Sunday, January 8, 2012

သမိုင်းထဲကဝေသာလီများ

သမိုင်းထဲကဝေသာလီများ
              သမိုင်းမျက်နှာစာတွင် ကြီးကျယ်ထွန်းထောက် အောင်မြင်ကျော်ကြားခဲ့သည် ရခိုင်ရှေးဟောင်းမြို့တော်များထဲတွင် ဝေသာလီသည် အထင်ကရ ရှီခဲသည်။ ဤမြို့သည်မြောက်ဦးမြို့မှ မြောက်ဘက် ၅မိုင်ခန့် အကွာအဝေးတွင်ရှိလေသည်။
ဝေသာလီသည်အိန်္ဒိယနှင့်မြန်မာပြည်အလယ်ပိုင်းကုန်သွယ်မှုလုပ်ငန်း အချက်အချာဖြစ်သည့် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ ဝေသာလီမှရခဲ့သည့် အေဒီ ၈ရာစုက ရေးထိုးခဲံ့သည့် အာနန်္ဒာစန်္ဒြမင်း ကျောက်စာအရ ဒွေင်စန်္ဒြမင်းကြီးသည် တစ်ရာ့တစ်ပါးသော မင်း တို့ကိုအောင်နိုင်ခဲ့၍ နတ်ပြည်ထက် လှပတင့်တယ်မှုရှိသည့်မြို့ကို တည်ဆောက်ခဲ့သည်ဟု သိရသည်။
မင်းပေါင်း ၂၀ သည် အေဒီ ၄ ရာစုမှ ၈ ရာစုထိ အုပ်ချုပ်ခဲ့ကြသည်။ ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်း လုပ်ငန်းများအတွက် အရွယ်အစား ၅ မျိုးရှိသည့် ရွှေဒင်္ဂါ၊ ငွေဒင်္ဂါးများ သုံးစွဲခဲ့ကြသည်။ ရှေ့ပိုင်းသုံးစွဲခဲ့သည့် ဒင်္ဂါးများတွင် မင်းအမည်များပါရှိသည်။ ဘွဲ့အမည်မပါပေ။ ဝေသာလီတွင် ဗုဒ်္ဓသာသနာများထွန်းကားခဲ့၍ စေတီတည်ခြင်း၊ ဆင်းတုတော်များ ထုလုပ်ကိုးကွယ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများဆောက်လုပ်လှူဒန်းခြင်း၊ ပါဋ္ဌိနှင့်သက်္ကတဘာသာများ ပိုမိုကျယ်ပြန့်မှုရှိလာ၍ ရုံးသုံးစာအဖြစ် သက်္ကတဘာသာကို သတ်မှတ်ခဲ့သည်။
ဝေသာလီမြို့ဟောင်းကို တောင်ဘက်နေရာမှ ၀င်လာမည်ဆိုလျှင် အဘောင်တော်အင်းကို တွေ့ရပါသည်။ ပေ ၅၁၀ အမြင့်ရှိသောတောင်ထိပ်တွင် သင်းကျစ်တော်ဓါတ်တော်ရှိပါသည်။ စေတီရင်ပြင်တော်ပေါ်မှ ဝေသာလီမြို့တော်၏ အပေါ်စီးမြင်ကွင်းကို ကြည့်ရှုနိုင်လေသည်။
ဝေသာလီမြို့ရိုးသည်နန်းမြို့ တော်တံတိုင်းပင်ဖြစ်သည်။ နန်းမြို့တော်၏ ဥပစာအရပ်မှာ ပီပင်ရင်းရွာ ရှိပြီး နန်းမြို့တော်၏ အလယ်တွင် နန်းတော်ကုန်းရှိသည့် အုတ်ကျိုးအုတ်ပဲ့များဖြင့် ယခုဝေသာလီရွာ အဖြစ်ရှိသည်။
ဝေသာလီနန်းနေရာ၏ မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် ညဏ်တော် ၁၇ ပေ အမြင့်ရှိသည့် ဝေသာလီဘုရားကြီးရှိပါသည်။ ကျောက်တစ်လုံးတည်းကို ထွင်းထုထားပြီး ဝေသာလီမြို့တည်သည့် အေဒီ ၃၂၇ ခုနှစ်တွင် တည်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားကုန်း၏ အရှေ့ဘက်တွင် ပေ ၇၀ အမြင့်ရှိသည့်သင်္ဂါယနာတင် ကုန်းတော်ရှိပေသည်။ ဝေသာလီခေတ်တွင် သီရိဓမ်္မ၀ိဇယမင်းသည် သီဟိုဠ်မှ ရဟန်းတစ်ထောင်၊ ရခိုင်မှ ရဟန်းတစ်ထောင်တို့ဖြင့် အေဒီ ၆၃၈ ခုနှစ်တွင် ဤကုန်းတော်၌ သင်္ဂါယနာတင် ဓမ်္မသဘင်ပွဲကြီး ကျင်းပခဲသည်။
