Wednesday, January 11, 2012

IELTS Exam

Listening (Time: 40 Minutes)
1.         စာမေးပွဲဖြေဆိုသူသည်အသံသွင်းထားသောစာသားများကိုနားထောင်ရမည်။ စားသားများသည်ပို၍ခက်သွားသည်။တစ်ဦးနှင့်တစ်ဦးပြောဆိုသောစကားများ၊လေယူလေသိမ်းနှင့်အသံထွက်ကွဲပြားမှုအမျိုးမျိုးများ  ရောနှောပါဝင်သည်။အသံသွင်းထားသည်ကိုတစ်ကြိမ်သာနားထောင်ရသည်။စာမေးပွဲဖြေသူကိုမေးခွန်းများဖတ်ရန်နှင့် အဖြေကိုရေးရန် အချိန်သီးသန့်ပေးသည်။
 Academic Reading 
(Time: 60 Minutes)   
2.         အပိုင်းသုံးခုပါဝင်သည်။ ဖတ်ရန်အတွက် စာတို့မှာစာအုပ်များ၊ မဂ္ဂ္ဂဇင်းများ၊ ဂျာနယ်များမှ ထုတ်ယူထားသည်။ အနည်းဆုံး တစ်ပိုင်းတွင် အတေးစိတ်အငြင်းခုံ (Argument) ပါဝင်သည်
Academic Witing
(Time: 60 Minutes)
3.          စာဖြေသူသည် လုံးရေ ၁၅၀ ခန့်ရှိသော အစီရင်ခံချက်(Report) ကို ပေးထားသည့်ဇယားနှင့် ပုံတို့ကို ကြည့်ပြီးရေးရသည်။ ဒေတာတို့ကို ရှင်းပြနှိုင်စွမ်းကို စွမ်းရည်ပြသခိုင်းခြင်းဖြစ်သည်။ နောက်ထပ် ရေးရသည့်အလုပ်မှာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံးဖြစ်သည်။ ၄င်းစာစီစာကုံးကို တွေးဆချက် သို့မဟုတ် ပြဿနာတစ်ခုအပေါ် တုံ့ပြန်စဉ်းစားပြီး ရေးသားရသည်။ ကိစ္စတစ်ခုနှင့် ပတ်သက်၍ဆွေးနွေးနိုင်စွမ်း၊ အငြင်းအခုံပြုနိုင်စွမ်းတို့ကို စွမ်းရည်ပြသခိုင်းခြင်းဖြစ်သည်။
Speaking
(Time: 11- 14 Minutes)
4.            စာစစ်သူနှင့် စာဖြေသူတို့ နှုတ်ဖြင့် မေးမြန်ဖြေဆိုသောစာမေးပွဲဖြစ်သည်။ အပိုင်း၃ပိုင်းပါဝင်သည်။ အပိုင်း ၁တွင် မိမိနှင့် မိမိအိမ်၊ မိမိမိသားစု၊ သူတို့၏ အလုပ်အကိုင်နှင့် ပညာ သင်ကြားမှု အစရှိသည်တို့နှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုရပါသည်။ အပိုင်း ၂တွင် မိမိပြောဆိုရမည့် အချင်းအရာအတွက်ရေးပေးထားသည့် ကတ်ပြားကို ဖတ်ရှုပြီး၊ပြောဆိုဖြေကြားရပါသည်။ အပိုင်း ၃ တွင်စာမေးသူနှင့် စာဖြေသူတို့သည် အပိုင်း၂တွင်ဖြေဆိုခဲ့သည့် အချင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုရမည် ဖြစ်ပါသည်။

General Training Reading 
(Time: 60 Minutes)
5.         အင်္ဂလိပ်စကားပြောနိုင်ငံတို့တွင် နေ့စဉ်ကြုံတွေ့ရမည့် ကိစ္စတို့နှင့် ပတ်သက်သော စာသားအသုံးအနှုန်းများကို အခြေပြုထားသည်။ ၄င်းစာသားတို့ကို သတင်းစာများ၊ ကြော်ငြာများ၊ စာအုပ်များ၊ လမ်းညွှန်စာအုပ်များမှ ရယူထားပါသည်။ စာဖြေသူအနေဖြင့် သတင်းအချက်အလက်တို့ကို နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်းတို့ကို စစ်ဆေးသည့်သဘောဖြစ်သည်။ စာပိုဒ်တို့မှာ ရှည်ရှည်လျားလျားရှိသော စာသားတစ်ခု ပါဝင်သည်။ ၄င်းသည် အငြင်းအခုံပြုခြင်းထက် ရှင်းပြသည့်သဘော ပိုမိုသက်ရောက်သည်။ လက်တွေ့အသုံးပြုပုံ ညွှန်ပြသည့် သဘော ဆောင်သည့် စာသားဖြစ်သည်။
General Training Writing
(Time: 60 Minutes)
6.သတင်းအချက်အလက်ကိုဖြစ်စေ၊ အခြေအနေ တစ်ရပ်ရပ်ကို ရှင်းပြရန်ဖြစ်စေ၊ အခြေအနေ တစ်ရပ်ရပ်ကို ရှင်းပြရန်ဖြစ်စေ၊ တောင်းဆိုမေးမြန်းသောစာတစ်စောင်ကို ရေးသားရမည်။ နောက်ထပ် ရေးသားရမည့် အလုပ်မှာလုံးရေ ၂၅၀ ခန့်ရှိသော စာစီစာကုံး အတိုတစ်ခုဖြစ်သည်။ ပေးထားသောထင်မြင်ယူဆချက် သို့မဟုတ် ပြဿနာအပေါ် တုံ့ပြန်ရေးသားရမည်။ စာဖြေသူအနေဖြင့် မိမိ၏ အိုင်ဒီယာ စိတ်ကူးစိတ်သန့်နှင့်  သူတစ်ပါးစိတ်သန်းတို့ကို စိန်ခေါ်ခြင်းနှင့် ပတ်သက်သောအရေးအသားကို စစ်ဆေးခြင်းဖြစ်သည်။

No comments:

Post a Comment