတို့ကျော်လွန်အောင် လူ့ဘုံ ကနေ ဒါန၊ သီလ၊ ဘာဝနာပွား၊ ၀ိပဿနာဉဏ် လမ်းခရီးနဲ့သွားမှ ၃၁ ဘုံကကျော်လွန်ပြီး ငြိမ်းအေးခြင်း ဆိုတဲ့ နိဗ်္ဗာန်ကိုရတာပဲ။
ဖေဖေတို့ရောက်ရှိနေတဲ့ဘုံက လူ့ဘုံနော်။ အေး-အဲဒီကနေ များသောအားဖြင့် လူတော်တော် များများဟာ အပါယ်လေးဘုံဆိုတဲ့ ငရဲ၊ တိရိစ်္ဆာန်၊ ပြိတ်္တာ၊ အသူရကာယ် ရောက်တာများတယ်။
မစိုးသိင်္ဂီဦး -လူတော်တော်များများဟာ အပါယ်ဘုံကို ဘာကြောင့်ရောက်တာလဲဖေဖေ။
လောဘဖြင့် မကောင်းမှုကိုပြုသောသူဟာ သေပြီး နောက်ကာလ၌ ပြိတ်္တာဘုံရောက်တယ်။
ဒေါသဖြင့် မကောင်းမှုကိုပြုသောသူဟာ သေပြီး နောက်ကာလ၌ ငရဲသို့ကျရောက်တယ်။
မောဟဖြင့် မကောင်းမှုကိုပြုသောသူဟာ သေပြီး နောက်ကာလ၌ တိရိစ်္ဆာန်ဘုံသို့ရောက်တယ်။
မကောင်းအလုပ်ဖြင့်ရသောငွေနှင့် ကုသိုလ် ပြုလုပ်သူဟာ အသူရကာယ်ဘုံကို ရောက်တယ်။
သီလဆောက်ခြင်းမြဲသောသူဟာ သေပြီး နောက် နတ်ပြည်သို့ ရောက်တယ်။
သမထ၊ ဘာဝနာပွားများခြင်းဖြင့် ဈာန်ရသော သူဟာ သေပြီးနောက်ဗြဟ်္မာပြည်သို့ရောက်တယ်။
ဝိပဿနာကို ပွားများသောသူဟာ ပါရမီရှိရင် ယခုဘ၀မှာပင် မသေခင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်္တာအထိ အဆင့်ဆင့်ဖြစ်ပြီး နိဗ်္ဗာန်ကို ရတယ်ကွဲ့။
သမီးတို့ လူ့ဘုံကနေ အထက်ဘုံကို သွားချင် ရင်လည်းရတယ်။ အောက်ဘုံကတော့ သေချာပေါက် ရောက်မှာဘဲ။
မအိသန်္တာချို-အောက်ဆုံးဘုံကို ဘာကြောင့် သေချာ ပေါက်ရောက်ရတာလဲ ဖေဖေ။
သမီးရယ် လူတွေဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေဖုံးလွှမ်းနေတာ အများအားဖြင့် အပါယ်ဘုံကျတာပဲ သမီးရဲ့။
မစိုးသိင်္ဂီဦး- ဖေဖေ အပါယ်ဘုံကလွတ်အောင် ဘယ်လို လုပ်ရမလဲဖေဖေ။
အဲဒီအပါယ်လေးဘုံကနေ တကယ်လွတ် ချင်ရင် သောတာပန်ဖြစ်အောင်လုပ်ရမယ်။ သောတာပန်မဖြစ်သေးဘဲ သံသရာကျင်လည်နေသမျှ ကာလပါတ်လုံး ဒီအပါယ်လေးဘုံကနေ လုံးဝလွတ် မယ်လို့ စိတ်ချချင်မှစိတ်ချရမယ်။ ကျင်လည်ရာ ဘ၀အထွေထွေမှာ- ဘာတွေဖြစ်ဦးမယ်ဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူး။ သေသေချာချာ စဉ်းစား ကြည့်လေ။ တရားတော်တွေထဲမှာ အထင်အရှားပါပဲ။
