လူဘ၀ဟူသည် ခေတ်္တခဏကလေးတွေ့ကြုံရသည့် လမ်းတကွေ့မျှသာဖြစ်သည်။ ထိုသို့သော လမ်းကွေ့ ကလေး၌အမိအဖ၊ သားသမီး၊ ဇနီး၊ ခင်ပွန်း၊ ညီအကို မောင်နှမဆွေမျိုး မိတ်ဆွေစသည်တို့သည် ဘ၀တကွေ့၌ ခဏတွေ့ဆုံခွင့်ရခြင်းသာဖြစ်သည်။ အပျက်မျိုးစုံသော လူ့ဘုံလောကကြီးတွင် ခဏတွေ့ကြုံဆုံကြရပြီး၊ မကြာခင် ခွဲခွါကြရမည်။ ဤသို့သော ဘ၀သံသရာတကွေ့ဝယ် ခေတ်္တခဏ တွေ့ဆုံခိုက်မှာပင် တွေ့ကြုံဆုံရသူအချင်းချင်း စင်ကြယ်မြင့်မြတ်သောစိတ်ထားဖြင့်၊ ကိုယ့်ကြောင့်လည်း သူချမ်းသာအောင်၊ သူကြောင့်လည်း ကိုယ်စွမ်းအား တက်အောင် နေထိုင်တတ်၊ အသုံးချတတ်မှ လူဘ၀ရကျိုး နပ်ပေမည်။
လူဘ၀ရကျိုးနပ်ဖို့ဟူသည် ပစ်္စည်းချမ်းသာခြင်းနှင့် မည်သို့မျှမဆိုင်၊ အသက်အရွယ်ငယ်မှု၊ကြီးမှုနှင့်လည်း မပက်သက်၊ အမျိုးသမီး၊အမျိုးသား ကျား မ ခွဲခြားမှုလည်း မပါဝင်။ တကယ်ဆိုလျှင် အသိလိမ်္မာ စိတ်ကောင်းနှင့် တရားဓမ်္မကို လိုက်နာကျင့်သုံးမှုရှိသူတိုင်းတွင် လူဘ၀ရ ကျိုးနပ်ကြသည်ကိုတွေ့ရပေမည်။
မစိုးသိင်္ဂီဦး - လူဘ၀ရကျိုးနပ်အောင် ဘယ်လို လုပ်ကိုင် နေထိုင်ရမလဲ ဖေဖေ။
- ဘုရား၊ တရား၊ သံဃာအား ၀တ်တွား ကြည်ညိုပါ။
- ဒါန၊သီလ ကြိုးစားကာ နေ့စဉ်အမြဲပြုပါ။
- ခန်္တီစိတ်ထား၊ မေတ်္တာပွား၊ သနားကြင်နာပါ။
- အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်။
- ရအောင်ရှာ၊ ရှိအောင်စု၊ ချွေတာသုံး။
- ကျန်းမာခြင်းနှင့် အလိမ်္မာသည် တန်ဖိုးအရှိဆုံးဖြစ်။
- ကံ၊ ဉဏ်၊ ၀ီရိယ ပြည့်စုံအောင်ကြိုးစားပါ။
- ကုသိုလ်ကောင်းမှု၊ တစ်ခုခု နေ့စဉ်ပြုပါ။
- အချိန်မဖြုန်းပါနှင့်။
- အလကားနေရင် အလကားဖြစ်လိမ့်မည်။
- အလုပ်လုပ်မှ တိုးတက်မည်။
- ကောင်းတာလုပ်မှ ကောင်းကျိုးရမယ်။
- မရဏဿတိ အမြဲရှိ၊ စွဲငြိ စိတ်ထားပါ။
အဲဒီအချက်တွေ ကျင့်သုံးလိုက်နာရင်တော့ သုဂတိဘ၀ကို ရောက်မယ်။ ဒီပြင် လူအများနှင့် ဆက်ဆံရာတွင် -
- ရိုးရိုးသားသားပြော
- လေးလေးစားစားဆက်ဆံ
- ပညာရှိထံမှ အကြံကောင်းယူ
- မည်သည်ကိစ်္စမဆို၊ ကြိုတွေး၊ ကြိုမြင်၊ ကြိုလုပ်
