Thursday, January 19, 2012

ခေါင်းလောင်းများ

မဟာမုနိရင်ပြင်တော်တွင် ယခုအခါ ခေါင်းလောင်းနှစ်ခုကို တွေ့ရသည်။ တစ်ခုမှာ ခေါင်းလောင်း အငယ်ဖြစ်၍ သံတွဲသိမ်ကုန်းကျောင်း၊ သူတော်မ(မယ်သီလ)တစ်ဦးက လှူဒါန်းထားခြင်းဖြစ်သည်။ နောက်တစ် လုံးမှာ ကြေးချိန်ပိဿာ(၃၄၀၀)ရှိသော ခေါင်းလောင်းကြီးဖြစ်သည်။ ကမ်္ပည်းစာများ ရေးထိုးထားသည်။ ပန်းတဉ်း ဆရာ “ကိုဘိုအို” လက်ရာဖြစ်ကြောင်းနှင့် အလှူရှင်ဦးရဲကျော်သူ အကြောင်းတို့ကို ပြည့်စုံစွာ ရေးသားထားသည်။ အရှေ့ဘက်စောင်းတန်းထိပ် ဘုရားကြီးရင်ပြင်၏ အရှေ့ဘက်မျက်နှာစာတွင် ချိတ်ဆွဲထားသည်။
    ရခိုင်သမိုင်းတွင် အထူးထင်ရှားကျော်စောခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ယတြာခေါင်းလောင်းတော် ကြီးမှာကား ပျောက်ချင်းမလှ ပျောက်ဆုံးနေသည်။ လွတ်လပ်ရေးရပြီး မကြာမီအခါကပင် ပျောက်ဆုံးသွားကြောင်း သိရပေသည်။ သို့သော် လွန်ခဲ့သည့်နှစ်တစ်ရာခန့်က အသေအချာ မှတ်တမ်းတင်လေ့လာခဲ့သော ဂျာမန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဒေါက်ဖောချမ်းမာ၏ ကျေးဇူးကြောင့် ဂ ဃ န ဏ သိရှိရပေသည်။
    ယတြာခေါင်းလောင်းတော်၏ မူလနေရာမှာ အရှေ့မြောက်ထောင့်ရင်ပြင်ဖြစ်သည်။ ကောဇာသက်္ကရာဇ် ၁၀၉၅ခုနှစ်တွင် သွန်းလုပ်ကြောင်းပါရှိ၍ နန်းဆက်ဇယားဖြင့် တိုက်ဆိုင်ကြည့်ရာ မြောက်ဦးခေတ် စန်္ဒသူရိယ ရာဇာစိုးစံနေသောအချိန်ဖြစ်သည်။ အချို့က သက်္ကရာဇ် ၁၀၀၀ တွင် နန်းစံခဲ့သော င/ကုသလခေါ် နရပတိ လက်ထက် သွန်းလုပ်ခဲ့ကြောင်းလည်း အစဉ်အလာပြောစမှတ်ပြုကြသည်။ င/ကုသလမှာ ယတြာကိန်းခန်းစသော လောကိပညာအရာ၌ ကျွမ်းကျင်သူဖြစ်သည်။
    အေဒီ ၁၈၂၆ခု၊ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီးတွင် စစ်တွေမြို့သစ်ကို တည်ဆောက်ခဲ့ရာ ခေါင်းလောင်း ကိုရွှေ့ယူခဲ့ပြီး တရားရုံးတော်ရှေ့တွင် ချိတ်ဆွဲထားခဲ့သည်။။ ၎င်းင်းနောက် အေဒီ ၁၈၆၇ ခုနှစ် ကောဇာသက်္ကရာဇ် ၁၂၂၈ ခုနှစ်တွင် ရှမ်းဆရာမောင်ရွှေမှုံက မဟာမုနိဘုရားအား ပြန်လည်မွမ်းမံပြင်ဆင်ခဲ့ရာ မဟာမုနိဘုရားရင် ပြင်ပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းင်းကို ရင်ပြင်တော်၏ အပြင်ဘက်နံရံနှင့် ညောင်ပင်ကြီး၏ သစ်ကိုင်းခွကို တန်းသွယ်ကာ ချိတ်ဆွဲထားသည်။