နတ်ပြည်က စုတေ့ပြီး၊ တိရစ်္ဆာန်ဘ၀ရောက် ခဲ့တာတွေလည်း ရှိနေတာဘဲ။ သံသရာကျင်လည် နေသမျှ သောတာပန်မဖြစ်သေးသမျှတော့ အပါယ်တံခါးမပိတ်ဘူး။ ဒီတော့ အပါယ်လေးဘုံကို တကယ်ကြောက်ပြီး အဲဒီကလွတ်ချင်ရင် သောတာပန် ဖြစ်ဖို့လိုတယ်။ သောတာပန်ဖြစ်ကြောင်း အင်္ဂါရပ် လေးပါးရှိတယ်။
၁။ သပ်္ပုရိသသံသေဝေါ - သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမယ်။
၂။ သဒ်္ဓမ်္မဿဝနံ - သူတော်ကောင်းတရားကို နာကြားရမယ်။
၃။ ယောနိသောမနသီကာရော - ကုသိုလ်ဖြစ်အောင် နှလုံးသွင်းရမယ်။
၎။ ဓမ်္မာနု ဓမ်္မပရိပတ်္တိ - မဂ်၊ ဖိုလ်၊ နိဗ်္မာန်အား လျော်သော အကျင့်ရှိရမယ်လို့ မြတ်ဗုဒ်္ဓက ဟောတယ်ကွဲ့။
၁။ သူတော်ကောင်းကို မှီဝဲဆည်းကပ်ရမယ်။ သူတော်ကောင်းဆရာကောင်းကို မှီဝဲဆည်းကပ် ရမယ်နော်။အကောင်းဆုံးဆရာက ရဟန်္တာ၊ အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ပုဂ်္ဂိုလ်တွေ သူတို့မှမရနိုင် ရင်တော့ ပိဋကတ်သုံးပုံအောင်၊နှစ်ပုံအောင်၊ တစ်ပုံအောင်ပုဂ်္ဂိုလ်တွေပေါ့။အဲဒီပုဂ်္ဂိုလ်တွေမှ မရနိုင်ရင်ဝိပဿနာတရားအား ထုတ်နေတဲ့ပုဂ်္ဂိုလ် တွေကို မှီဝဲဆည်ကပ်ရမှာပေါ့။ပြီးတော့သူတို့ ဖြစ်စေချင်တဲ့ ဆန်္ဒအတိုင်းခိုင်းစေတဲ့အတိုင်းလိုက် နာဆောင်ရွက်ခြင်းဟာ သူတော်ကောင်းကိုမှီဝဲ ဆည်ကပ်တာပါပဲ။
၂။ သူတော်ကောင်းတရားကို နာကြားရမယ်။ယခုဘ၀မှာပင်သောတာပန်ဖြစ်လိုသော ပုဂ်္ဂိုလ်ဟာမဂ်၊ ဖိုလ်၊ နိဗ်္ဗာန်သို့ရောက်ကြောင်း၊ သတိပဋ္ဌာန်၊ ၀ိပဿနာ စတဲ့တရားကိုနာကြားရမယ်။
ဝိပဿနာအလုပ်ဟာ စိတ်နဲ့လုပ်ရတဲ့အလုပ် ဖြစ်လို့ ခက်ခဲတယ်။နက်နဲတယ်။သိမ်မွေ့တယ်။နူးညံ့တယ်နော်။တစ်ခါတစ်ရံတရားလုပ်တာ တရား အတွေ့မကောင်းရင်စိတ်ဓာတ်ကျဆင်းတတ်တယ်။တစ်ခါတရံတရား လုပ်တာအတွေ့ကောင်းတယ်။အဲဒီအခါမှာ စိတ်ပျံ့လွင့်နေတတ်တယ်။အဲဒီလို တွေ့နေတော့တရားမှတ်မကောင်းဖြစ်ပြီး တရား မတက်ဘူးနော်။ဒီအချိန်သူတော်ကောင်းတရား နာကြားလိုက်ပါ။အထက်ဖော်ပြပါအရာကင်း ပျောက်ပြီး တရားမှတ်လို့ကောင်းသွားလိမ့်မယ်နော်။
၃။ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။
ကောင်းသောအကျိုးပေး ဣဋ္ဌာရုံဘဲ တွေ့တွေ့၊ မကောင်းသောအကျိုးပေးအနိဋ္ဌာရုံဘဲ တွေ့တွေ့ ကုသိုလ်ဖြစ် အောင်နှလုံးသွင်းတတ်ရမယ်။