- မိမိကိုယ်ကို သန့်သန့်ရှင်းရှင်းနေထိုင်
- အလုပ်လုပ်ရာတွင် သေသေသပ်သပ်လုပ်
- သူတထူးကျေးဇူးကို မမေ့တတ်အောင်ကျင့်သုံး
- မိဘ၊ ဆရာသမားတို့၏ ကျေးဇူးကို ပေးဆပ် နိုင်အောင် ကြိုးစား
- ဒါမှ လောကီ လောကုတ်္တရာနှစ်ဖြာ ကောင်းကျိုး ရမယ်၊ သူတော်ကောင်းလည်း ဖြစ်မယ်။
နောက် ကိုယ်ဆင်းရဲဒုက်္ခရောက်မှာ ကြောက်ရင် -
- မကောင်းမှုကို လူမြင်ကွင်းတွင်ဖြစ်စေ၊ မမြင် ကွယ်ရာမှာဖြစ်စေ မလုပ်နဲ့။
- မကောင်းမှုကို ယခုလည်းမပြုနဲ့၊ နောင်လည်း မပြုနဲ့
- ကောင်းကောင်းနေကြ
- ကောင်းအောင်နေမှ ကောင်းကောင်းနေရမယ်
- ကောင်းအောင်မနေရင် ကောင်းကောင်းမနေရဘူး
- ညီအမနှစ်ယောက်ခိုက်ရန်ငြင်းခုံမဖြစ်နဲ့
- ညီညီညွတ်ညွတ်ပြေပြေပြစ်ပြစ်နေ
လောကမှာ မြေတူးသမားနဲ့ ပန်းရံသမားရယ်လို့ (၂)မျိုးရှိတယ်။
- မြေတူးသမားက တူးတူးသွားလိုက်တာ အောက်ကို နိမ့်နိမ့်သွားတယ်။
-ပန်းရံသမားကတော့ အုတ်တွေ စီလိုက်တာ မြင့်မြင့်တတ်သွားတယ်။
ဒါကြောင့် မိမိဘ၀မြင့်သည်ထက်မြင့်အောင် ပန်းရံသမား အတုယူ၊ သတိ၊ ၀ီရိယရှိရှိနဲ့ ကြိုးစားနေထိုင်
- ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှဖြစ်သော စေတနာပင်ဖြစ်တယ်။
- စေတနာကောင်းရင် ကံကောင်းမယ်။
- စေတနာဆိုးရင် ကံဆိုးမယ်
- စေတနာဖြောင့်ရင် ကံဖြောင့်မယ်။
- စေတနာကောက်ရင် ကံကောက်မယ်။
- စေတနာဖြူရင် ကံဖြူမည်။
- စေတနာမည်းရင် ကံမည်းမယ်။
- ကိုယ်တွင်းရန်သူဖြစ်သော လောဘ၊ ဒေါသအလို မလိုက်မိစေရန် သတိကြီးစွာထား၊
သိသင့်သိထိုက်၊ ရှောင်သင့်ရှောင်ထိုက်၊ ကျင့်သင့် ကျင့်ထိုက်အရာကို မမေးမြန်းရင် ပညာဉဏ်နည်းတယ်။ ဒါကြောင့် ပညာဉဏ်ကြီးအောင် သိသင့် သိထိုက်၊ ရှောင်သင့်ရှောင်ထိုက်၊ ကျင့်သင့် ကျင့်ထိုက်အရာတို့ကို မေးမြန်း။
- အတ်္တာဟိ အတ်္တနော နာထော
မိမိသည် သာလျှင် မိမိ၏ကယ်တင်ရှင် အားကိုးရာ ဖြစ်တယ်ဆိုတာ သဘောပေါက်။
- အမျက်ထွက်သူကို မေတ်္တာဖြင့် အောင်နိုင်ရာ၏။
- မကောင်းသောသူကို ကောင်းသော သဘောဖြင့် အောင်နိုင်ရာ၏။
- နှမြောတွန့်တိုသော သူကို ပေးကမ်းခြင်းဖြင့် အောင်နိုင်ရာ၏။