နန်း၏အနောက်ဘက်တွင် ကျောက်လှေကား (ဆိပ်ခံတံတား) သင်္ဘောဆိပ်ကမ်းရှိခဲသည်။ ဤလှေကားကို အစွဲပြု့ပီး ဝေသာလီကျောက်လှေကားမြို့ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်လေသည်။
မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနမှ ၁၉၈၀ ပြည့်နှစ်တွင် ဝေသာလီမြို့တော်ဟောင်း တူးဖော်ခြင်းလုပ်ငန်းများ စတင်ခဲ့သည်။ ကုန်းအမှတ်(၁) တူးဖော်မှုတွင် သာသနရေးဆိုင်ရာ အဆောက်အအုံအပျက်များ၊့ုန်းအမှတ်(၂) အလျား ပေ ၇၀ နှင့် အ့န ပေ ၅၀ ရှိသည့် အဆောက်အအုံအပျက်တစ်ခု၊ ကုန်အမှတ် (၃)တွင် ၀ပ်နေသော ကျောက်နွားရုပ်တင်ပါးဆုံပိုင်းတစ်ခု၊ ယခုမြောက်ဦးပြတိုက်တွင်ပြသထားသည်။
ကုန်အမှတ်(၄) တွင် မြို့ရိုးတစ်စိတ်ဒေသနှင့် သက်္ကတကျောက်စာ ၁ ချပ်၊ ကုန်းအမှတ်(၅) တူးဖော်ရာ၌ အလျား ၇၄ ပေ၊ အ့န ပေ ၅၀ ရှိအဆောက်အအုံအတွင်းခန်းများနှင့် သိမ်သမုတ်ကျောက်ပြားပါသည့် သိမ်အဆောက်အအုံတစ်ခုတို့ တွေ့ရပါသည်။ ကုန်အမှတ် ၅ တွင် တွေ့ရသည့် သိမ်တော်မှာ ရှေးအကျဆုံး တွေ့ရသည့် သိမ်စာမျိုးဟု သိရသည်။
ဝေသာလီ၏ အနောက်ဘက်တွင် သရီချောင်းကမ်းနဖူးတွင်“သျှင်ကျော်” ဘုရားရှိပေသည်။ ဤဘုရားမှာ မဟာမုနိဘုရားကဲသို့ထင်ရှားကျော်ကြားပါသည်။ ထိုဆင်းတုတော်ကို အစားထိုး သွန်းလုပ်ခြင်းကို ၁၉၂၄ ခုနှစ်တွင် စတင်ခဲ့ကြသည်။ဝေသာလီနန်းတော်ကုန်း
ဝေသာလီမြို့ရိုးသည် စတုရန်း ၂.၇ မိုင်ခန့် ကျယ်ဝန်းပေသည်။ ဝေသာလီမြို့ရိုးသည် နန်းမြို့တော်၏ တံတိုင်းဖြစ်ပြီး နန်းမြို့တော်၏ တံတိုင်းဖြစ်ပြီး နန်းမြို့တော်၏ အလယ်နေရာ တွင်နန်းတော်ကုန်းရှိပေသည်။ ယခုအခါ ဝေသာလီကျေးရွာအဖြစ် တည်ထောင်ထား၍ ဝေသာလီမြို့ရိုးများကို ယခုထိ အထင်အရှား တွေ့မြင်နှိင်ပါသည်။
ဝေသာလီမြို့ဟောင်း တူးဖော်မှုပြုလုပ်ခဲ့စဉ်က ကန်အမှတ်(၃)မှ ၀ပ်နေသည့် ကျောက်နွားရုပ် တင်ပါးဆုံအပိုင်းတစ်ခု ကိုတွေ့ရှိခဲ့သည်။ ယခုမြောက်ဦးပြတိုက်တွင် ပြသထာပါသည်။ တူးဖော်ကှုကုန်အမှတ်(၅) နေရာတွင် အလျား ၃၄ပေ၊ အနံ ပေ၅၀ ခန့်ရှိသည့် အဆောက်အအုံ အတွင်းခန်းများ သိမ်သမုတ်ကျောက်ပြားများ ပါရှိသည့် အဆောက်အအုံများကို တွေ့ရှိခဲ့ပါသည်။
ဝေသာလီဘုရားကြီး