ကောင်းသောအကျိုးပေးဣဋ္ဌာရုံနဲ့တွေ့ရင် တက်မက်ခြင်းဖြစ်ပြီး လောဘဖြစ်တယ်နော်။ မကောင်းသော အနိဋ္ဌာရုံနဲ့တွေ့ရင်တော့ နှလုံး မသာမယာဖြစ်ပြီး အမျက်ထွက်တတ်တဲ့ ဒေါသ ဖြစ်တယ်နော်။
ကောင်းသောအကျိုးပေးအနိဣဋ္ဌာရုံနဲ့ တွေ့ရင် ဒီလိုနှလုံးသွင်းရမယ်။ဤကဲ့သို့ကောင်းသောအကျိုးပေး နဲ့တွေ့ရခြင်းဟာအတိတ်ဘ၀ကမိမိပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်ကံကြောင့်တွေ့ရခြင်းဖြစ်တယ်။
မကောင်းသောအကျိုးပေး အနိဋ္ဌာရုံနဲ့ တွေ့ရင်လည်းဒီလိုနှလုံးသွင်းရမယ်။ဤကဲ့သို့ မကောင်းသောအကျိုး ပေးနဲ့တွေ့ရခြင်းဟာ အတိတ်ဘ၀ကမိမိပြုလုပ်ခဲ့သော အကုသိုလ်ကံ ကြောင့်သာတွေ့ရခြင်းဖြစ်သည်။အဲဒီအချိန်မှာ ကောင်းမှုကုသိုလ်များများရအောင်လုပ်ပါ။လောဘလည်းမဖြစ်နိုင်၊ ဒေါသလည်းမဖြစ်နိုင်တဲ့ ဟိုဘက်ဒီဘက်နှစ်ဘက်စွန်းမရောက်အောင် နှလုံးသွင်းနေထိုင်ရမယ်။
၎။ မဂ်၊ဖိုလ်၊နိဗ်္ဗာန်အားလျော်သောအကျင့်ရှိရမယ်။ မဂ်၊ဖိုလ်၊နိဗ်္ဗာန်အားလျော်သော အကျင့်ဟာ ၀ိပဿနာ အကျင့်ဖြစ်တယ်။သောတပန် ဖြစ်လိုသော အမျိုးကောင်းသားသမီးဟာ ၀ိပဿနာ အကျင့်ကို အချိန်ရသမျှကျင့်ကြံ အားထုတ်ရမယ်။ တင်ပလ်္လင်ခွေပြီးခါးမတ်မတ်ထားထိုင်၊ နှာခေါင်းဝမှဝင်တဲ့လေ၊ထွက်တဲ့ လေဆီသို့ မိမိ၏ စိတ်ပို့၊နှာခေါင်းဝ သော်လည်းကောင်း၊ နှာခေါင်း အတွင်း တစ်နေရာသော်လည်းကောင်း၊ သတိနဲ့ အသိကပ်ပြီးရှုမှတ်။ဝင်တဲ့လေ၊ ထွက်တဲ့လေမြန်မြန် ဖြစ်ရင် မြန်မြန်၊ကြာကြာဖြစ်ရင်ကြာကြာရှုမှတ်။ဝင်တဲ့လေ၏ စ, လယ်, ဆုံး၊ ထွက်တဲ့လေ၏ စ, လယ်, ဆုံးမလွတ်တမ်းရှုမှတ်။မိမိရဲ့သတိနဲ့အသိကပ်ပြီး ရှုမှတ်ချိန်ဟာ ကြာလာရင် ၀င်တဲ့လေ၊ ထွက်တဲ့လေ သိမ်မွေ့လာမယ်။နူးညံ့လာမယ်။စိတ်လည်းတည်ငြိမ် လာမယ်။ စိတ်တွေတည်ငြိမ်လာတာဟာ မိမိရဲ့စိတ်မှာ နိဝရဏတရားငါးပါးမရှိတော့လို့ပဲ။ ကာမစ်္စဆန်္ဒ ကာမဂုဏ်လိုလားတဲ့စိတ် ဗျာပါဒ မကျေနပ်တဲ့စိတ် ထိန၊မိဒ်္ဓ အိပ်ချင် ငိုက်မျည်းတဲ့စိတ် ဥဒ်္ဓစ်္စ ပျံ့လွင့်ပူပန်တဲ့စိတ် ၀ိစိကိစ်္ဆာ မဆုံးဖြတ်နိုင်တဲ့စိတ်