- မဟုတ်မမှန်ပြောသူကို မှန်ကန်သော စကားဖြင့် အောင်နိုင်ရာ၏။
- ကိုယ့်စီးပွားမဲ့သူအပေါ် ဒေါသစိတ်မ၀င်နဲ့။
- ဂလဲ့စားခြေလိုစိတ် မမွေးနဲ့။
- သူတို့အပေါ်မေတ်္တာစိတ်မွေး။
- ကိုယ်အတိတ်ဘ၀က ပြုခဲ့တဲ့ အတိတ်ကံကြွေးကို ပေးဆပ်ဖို့ အချိန်ဟု သတ်မှတ်။
- ကိုယ့်ကိုယ်ကိုသာ အားကိုးပါ။
- ကိုယ့်ကိုယ်ကို ချစ်ပါ။
- ကိုယ့်စိတ်ကို ပြုပြင်ပါ။
- သူတပါးပျက်စီးစေရန် ဘယ်ခါမှ မပြောနဲ့ မကြံနဲ့ မလုပ်နဲ့။
- မေတ်္တာနဲ့ယှဉ်တဲ့စိတ်ဖြစ်စေရမယ်။
- အကောင်းကြံ အမှန်လုပ် ဟုတ်တာပြော၊ လက်ရှိအချိန်ထက်ကောင်းသော အချိန်မရှိဘူး။
- ရှေးအကြောင်းကို စွဲလမ်း၍ ဖြစ်ပေါ်လာသော စိုးရိမ်ပူဆွေးခြင်းကို သုတ်သင်။
- နောက်အကြောင်းလည်း စိုးရိမ်ပူဆွေးခြင်း မဖြစ်နဲ့။
-အလယ်အလတ်ဖြစ်သော ပစ်္စုပ်္ပန် အကြောင်းလည်း စိုးရိမ်ပူဆွေးခြင်း မယူနဲ့။
- မင်းတို့ ငြိမ်းအေးချမ်းသာစွာ နေထိုင်ရမယ်။
- မသေခင် အချိန်ကလေး၌ အတ်္တ၊ ပရအကျိုးရှိစွာ နေထိုင်တတ်မှ ဘ၀ဆိုတာ အဓိပ်္ပါယ်ရှိတယ်။
- လူအချင်းချင်းလူလိုမြင်ပြီး၊ ကိုယ်ချင်းစာနာခြင်း ချစ်ခင်ဝမ်းမြောက်တတ်မှ ဘ၀ဆိုတာ တန်ဖိုးမြင့်တယ်။
- လောဘကိုလျှော့၊ ဒေါသကိုထိန်း၊ မောဟကို ဆင်ခြင်ပြီးနေထိုင်
- ဖြစ်အောင်လည်းမပြုနဲ့။
- ပျက်အောင်လည်း မပြုနဲ့။
- ဖြစ်အောင်ပြုတော့ လောဘ။
- ပျက်အောင်ပြုတော့ ဒေါသ
- ဖြစ်တာ ပျက်တာ မသိတော့ မောဟ
- နေ့စဉ် ခန်္ဓာကိုယ်၏ ၀န်ကိုထမ်းဆောင်ရခြင်း သည် အလွန်ကဲဆုံး ဒုက်္ခဖြစ်သည်။
- နိဗ်္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာဖြစ်သည်။
- ဤသို့ အလွန်ကဲဆုံး ဒုက်္ခ၊ အလွန်ကဲဆုံး ချမ်းသာတို့ကို ဟုတ်တိုင်း မှန်စွာ၊ နှလုံးသွင်းဆင်ခြင်၍ နိဗ်္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်အောင် ၀ိပဿနာ ဘာဝနာကို ပွားများရမယ်။ အဲဒီလိုလုပ်ကိုင်နေထိုင် သွားရင်တော့ လူ့ဘ၀လူဖြစ်ရကျိုးနပ်ပြီပေါ့။
မအိသန်္တာချို - မိဘကျေးဇူးတွေက ဘာတွေလည်းဖေဖေ
မိဘကျေးဇူးတွေ ပြောရရင်တော့၊ ဖေဖေရေးနေတဲ့ စာအုပ်တစ်အုပ်လောက်ရှိမယ်။ ဒါပေမယ့် တိုတိုပဲ ဖေဖေပြောမယ်။