ဝေသာလီမြို့တော်ဟောင်းသည် မြောက်ဦးမြို့ငါးမိုင်ခန့် အကွာအဝေးတွင်ရှိလေသည်။ ဝေသာလီခေတ် ပုဂံခေတ်မတိုင်မီ နှစ်ပေါင်း၆၀၀ ကျော်ခန့်စောပြီး ယဉ်ကျေးမှု အဆင့်အတန်းတို့ မြင့်မားမှုရှိပြီး အိန်္ဒိယပြည်ရှိ ဂုပ်္ပတာခေတ်၊ သရေ ခေတ်္တရာခေတ်တို့နှင့် ခေတ်ပြိုင် ကျယ်ပြန့် ထွန်းကားခဲ့သည့်ခေတ်တစ်ခေတ်ဖြစ်ပေသည်။
ဝေသာလီဘုရားကြီးကို ဝေသာလီမြို့တော်၏ နန်းရာကုန်း မြောက်ဘက်ရှိ ကုန်းပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့်ကုန်းရှိသည်။ မဟာတိုင်းစန်္ဒြရားမင်းကြီး၏ မိဖုရားသုပတာဒေ၀ီမှ အဆင့်အတန်း မြင့်မားသည့် ကျောက်ဆစ်လက်ရာတို့ဖြင့် ကျောက်တုံး၊ ကျောက်ပြား၊ ကျောက်တိုင်နံရံများပေါ်တွင် ကျောက်ပန်း၊ ဗကျာက်ခတ်၊ ရုပ်လုံး၊ ရုပ်ကြွတို့ကိုအနုစိပ် ထုဆစ်ထွင်းထုပြီး တည်ထားခဲလေသည်။
ဝေသာလီဘုရားကြီး၏ ကျောဘက်တွင် ပါဠိဘာသာဖြင့်
ယေဓမ်္မာ ဟေတု ပဘ၀ါ
တထာဂတော အာဟ
တေသဉ်္ခ ယော နိရောဓော
ဧ၀ံ ၀ါဒီ မဟာသမတောဟု အေဒီ ၆ ရာစုမတိုင်မီ ပါဠိဘာသာဖြင့် စာတန်းရေးထိုးထားသည့် ကျောက်စာတစ်ချပ်ကို ၁၉၅၆ ခုနှစ်ဘုရားတံတိုင်းအနီးကို ရှင်းလင်းမှုပြုလုပ်စဉ်က တွေ့ရှိ့ခဲ့လေသည်။ ဝေသာလီခေတ်တွင် မြို့တော်၏ တောင်ဘက်မျက်နှာပြင်မှ ချောင်း၊ ကမ်းပါးကြီးကို ကျောက်တုံး၊ ကျောက်ချပ်ကြီးတို့ဖြင့် ကြီးမား ခိုင်ခံ့သည့် ကျောက်လှေကားကြီးများဖြင့် တည်ထားခဲ့ကြပေသည်။
ထိုကျောက်လှေကားတို့ကို အစွဲပြုပြီး ဝေသာလီကျောက် လှေကားမြို့ဟု ခေါ်ဆိုခဲ့ကြသည်။
နှစ်စဉ် နိုင်ငံခြားမှ ရွက်သင်္ဘောတစ်ထောင်ကျော်ခန့် လာရောက်ပြီး အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများနှင့် အရေးပါသည့် ကုန်စသည်ကူးသန်းမှုတို့ကို ကျယ်ပြန့်စွာလုပ်ဆောင်ခဲ့လေသည်။
စီးပွားကုန်သွယ်မှုလုပ်ငန်းများတွင် အနောက်နှိင်ငံမှတ်တမ်းများ အရ သိရှိခဲ့ရပေသည်။ ဝေသာလီခေတ်တွင် ဝေသာလီဘုရားကြီးသုပတာဒေ၀ီတို့ မှ တည်ထားခဲ့ကြသည်။
ယခုအခါဝေသာလီကျောက်လှေကားကြီးမှာ အချိန်ကာလ၏ သဘာဝပြုပြင်ပြောင်းလဲမှုအောက်တွင် ရွှေလျားတိုက် စားခြင်းများကြောင့် အစအနပင် မတွေ့နိုင်လောက်အောင် ဖြစ်ပျက်နေသည်ကို တွေ့မြင်ခဲ့ရသည်။
ဝေသာလီကျောက်လှေကား
ဝေသာလီနန်းတော်၏ အနောက်ဘက် တွင် အိမ်ရှေ့မင်းသားများနန်းစံသည့် အိမ်ရာကြီးအရပ်ရှိသည်။ ဤအရပ် ၏ အဓိကကျသည့် နေရာတွင် ကျောက်လှေကား(ဆိပ်ခံတံတား) သင်္ဘောဆိပ်ရှိခဲ့သည်။ ဤကျောက် လှေကားကိုအစွဲပြုပြီး ဝေသာလီကို ဝေသာလီကျောက်လှေကားမြို့ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပေသည်။ ယခုအခါ ရေတိုက်စား၍ ယိုယွင်းပျက်စီးဆုံးရှုံးသွားပြီး ဖြစ်လေသည်။

No comments:

Post a Comment