ကင်းလာရင် မိမိ၏၀င်တဲ့လေ၊ ထွက်တဲ့လေကိုပဲရှုပါ။ဒီအ ချိန်စိတ်တွေကအေးချမ်းပြီး ကိုယ်ကာယက လည်း အေးချမ်းလာရင် နိမိတ်တွေပေါ်လာမယ်။အဲဒီနိမိတ်ကိုရ အောင်ယူလိုက်တာက ၀ိတက်လို့ ခေါ်တယ်။ နိမိတ်တွေကိုပဲဆင်ခြင်သုံးသပ်လိုက်တာက ၀ိစာရလို့ခေါ်တယ်။အဲဒီ အချိန်စိတ်တွေကလည်း အေးလို့။ကိုယ်ခန်္ဓာကလည်းအေးလို့၊ ထုံကျင်ကိုက်ခဲ မှုကလည်းမရှိ။မိမိ၏၀င်တဲ့လေ၊ထွက် တဲ့လေရှုမှတ် ရတာကိုနှစ်သက်ပြီး ပီတိတွေ့တယ်။နောက်တစ်ကိုယ် လုံးအေးငြိမ်းနေတဲ့ပဿဒ်္ဓိဖြစ်လာပြီးချမ်းသာတယ်၊ ချမ်းသာတယ်ဆိုတဲ့သုခဖြစ်လာတယ်။သုခဝေဒနာက တစ်ဆင့် တည်ငြိမ်လာတဲ့ ဧကဂ်္ဂတာတွေ့ရင်တော့ သမာဓိရတော့တာပါပဲ။သမာဓိရရင် တစ်ဆင့်တက် ၀ိပဿနာရှု။ ၀ိပဿနာဥာဏ်ရအောင်ရှု။ ၀ိပဿနာဥာဏ်ရအောင် ဥပါဒါန်နဲ့ ခန်္ဓာရှုပါ။ ဥပါဒါန် စွဲလန်းနိုင်တယ် ခန်္ဓာ ရုပ်နာမ်အစု
ဥပါဒါန်နှင့်ခန်္ဓာ ငါးပါးတရားရှုရင်ဖြင့် ၀ိပဿနာဥာဏ်ရပါတယ်။ဥပါဒါန်ဆိုဒါစွဲလန်းတာ။တဏှာနဲ့သာယာပြီးစွဲလန်းတာ။ဒိဋ္ဌိနဲ့အထင်မှားပြီး စွဲလန်းတာ။ ဥပမာ-မျက်စိနဲ့ကြည့်လိုက်ရင်မြင်တယ်။မျက်စိနဲ့တကွအကုန်လုံးမြဲတယ်။အထင်နဲ့စွဲလန်း။ပုဂ်္ဂိုလ်ပဲ၊ သတ်္တ၀ါပဲ၊ငါပဲရယ်လို့။အထင်မှတ်ပြီးစွဲလန်းလို့ ရှုမှတ်နေရင်တော့စွဲလန်းမှုမရှိတော့ဘူး။ မျက်စိ ရုပ်တရား အဆင်း ရုပ်တရား မျက်စိ-မြင်ကောင်းတယ်၊ မကောင်းဘူး ခံစားရတာကဝေဒနာက်္ခန်္ဓာ။ မြင်လိုက်ရရင် - ကလေး၊ မိန်းမ၊ ယောက်ျား စသဖြင့်မှတ်သားလိုက်တာက သညာက်္ခန်္ဓာ။ ကလေးလား၊ မိန်းမလား၊ ယောက်ျားလား သိအောင်ကြောင့်ကြစိုက်အားထုတ်တာက သင်္ခါရက်္ခန်္ဓာ။ မြင်ရအောင်လို့သေချာစွာ စိုက်ကြည့်လိုက်ပါ။သိမြင်လာတာက ၀ိဉဏက်္ခန်္ဓာ။ ရုပ်တရားကတစ်ခု၊ နာမ်တရားက လေးခု၊ လူတစ်ကိုယ်လုံးကြည့်လိုက်တော့ ရုပ်တရား နာမ်တရားပဲရှိတာ၊ ရုပ်နဲ့နာမ်ပဲပေါ့၊ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ တွေ့ထိတာ၊ ကြံသိတာတွေဟာ ခန်္ဓာငါးပါးတွေ။အဲဒါတွေ ရှုမှတ်နေရင်တော့ မစွဲလန်းတော့ဘူး။ မျက်စိနဲ့ကြည့်တယ်။ မြင်တယ်၊ မြင်ပြီး ပျောက်သွားတယ်။မြင်ပြီးပျောက်တဲ့အတွက် မမြဲတဲ့အနိစ်္စ။ မြင်အောင် လို့ကြည့်နေရတာကိုကဒုက်္ခ။ကိုယ့်အလိုအတိုင်းမဖြစ်။သူ့သဘောအတိုင်း