- မိဘဆိုတာသားသမီးတို့ကိုလူလောကသို့ ပို့ဆောင် ပေးသည့် ပထမကျေးဇူး
- အသက်ရှင်နေထိုင်ခွင့်ရအောင် လုပ်ကိုင် ကျွေးမွေး ပေးသည့် ဒုတိယကျေးဇူး
- လူတလုံးသူတလုံးဖြစ်အောင် သင်ကြားပေးသည့် တတိယကျေးဇူး
မစိုးသိင်္ဂီဦး - သား၊သမီးဘယ်နှစ်မျိုးရှိပါသလဲဖေဖေ
သား၊သမီးသုံးမျိုးရှိတယ်။
အတိဇာတသားသမီး - မိဘတို့ထက် သီလ၊ သမာဓိ၊ ပညာ သာလွန်သောသား/သမီး
အနုဇာတသားသမီး - မိဘတို့နှင့် သီလ၊ သမာဓိ၊ ပညာ တူညီသော သား/သမီး
အ၀ဇာတသားသမီး - မိဘတို့ထက် သီလ၊ သမာဓိ၊ ပညာ နိမ့်ကျသော သား/သမီး
အဲဒီအထဲက မိဘတို့ထက် သာလွန်သော သား/သမီးဖြစ်ဖို့ အရေးကြီးတယ်။ ပြီးတော့ မိဘကို မလုပ်ကျွေးသော သား/သမီးသည် သား/သမီးမမည်ဘူး။
မအိသန်္တာချို - သား/သမီးအပေါ် မိဘများ၏ မျှော်လင့်ချက်က ဘာတွေလည်း ဖေဖေ
- ငါတို့ ကျွေးမွေးခဲ့သလို၊ ငါတို့ အသက်ကြီး သောအခါ ပြန်လည်ကျွေးမွေးလိမ့်မယ်။
- ငါတို့၏ အမှုကိစ်္စကို ဆောင်ရွက်လုပ်ကိုင် ပေးလိမ့်မယ်။
- ငါတို့၏ အမွေအနှစ်ကို ခံယူထိုက်အောင် ကျင့်ဆောင်လိမ့်မယ်။
- ငါတို့ အမျိုးအနွယ်မပျက်အောင် စောင့်ရှောက် ထိန်းသိမ်းလိမ့်မယ်။
- ငါတို့ကွယ်လွန်သောအခါ၊ ငါတို့ကို ရည်မှန်း၍ ကုသိုလ်ပြုကာ အမျှပေးဝေလိမ့်မယ်။
မစိုးသိင်္ဂီဦး - သားသမီး ၀တ်္တရားကျေအောင် ဘယ်လို လုပ်ရမလဲဖေဖေ
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
- မိဘတွေအတွက် ရည်စူးပြီး အလှူဒါနပြု လုပ်တိုင်း အမျှအတန်းပေးဝေရမယ်။
- ကိုယ်ပြုသမျှ ဒါန၊ သီလကုသိုလ်ကို၊ မိဘတွေ အတွက် မမေ့မလျော့ဘဲ အမျှအတန်း ပေးဝေရမယ်။
- အလှူဒါန နည်းတာ များတာအဓိက မဟုတ်ဘူး။
- ကိုယ်လှူသမျှဒါနကို မိဘတွေအတွက် အမြဲ သတိရပြီး အမျှဝေဖို့က အဓိကဘဲ။
- မိဘတို့ အသက်ရှင်တုန်းမှာ ပြုစုကျွေးမွေးရုံနဲ့ မလုံ လောက်ဘူး။
- ဗုဒ်္ဓက မိဘကျေးဇူးဆပ်နည်း(၄)နည်းနဲ့ဆပ်လို့ ညွှန်ပြထားတယ်။
သဒ်္ဓါ - ယုံကြည်ခြင်း၊ ရိုသေခြင်း၊ လေးစားခြင်းတဲ့။