    ၎င်းင်းခေါင်းလောင်းမှာ လောကီဆိုင်ရာ အစီအမံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အင်းကွက်များပါရှိသည်။ အပေါ်ပိုင်းတွင် အင်းကွက်ကြီး(၈)ကွက် နှင့်ယင်းအင်းကွက်များအောက်တွင် အင်းကွက်သေး(၃၈)ကွက်တို့ကို ပါဋိသက်္ကတနှင့် ရခိုင်ဘာသာတို့ဖြင့် စီမံအင်းချထားခြင်းဖြစ်သည်။ အက်္ခရာမှာ ယခုခေတ်သုံးအက်္ခရာနှင့် အတော်ပင်နီးစပ်နေပေပြီ။ အင်းကွက်များတွင် သက်ဆိုင်ရာတိုင်းပြည်များ၏ နက်္ခတ်နှင့် ဂါထာမန်္တာန်၊ ကိန်းဂဏန်း များကို ရေးသားထားသည်။ ရန်သူနိုင်ငံတစ်ခုခုက ကျူးကျော်ဝင်ရောက်လာပါက ၎င်းင်းနိုင်ငံနှင့်သက်ဆိုင်သော အင်းကွက်နေရာကို အချိန်နာရီ ဂြိုလ်နက်္ခတ်သွားလာမှုကိုကြည့်၍ နေ့၊နာမ်ကိုက်ညီသူက တီးခေါက်ရသည်။ ခေါင်းလောင်၏ မြည်းဟည်းသောအသံကြောင့် ရန်သူစစ်တပ်ပျက်စီး၍ ပြေးရသည်။ ၎င်းင်းအပြင် နိုင်ငံတစ်ခု၏ မကောင်းသောအကြံအစည်ကို သိလိုလျှင်သော်လည်းကောင်း၊ နိုင်ငံတစ်ခုအား ဆုတ်ယုတ်ပျက်စီးလိုလျှင်သော် လည်းကောင်း ထိုနိုင်ငံ၏ နာမ်ကိုလိုက်၍ ထိုအင်းဇယားမှရည်ညွှန်းဖော်ပြသော နေရာတွင် ဘုရားတည်ခြင်း၊ ရေကန်တူးခြင်း၊ သစ်ပင်စိုက်ခြင်း စသည့် ယတြာကို ပြုလုပ်ရသည်။ ထိုခေါင်းလောင်းတွင်ပါဝင်သော၎င်းင်းတို့ မယုံကြည်ရသော အိမ်နီးချင်းပဒေသရာဇ်ပြိုင်ဘက်များအဖြစ်(၁)ဗရင်ဂျီ၊ (၂)ယိုးဒယား၊(၃)မုတ်္တမ၊ (၄)ပဲခူး၊ (၅)မွန်၊ (၆)သံလျင်၊ (၇)ပြည်၊ (၈)တောင်ငူ၊ (၉)ပုဂံ၊ (၁၀)အင်းဝ၊ (၁၁)အောက်သား၊ (၁၂)ဥဒရစ်မြို့ပြည်၊ (၁၃)ပထန်း ကုလား၊ (၁၄)ရှမ်း၊ (၁၅)သက်တို့ကို တွက်ချက်ဖော်ပြထားကြောင်း တွေ့ရှိရာ ဤခေါင်းလောင်းကြီး၏ သက်တမ်းမှာ ပေါ်တူဂီများ ရခိုင်ကိုအနှောင့်အယှက်ပေးသော(၁၆)ရာစုနှင့် (၁၇)ရာစု ထက်မစောသောကာလကပင် သွန်းလုပ်ထားရှိခဲ့ခြင် ဖြစ်သည်ဟု ဆိုရပေမည်။

No comments:

Post a Comment