ဖြစ်နေတာကိုကအနတ်္တ။ အနိစ်္စ၊ ဒုက်္ခ၊ အနတ်္တဆိုတဲ့ လက်္ခဏာရေးသုံးပါးတင်ပြီး ရှုမှတ်ရတာ။ ငါရဲ့ခန်္ဓာကိုယ်ဟာ ခိုင်မြဲမှုဆိုတာ မရှိပါလား။မမြဲတဲ့အနိစ်္စတရား။ဖြစ်ပြီး ပျက်နေတဲ့ဒုက်္ခတရား။သူ့အလိုတိုင်းဖြစ်နေတဲ့ အနတ်္တတရားပါလားလို့ မြင်သိအောင်ရှုမှတ်ရတာ။ မြတ်စွာဘုရားက ခန်္ဓာ ငါးပါး၊ ရုပ်နာမ်တရား တို့ကို အမြဲမရှိကုန်။ အနိစ်္စ၊ ဒုက်္ခ၊ အနတ်္တလက်္ခဏာတင်ပြီးရှုလို့ ဟောတော်မူတယ်။ သဗေ်္ဗ သင်္ခါရ အနိစ်္စာတိ ယဒါ ပညာယ ပဿတိ အထ နိဗ်္ဗိန်္ဒတိ ဒုကေ်္ခ ဧသ မဂေ်္ဂါဝိသုဒိ္ဓယာ။ သဗေ်္ဗ ခပ်သိမ်းကုန်သော သင်္ခါရ အကြောင်း တရားလေးပါးတို့သည် ပြုပြင်အပ်ကုန်သော ခန်္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အနိစ်္စအမြဲမရှိကုန်။ဣတိ ဤသို့ယဒါ အကြင်အခါ၌ပညာယ ၀ိပဿနာ ရှုမြင်၏။အထ ထိုသို့ ရှုမြင်သောအခါ၌ ဒုကေ်္ခ၊ သံသရာ ၀ဋ်ဆင်းရဲ၌နိဗ်္ဗိန်္ဒတိငြီးငွေ့၏။ ဧသ(ဧသော) ထိုသို့ငြီးငွေ့ခြင်းသည် ၀ိသုဒ်္ဓိယာကိလေသာမှ စင်ကြယ်ခြင်း၏ မဂေ်္ဂါအကြောင်းရင်းမည်၏။ သဗေ်္ဗ သင်္ခါရာ ဒုက်္ခာတိ ယဒါ ပညာယ ပဿတိ အထ နိဗ်္ဗန်္ဒတိ ဒုကေ်္ခ ဧသ မဂေ်္ဂ၀ိသုဒ်္ဓိယာ။ သဗေ်္ဗ ခပ်သိမ်းကုန်သော သင်္ခါရ အကြောင်း တရားလေးပါးတို့သည် ပြုပြင်အပ်ကုန်သော ခန်္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဒုက်္ခာ ဆင်းရဲကုန်၏။ ဣတိ ဤသို့ ယဒါ အကြင်အခါ၌ ပညာယ ၀ိပဿနာဉဏ်ပညာဖြင့် ပဿတိ ရှုမြင်၏။ အထ ထိုသို့ရှုမြင်သောအခါ၌ ဒုကေ်္ခ၊ သံသရာ ၀ဋ်ဆင်းရဲ၌ နိဗ်္ဗိန်္ဒတိငြီးငွေ့၏။ ဧသ (ဧသော) ထိုသို့ ငြီးငွေ့ခြင်းသည် ၀ိသုဒ်္ဓိယာ ကိလေသာမှ စင်ကြယ် ခြင်း၏ မဂေ်္ဂါအကြောင်းရင်းမည်၏။ သဗေ်္ဗ ဓမ်္မာ အနတ်္တာတိ ယဒါ ပညာယ ပဿတိ အထ နိဗ်္ဗိန်္ဒတိ ဒုကေ်္ခ ဧသ မဂေ်္ဂါဝိသုဒိ္ဓယာ။ သဗေ်္ဗ ခပ်သိမ်းကုန်သော ဓမ်္မာခန်္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အနတ်္တာ အနှစ်သာရ အတ်္တမှ ကင်းဆိတ်ကုန်၏။ ဣတိ ဤသို့ ယဒါ အကြင်အခါ၌ ပညာယ၀ိပဿနာဉဏ်ပညာဖြင့် ပဿတိရှုမြင်၏။ အထ ထိုသို့ ရှုမြင်သောအခါ၌၊ ဒုကေ်္ခသံသရာ ၀ဋ်ဆင်းရဲ၌၊ နိဗ်္ဗိန်္ဒိတိ ငြီးငွေ့၏။ ဧသ (ဧသော) ဤသို့ ငြီးငွေ့ခြင်းသည် ၀ိသုဒ်္ဓိယာ ကိလေသာမှ စင်ကြယ်ခြင်း၏ မဂေ်္ဂါ အကြောင်းရင်းမည်၏။ ၀ိပဿနာအလုပ်ကို ကျင့်ကြံအားထုတ် ကြသော ပုဂ်္ဂိုလ်တို့ဟာ အားထုတ်ခါစအချိန်မှာ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်း၊စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ တွေ့ကြုံရမယ်။ အားထုတ်တဲ့ အလယ်ပိုင်းမှာ လူသာမာန်မဆိုထားနဲ့ နတ်သာမာန်တို့ပင် မခံစား နိုင်သော ၀ိပဿနာပီတိသုခတို့ခံစားရမယ်။ နောက်ပိုင်းရှုမှတ်ရသည်မှာ လွယ်ကူသည့် အကျိုး၊ချမ်းသာခြင်း၊ ဆင်းရဲခြင်း တို့ကို အညီအမျှ ထားပြီး ရှုမှတ်နိုင်ခြင်းအကျိုး၊ နှစ်သက်ခြင်း၊ ကြောက်လန့်ခြင်းတို့ကို တွေ့သော်လည်းမနှစ်သက်၊ မကြောက်လန့်တဲ့အကျိုး။ လောကဓံတရားတို့နှင့် တွေ့ကြုံပါက မတုန်လှုပ်ပဲ သည်းခံနိုင်သည့် အကျိုးတွေ ရရှိလာတယ်။ ၀ိပဿနာတရားကို ဆက်ဆက်ကာကာ အားထုတ်၍၊ ၀ိပဿနာဥာဏ်များ ပြည့်စုံသွားသော အခါ သောတာပတ်္တိမဂ်ဥာဏ်၊ သောတာပတ်္တိဖိုလ် ဥာဏ်သို့ရောက်ပြီး၊သောတာပန်ဖြစ်သွားတော့တာပဲ။အဲဒါကြောင့် အပါယ်ဘုံကကျွတ်လွတ်ချင်ရင်တော့ သောတာပန်ဖြစ်အောင်ကျင့်ကြံ အားထုတ်ရမယ်။ လူဖြစ်လာရင် အရေးကြီးဆုံးအလုပ်က လူပီသဖို့ပဲ။လူဆိုတာ တရားတယ်။ မတရားဘူး ခွဲခြားသိတတ် တယ်။သိတဲ့အတိုင်းတရားကို လုပ်ပြီး မတရားတာကို မလုပ်မှလူဖြစ်တယ်။လူပီသတယ်၊ လူမှာကိုယ်ချင်းစာတရား၊ အကြင်နာတရားတွေ ရှိတယ်။ အကြောင်းနဲ့အကျိုးသိပြီး၊ အကောင်းနဲ့အဆိုး ခွဲခြားသိမြင်နိုင်တဲ့ဉဏ်လည်းရှိတယ်။ လူ့ဘ၀ဆိုတာ မွေးဖွားခြင်းမှတ်တိုင်မှ သေဆုံးခြင်းမှတ်တိုင်အကြား လှုပ်ရှားသွားလာ လုပ်ကိုင်နေထိုင်ရတာ။ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်ရောဂါနဲ့ သေမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။လူတိုင်းလူတိုင်း တစ်နေ့သေကိုသေရမှာ။ တစ်နေကွယ်၊ သေနယ်သို့၊ တစ်ကြိမ်ကူး မေ့လျော့ကာ၊ သေဘူးကွယ် မထင်လိုက်ပါနဲ့ နေကွယ်တာ၊အကြိမ်များရင်ဖြင့် သေနယ်ရွာ၊ တစ်ကြိမ်သွားရမယ် အိုကွယ်....တားမရဘူး။
တစ်မဂ်၊ တစ်ဖိုလ်ရနိုင်ကြပါစေ။ ။

No comments:
Post a Comment