သဒ်္ဓါမရှိသော မိဘများကို သဒ်္ဓါတရားများ ထက် သန်လာအောင် အချိန်ရသ၍ (ဘုရား၊တရား၊သံဃာ)ဂုဏ် တော် ကံကံ၏အကျိုးတွေအကြောင်းရှင်းပြပြီး ယုံကြည် ကိုးကွယ် လာအောင် သားသမီးကဆောင်ရွက်ပေးတဲ့ သဒ်္ဓါနဲ့ ကျေးဇူးဆပ်။
သီလ - ငါးပါးသီလ၊ ရှစ်ပါးသီလ စောင့်ထိန်း။
ဘုရားကျောင်းမသွားချင်တဲ့မိဘတွေကို ဖေဖေ၊ မေမေ မနက်ဖြန် ဥပုသ်နေ့နော်-ကျွန်တော်တို့၊ ကျွန်မတို့ လှူဖွယ် ၀တ်္ထုတွေ စီစဉ်ပြီးပြီ ဥပုသ်သီလစောင့်ရမယ်။ သားတို့ သမီးတို့နှင့် ကျောင်းကို အတူသွားရမယ်စတဲ့ သီလနဲ့ကျေးဇူးဆပ်။
စာဂ - ပေးကမ်းစွန့်ကြဲခြင်း။
နှမြောတွန့်တိုသော မိဘများကို သားသမီးများက စွန့်ကြဲပေးကမ်းလာအောင်ပြောပြခြင်း မိမိတို့ထံမှ ငွေကြေး ပေး၍စွန့်ကြဲခိုင်း၊ လှူဒါန်းခိုင်းခြင်းဖြင့် စာဂနဲ့ ကျေးဇူးဆပ်။
ပညာ -အမှား/အမှန်-အကြောင်း/အကျိုး ခွဲခြားသိမြင်။
တရားစခန်းသို့သွားရန် နေမကောင်းဘူး၊ ဒူးနာ ပေါင်နာ ခါးနာ၊ မအားသေးပါဘူးပြောတဲ့ မိဘများကို တရားစခန်းသို့ပို့၍ အနိစ်္စ၊ အမြဲမရှိခြင်း၊ ဒုက်္ခဆင်းရဲခြင်း၊ အနတ်္ထ- ငါ့ကိုယ်မဟုတ်ပါတကားဟု၎င်း၊ ခန်္ဓာကိုယ်၏ ဖြစ်ပျက်သိအောင် တရားထိုင် တရားစခန်းရောက်အောင် ကူညီပေးခြင်းဆိုတဲ့ ပညာနဲ့ကျေးဇူးဆပ်။
သေပြီးနောက်မှာလဲ၊ တတ်နိုင်သလောက် ကိုယ် နေ့စဉ်ပြုသမျှကုသိုလ်တို့ကို မိဘများအားရည်စူး၍ အမျှအတန်း ဝေပေးရမယ်။ ဒါသားသမီးတွေက မသေ မချင်းလုပ်ရမဲ့ အလုပ်၊ ဒါမှ သားသမီးဝတ်္တရားကျေမယ်။
မအိသန်္တာချို -သမီးတို့၏ သားသမီးများ ယဉ်ကျေး သိမ်မွေ့အောင် ဘယ်လိုဆုံးမရမလဲ ဖေဖေ။
ငါလူကြီးပဲ၊ ငါမွေးထားတာပဲ၊ ငါပြောတဲ့အတိုင်း နေရမယ်။ ငါသဘောအတိုင်းနေရမယ်။ ငါဘာဖြစ်ဖြစ် ငါ့ကိုကြောက်ရမယ်။ ငါပြောတဲ့အတိုင်းလုပ်ရမယ်။ အကျိုးအကြောင်းသေချာရှင်းမပြဘဲ၊ ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့၊ လူကြီးအာဏာနဲ့တားမြစ်ပိတ်ပင်ခြင်းကို ရှောင်ရမယ်။ ကလေးသည် သူစိတ် သူ့ဆန်္ဒ သူ့သဘောနှင့် နေသည့် လူတဦးဖြစ်သည်ကိုမေ့မထားနဲ့။ ကလေး၏ ချစ်ခင်မှုကို လိုလားသော လူကြီးများသည် ဦးစွာပထမ ကလေးကို ချစ်ရမယ်။ ကြင်ကြင်နာနာယုယုယယ ပွတ်သီး ပွတ်သတ်လုပ်ပေး။ကြင်နာယုယစွာပွေ့ဖက်နမ်းရှုပ်ပြ။ အကြောင်းမရှိ အကြောင်းရှာ ကလေးအတွက်လက်ဆောင် ၀ယ်ပေးသင့်။ သူတို့ရဲ့ အပြုအမူလုပ်ကိုင်တာတွေကို တော်တယ်လို့ချီးမွမ်း ကလေးတို့က မင်းတို့ကို ချစ်ခင် ကြင်နာလာမယ်။ ကလေးတို့ကို တုတ်ဖြင့် မရိုက်ဘဲ လက်အမူအရာ နှုတ်အမူအရာ မျက်နှာရိပ်ပြသဆုံးမသင့်။
ယဉ်ကျေးမှုဆိုရာတွင် -
လိမ်ညာ၍မပြောရ၊ ကြမ်းတမ်းစွာ မပြောရ၊ ကုန်းချောစကားမပြောရ၊ အရည်မရ အဖတ်မရစကား မပြောရ၊ အမှန်တရားကို သူအကျိုးနှင့် ယှဉ်သော စကားပြော၊ စကားပြောရာတွင် ပီပီသသ ရှင်းရှင်း လင်းလင်းပြော၊ မိမိပြောရမည့် သူနှင့် အရွယ်၊ ဂုဏ်၊ နေရာ ဌာနကို နားလည်ပြီး ယဉ်ယဉ်ကျေးကျေး ရည်ရည် မွန်မွန်ပြော၊ ပြောင်ချော်ချော်ပေါတောတော မလုပ်နဲ့၊ ဗြစ်တောက်ဗြစ်တောက်မပြောနဲ့၊ အော်ကြီးဟစ်ကျယ် မပြောနဲ့၊ အသံတိုလွန်းခြင်း မဖြစ်စေနဲ့၊ အကွာအဝေးကို ချင့်ချိန်ပြော။ လျို့ဝှက်အပ်သော ကိစ်္စကို ထိန်းသိမ်း၊ ရယ်စရာရှိလျှင် ကိုယ်လှုပ်မရယ်နဲ့၊ခွက်ထိုးခွက်လှန်မရယ်နဲ့၊ လှောင်ပြောင်တတ်သော အကျင့်မလုပ်နဲ့။ စိတ်ရှည် သည်းခံဖို့ ကြိုးစား။ဒေါသထွက်တတ်သော အကျင့်ကို သည်းခံခြင်းဖြင့် ထိန်းချုပ်။ အလုပ်လုပ်ရာတွင် နမော်နမဲ့ မနိုင်ရဘူး၊ ယောင်တီးယောင်တောင်မဖြစ်စေနဲ့၊ အိုးနင်း ခွက်နင်း မဖြစ်စေနဲ့၊ သိလျှင်သိတယ်၊ မသိလျှင် မသိဘူး ရှင်းလင်းစွာပြော ရိုးစင်းဖြောင့်မတ်စွာနေထိုင်။
- သွက်လက်ချက်ချာခြင်းနှင့် ပျာယာခတ်ခြင်း။
- ထက်မြက်ခြင်းနှင့် သေးသေးတင်မခံခြင်း။
- သည်းခံခြင်းနှင့် နုံအခြင်းကွဲပြားပါစေ။
အထအနမကောက်ပါစေနဲ့၊ မစောင်းမြောင်း ပါစေနဲ့၊ တဇောက်ကန်း၊ တယူသန်မပြောမလုပ်စေနဲ့၊ အရွဲ့မတိုက်ပါစေနဲ့၊ ငါ့စကားနွားရ မလုပ်စေနဲ့၊ မကြွားဝါစေနဲ့။
အ၀တ်အစားဝတ်ရာတွင် -
ခေတ်မီပါစေ၊ ခေတ်မဆန်ဖို့အရေးကြီးတယ်၊ ကို့ရို့ကားယားမဖြစ်စေဖို့လိုအပ်၊အပြောလော်လည်၊ အနေလော်လည်၊ အစားလော်လည်ခြင်း မဖြစ်စေနဲ့...
Sunday, January 8, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment